ခြောက်သွေ့ကြမ်းတမ်းလွန်းတဲ့ ဆံပင်ကိုထောပတ်သီးနဲ့ အစိုဓာတ်ဖြည့်ကြရအောင်

ဆံပင်က အရောင်တွေ ကြောင့်ပဲဖြစ်ဖြစ်၊ ဆေးတွေထိထားလို့ပဲဖြစ်ဖြစ်၊ ရာသီဥတုဒဏ်ကြောင့်ပဲ ဖြစ်ဖြစ် ခြောက်သွေ့ကြမ်းတမ်းပြီး ဖွာလန်ကြဲနေတတ်ပါတယ်။ ဒီအတွက် စိတ်မပူပါနဲ့ အကောင်းဆုံးနည်းလမ်းလေး ပြောပြမယ်နော်။

လိုအပ်သောပစ္စည်းများ

  • ထောပတ်သီးတစ်လုံး
  • ငှက်ပျောသီး တစ်ဝက်
  • အုန်းနို့ သုံးဇွန်း
  • ပျားရည် တစ်ဇွန်း
  • မိယောနိစ် တစ်ဇွန်း

ပြုလုပ်ပုံနှင့်အသုံးပြုနည်း

  • ပါဝင်ပစ္စည်းအားလုံးကို ရောကြိတ်လိုက်ပါ။ အဖတ်တွေမရှိပဲ အားလုံးကြေညက်သွားတဲ့အထိ ရောကြိတ်လိုက်ပါ။
  • ဒီအနှစ်ကို အသုံးမပြုခင် ခေါင်းအရင်လျှော်လိုက်ပါ။ ခေါင်းလျှော်ရည် အပျော့စားနဲ့ပဲ လျှော်ပေးပါ။
  • ရေဆေးပြီးရင် ခုနကရလာတဲ့အနှစ်တွေကို ဆံပင် အရင်းကနေအဖျားအထိ လိမ်းပေးပါ။
  • ခေါင်းစွပ်နဲ့အုပ်ပြီး မိနစ် ၂၀လောက်ထားပါ။
  • ပြီးရင် ရေအေးနဲ့ဆေးလိုက်ပါ။
  • သင့်ဆံသားလေးတွေ စိုပြည်ပြီး ပျော့ပျောင်းနေမှာပါ။

Em Em (shwemom)

READ
အဖျားနှစ်ခွဖြစ်ပြီး ကြမ်းတမ်းပျက်စီးနေသောဆံပင်များအတွက် အကောင်းဆုံးထောပတ်သီး

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE