အိမ်နီးချင်းနိုင်ငံတွေဆီ ၀က်အပြင်းဖျားရောဂါကူးစက်ပြန့်ပွားမှာ စိုးရိမ်နေတဲ့ ဗီယက်နမ်

ဗိုင်းရပ်စ်နဲ့ ရောဂါပိုးတွေဟာ စည်းမရှိပဲ တစ်နိုင်ငံက တစ်နိုင်ငံကို လျင်မြန်စွာကူးစက်ပြန့်နှံ့နိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကြောက်စရာကောင်းတဲ့ ရောဂါပိုးတွေဟာ အကာအကွယ်မဲ့တဲ့ နယ်မြေအသစ်တွေဆီ ပြန့်နှံ့ပြီး လူသားတွေရဲ့ အသက်အိုးအိမ်ကို ခြိမ်းခြောက်လျက် ရှိနေပါတယ်။ လက်ရှိမှာလည်း ဗီယက်နမ်နိုင်ငံတွင်းမှာ အာဖရိကန် ၀က်အပြင်းဖျားရောဂါတစ်မျိုး ကူးစက်ပြန့်နှံ့နေပါတယ်။ ဒါကြောင့် ၀က်အပြင်းဖျားရောဂါပိုး ကူးစက်ခံနေရတဲ့ ဗီယက်နမ်တွင်းက ၀က်ကောင်ရေ (၁.၂) သန်းကျော်ကို မေ(၁၃)ရက် တနင်္လာနေ့တုန်းက သတ်ဖြတ်သုတ်သင်ခဲ့ကြောင်း သိရပါတယ်။

Source: The Straits Times

The Straits Times အရ အရှေ့တောင်အာရှရဲ့ စုစုပေါင်း အသားစားသုံးမှုထဲမှာ ၀က်သားစားသုံးမှုဟာ (၇၅) ရာခိုင်နှုန်းကျော်ရှိတယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှထဲမှာ ၀က်မွေးမြူရေးခြံတွေဟာ သန်း(၃၀) လောက်ရှိပြီး ထိုခြံတွေကနေ အများပြည်သူတွေစားနေတဲ့ ၀က်သားတွေကို တင်ပို့ရောင်းချကြတာ ဖြစ်ပါတယ်။ ဗီယက်နမ်မှာတော့ အာဖရိကန် ၀က်အပြင်းဖျားရောဂါပိုးဟာ ပြန့်နှံ့နေတာ (၄) လကျော်နေပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလက စတင်ကာ ဗီယက်နမ်မှာ ၀က်အပြင်းဖျားရောဂါကို စစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါပိုးဟာ ဗီယက်နမ်နိုင်ငံတွင်းက ပြည်နယ်ပေါင်း (၂၉) ပြည်နယ်ကို ပြန့်ပွားရောက်ရှိနေတာ ဖြစ်ပါတယ်။ ဗီယက်နမ်တစ်နိုင်ငံလုံးရဲ့ ၀က်သားစားသုံးမှုမှာ ဟိုချီမင်းမြို့တစ်မြို့ထဲတင် (၄၀) ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

READ
မီးထဲ သေအံ့မူးမူးကျန်နေတဲ့ တိရစ္ဆာန်တွေကို ကယ်တင်ပေးနေတဲ့ လေးစားဖွယ်ဖြစ်ရပ်
Drovers

ဝက်ကောင်ရေ (၁.၂) သန်းကျော်ကို သုတ်သင်ပြီးပေမယ့်လည်း  ပြည်နယ်တော်တော်များများမှာ ပိုးရှိကြောင်းမစမ်းသပ်ရသေးတဲ့ ၀က်တွေလည်း ကျန်ရှိနေပါတယ်။ ရန်ပုံငွေမရှိတာကြောင့် ၀က်တွေကို ရောဂါရှိ မရှိစစ်ဆေးဖို့နဲ့ သတ်ဖြတ်သုတ်သင်ပြီးဝက်တွေကို မြေမြှုပ်ဖို့ နေရာအခက်အခဲရှိနေကြောင်းလည်း သိရပါတယ်။ ၀က်အပြင်းဖျားရောဂါဟာ ဗီယက်နမ်နိုင်ငံထဲမှာ အခြေအနေတော်တော်ဆိုးနေတာကြောင့် ကမ္ဘာ့ကုလသမဂ္ဂနအစားအသောက်နဲ့ စိုက်ပျိုးရေးအဖွဲ့ဖြစ်တဲ့ (FAO) က မတ်လတွင်းမှာ ဗီယက်နမ်နိုင်ငံကို နိုင်ငံတော်အဆင့် အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်နေကြောင်း သတ်မှတ်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ ၀က်အပြင်းဖျားရောဂါဟာ ဗီယက်နမ်တင်မကပဲ တရုတ်နိုင်ငံကိုပါ ပြန့်နှံ့နေပြီလို့ သိရပါတယ်။

AsiaNews

အာဖရိကန် ၀က်အပြင်းဖျားရောဂါပိုးဟာ ပုံမှန်အားဖြင့် လူတွေထံ ကူးစက်ပြန့်နှံ့နိုင်ခြေ နည်းပါးပါတယ်။ ၄င်းရောဂါပိုးဟာ ၀က်တွေမှာပဲ ကူးစက်ပြန့်နှံ့နိုင်ဆုံး အများဆုံးဖြစ်ပြီး ၀က်အသေ၊ အရှင်တွေနဲ့ ၀က်သားနဲ့ပြုလုပ်ထားတဲ့ စားသောက်ကုန်ပစ္စည်းတွေ မှန်သမျှကနေ ကူးစက်တတ်ပါတယ်။ ကူးစက်ခံရတဲ့ တိရစ္ဆာန်တွေဟာ အပြင်းဖျားခြင်း၊ အားနည်းခြင်း၊ အနာတွေပေါက်ခြင်း၊ အန်ခြင်း၊ ၀မ်းသွားခြင်း၊ အသက်ရှူကြပ်ခြင်းစတာတွေကို ခံစားရနိုင်ပါတယ်။ ရောဂါဟာ လက်ရှိအချိန်ထိ ဆေးမရှိကြောင်းနဲ့  ဆက်လက်မပြန့်ပွားအောင် ကာကွယ်ဖို့ ရောဂါဖြစ်ပွားနေတဲ့ တိရစ္ဆာန် သို့မဟုတ် တိရစ္ဆာန်အုပ်စုကို သတ်ဖြတ်သုတ်သင်ရုံက လွဲလို့ အခြားနည်းလမ်းမရှိကြောင်းလည်း သိရပါတယ်။

READ
၄၄ ပေါင်လေးတဲ့ရွှေတုံးကြီးကို ပုံးထဲကနှိုက်ယူနိုင်မယ့် ဒူဘိုင်းလေဆိပ်ကအခွင့်အရေး

လင်းလင်း (ShweMom)

Ref. worldofbuzz

SHARE