ဗြိတိန်က ဆရာဝန်(၄) ဦးမှာ (၁) ဦးဟာ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားနေရကြောင်း သိရ

လေ့လာချက်တွေအရ ဆရာဝန်/ ဆေးကျောင်းသားဦးရေ(၄) ဦးမှာ တစ်ဦးဟာ စိတ်ကျန်းမာရေးပြဿနာတွေကို ခံစားနေရကြောင်း သိရပါတယ်။ ဆရာဝန်နဲ့ ဆေးကျောင်းသားတွေဟာ အလုပ်ရဲ့ သဘောသဘာဝကြောင့် စိတ်ကျဝေဒနာ၊ စိတ်လှုပ်ရှားပူပန်တာနဲ့ အရက်စွဲတာမျိုးတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဆရာဝန်နဲ့ ဆေးကျောင်းသားဦးရေ (၄,၃၀၀) ကို စစ်တမ်းကောက်ပြီးတဲ့အခါမှာတော့ (၂၇) ရာခိုင်နှုန်းမှာ စိတ်ကျန်းမာရေးအခြေအနေတွေမကောင်းကြဘူးဆိုတာ စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ (၅) ဦးမှာ (၁) ဦးဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ ပြဿနာရှိနေကြတာကို တွေ့ရှိရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အမျိုးသားထက် ပိုရုန်းကန်ရတယ်လို့ သိရပါတယ်။

pexels

ဗြိတိန်က အကြီးဆုံးအစိုးရကျန်းမာရေးဝန်ဆောင်မှုဌာနဖြစ်တဲ့ National Health Service အဖွဲ့အစည်းမှာတော့ ဆေးဝန်ထမ်းပေါင်း (၁.၇) သန်း ရှိပါတယ်။ ထိုထဲက ဆရာဝန်နဲ့ ဆေးကျောင်းသူ ဆေးကျောင်းသားတွေရဲ့ (၈၀) ရာခိုင်နှုန်းလောက်ဟာ အလုပ်ပင်ပန်းလွန်းလို့ အားအင်ကုန်ခမ်းနေတယ်လို့လည်း သိရပါတယ်။ အလုပ်သင်ဆရာဝန် (၉၁) ရာခိုင်နှုန်းထဲက သုံးပုံတစ်ပုံဟာဆိုရင်လည်း အရက်သေစာနဲ့ မူးယစ်ဆေးတွေ မှီဝဲတာ၊ ကိုယ့်ကိုကိုယ် စိတ်ငြိမ်အောင် ဆေးဝါးတွေ မှီဝဲတာမျိုးတွေ လုပ်ကြတယ်လို့လည်း သိရပါတယ်။

READ
ကိုယ်အလေးချိန် လျော့ချလိုသူတွေအတွက် အသုံးအ၀င်ဆုံး ပူစီနံပင်
pexels

Health Education and Improvement Wales မှာ အလုပ်လုပ်နေတဲ့ မေ့ဆေးဆရာဝန်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာ သောမတ်စ်ကစ်ချန်းကတော့ သူ့အနေနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦး ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ပြီးတဲ့နောက် သူပါအရမ်းထိတ်လန့်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒေါက်တာက “ဆရာဝန်တွေအနေနဲ့ နေ့တိုင်းလူနာတွေ၊ မိသားစုတွေနဲ့ ထိတွေ့ဆက်ဆံရတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အမြင့်ဆုံးရောက်နေတဲ့ စိတ်လှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံး ဖုံးကွယ်ဖို့ ကြိုးစားရာကနေ အခုလို ရောဂါတွေရလာကြတာပဲ…” လို့လည်း ပြောပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE