မီးခဏပျက်သွားခဲ့လို့ ပြတိုက်မှ (၁)ဘီလီယံကျော်ရတနာပစ္စည်းတွေ ခိုးယူခံခဲ့ရတဲ့အဖြစ်

Green Vault/Website

ပြတိုက်တွေဟာ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံရဲ့ တန်ဖိုးကြီးအမွေအနှစ်တွေ ထိန်းသိမ်းတဲ့နေရာတစ်ခုအဖြစ် အားလုံးက လက်ခံထားခဲ့ကြပါတယ်။ ဒါကြောင့်လည်း သာမန်မဟုတ်ဘဲ လက်ဝတ်ရတနာပစ္စည်းတွေ၊ အနုပညာလက်ရာတွေ စတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းပြသထားတဲ့ ပြတိုက်တွေမှာဆိုရင် လုံခြုံရေးတွေဟာ ပိုတင်းကြပ်လေ့ရှိထားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အခုအခါမှာတော့ လုံခြုံရေးတွေရှိနေတဲ့ကြားထဲကိုက ဥာဏ်နီဥာဏ်နက်များပြီး ပြတိုက်ထဲကနေ ရတနာပစ္စည်းတွေ ၁ ဘီလီယံကျော်ဖိုးတောင် ခိုးယူသွားခဲ့ပါတယ်တဲ့။

Insider မှာ ဖတ်လိုက်ရတာကတော့ အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ ဂျာမန်မှာရှိနေတဲ့ Green Vault ပြတိုက်မှာပါ။ Green Vault ဆိုတာ Dresden ရဲ့တော်ဝင်နန်းတော်ထဲမှာ အများပြည်သူဗဟုသုတရစေရန်အလို့ငှာ ဖွင့်ထားခဲ့တဲ့ ပြတိုက်တစ်ခုပဲဖြစ်ပတယ်။ နန်းတော်ထဲမှာလည်းဖြစ်၊ ပြတိုက်မှာကလည်း တန်ဖိုးကြီးပေ့ဆိုတဲ့ လက်ဝတ်ရတနာတွေ၊ ပန်းချီနဲ့ပန်းပုလက်ရာတွေ၊ ဗိသုကာလက်ရာတွေကို ပြသထားတာဖြစ်တဲ့အတွက် လုံခြုံရေးကတော့ သာမန်ပြတိုက်တွေထက် ပိုတင်းကြပ်မယ်ဆိုတာ သိပ်တော့ပြောစရာ မလိုလောက်ပါဘူး။

Green Vault/Website

ဖြစ်ပွားခဲ့တာကတော့ အခုတနင်္လာနေ့မနက်မှာပါပဲ။ တိုက်ဆိုင်စွာနဲ့ပဲ ပြတိုက်နားက စူပါမားကတ်တစ်ခုမှာ မီးလောင်မှုအသေးစားဖြစ်သွားခဲ့တာကြောင့် လျှပ်စစ်မီးခေတ္တဖျက်လိုက်ခဲ့ရပြီး အဲဒီလိုမီးပျက်နေစဉ် အချိန်ခဏလေးအတွင်းမှာပဲ ပြတိုက်ထဲ မှောင်မည်းပြီး လုံခြုံရေးတွေသတိလက်လွတ်ဖြစ်နေချိန်မှာ လူနှစ်ယောက် ပြူတင်းပေါက်ကနေ ကျော်ဝင်လာကာ ရတနာပစ္စည်းတွေ အခိုးခံခဲ့ရတာပါ။

READ
အရုပ်ကောက်ဂိမ်း ယွမ်(၄)သောင်းဖိုးကစားပြီး အရုပ်(၇)ထောင်ကျော် စုနိုင်ခဲ့တဲ့အမျိုးသမီး
Green Vault/Website
Green Vault/Website

မီးပျက်နေခဲ့တာကြောင့် လုံခြုံရေးအချက်ပေးစနစ်တွေပါ ပိတ်နေခဲ့တာဖြစ်ပေမယ့်လို့ အမြဲတမ်း ပွင့်နေတတ်တဲ့ လုံခြုံရေးကင်မရာမှာတော့ သံသရရှိသူနှစ်ယောက်ကို မထင်မရှားမှတ်တမ်းတင်လိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မီးပျက်နေတာဖြစ်ပြီး လုံခြုံရေးကင်မရာဟာလည်း back up သာဖြစ်တာကြောင့် ဗီဒီယိုမှ ကြည်လင်စွာတော့ မရခဲ့ပါဘူးတဲ့။ ရဲတွေရဲ့သုံးသပ်ချက်ကတော့ အနီးကစူပါမားကတ်မီးပျက်မှုဟာလည်း ဒီဖောက်ထွင်းသူနှစ်ယောက်ကပဲ အကွက်ကျကျ လုပ်သွားခဲ့တာဖြစ်မယ်လို့ ဆိုကြပါတယ်။

အခိုးခံခဲ့ရတဲ့ လက်ဝတ်ရတနာပစ္စည်းတွေဟာ ဒုတိယကမ္ဘာစစ်ကိုလည်း ဗုံးဒဏ်တွေ၊ အောဆက်အဦပြိုတာတွေကြားထဲ ကျိုးပဲ့ပျက်စီးခြင်းအလျဉ်းမရှိဘဲ အကောင်းအတိုင်း တည်ရှိခဲ့တာကြောင့်ပိုပြီး တန်ဖိုးရှိနေပါတယ်။ အစိမ်းရောင်စိမ်နဲ့ပြုလုပ်ထားတဲ့ ရတနာတို့၊ စိန်ချယ်ထားတဲ့ ဓားတို့ပါရှိနေတာကြောင့် ခိုးယူသွားတဲ့ရတနာတန်ဖိုးဟာဆိုရင်တော့ စုစုပေါင်း ၁.၁ ဘီလီယံကျော်ဖိုးလောက်ရှိနေမှာပါဆိုပြီး ရဲဌာနမှ ထုတ်ပြန်ထားခဲ့ပါတယ်။

Penny

SHARE