(၂၀၁၈)မှာ ကမ္ဘာ့အင်အားအကြီးမားဆုံး စစ်တပ်တွေရှိတဲ့ (၁၀)နိုင်ငံ

Image by Zack Culver from Pixabay

စစ်အင်အားဟာ တိုင်းပြည်တစ်ခုအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။ စစ်တပ်ဟာ တိုင်းပြည်ကို အချုပ်အခြာကာကွယ်ဖို့သာမက ပြည်တွင်းပြည်ပရန်စွယ်တွေကိုလည်း တိုက်ခိုက်ဖို့ အသင့်အနေအထား ဖြစ်နေရပါမယ်။ စစ်တပ်ရဲ့အင်အား တောင့်တင်းခိုင်မာသည်နှင့်အမျှ တိုင်းပြည်ရဲ့ စစ်ရေးဆိုင်ရာ သြဇာအာဏာသည်လည်း မြင့်တက်လာတဲ့သဘောပါ။ အခု (၂၀၁၈)ခုနှစ်မှာ အင်အားအကြီးဆုံး စစ်တပ်တွေကိုပိုင်ဆိုင်ထားတဲ့ ထိပ်သီး(၁၀)နိုင်ငံကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အမေရိကန်

စစ်အင်အားအကြီးဆုံးမှာ ထိပ်သီးနိုင်ငံစာရင်းကနေ ကာလရှည်ရပ်တည်နေဆဲဖြစ်တဲ့နိုင်ငံကတော့ အမေရိကန်နိုင်ငံ ဖြစ်ပါတယ်။ စစ်အင်အားတိုးချဲ့ဖို့အတွက် ဘက်ဂျက်ခွဲဝေမှု အမြင့်ဆုံးနိုင်ငံလည်းဖြစ်ပြီး စစ်သည်အင်အားသာမက၊ လေယာဉ်တင်သင်္ဘော (၁၀)စီး၊ ကြောက်ခမန်းလိလိ နြူလက်နက်များ၊ သန်းနဲ့ချီတဲ့ တိုက်လေယာဉ်တွေ၊ ဧရာမတင့်ကားကြီးတွေဟာ ကမ္ဘာရဲ့သြဇာအာဏာကို အခုအချိန်ထိ ဆုပ်ကိုင်ထားနိုင်စေမယ့် အကြောင်းပြချက်တွ ဖြစ်ပါတယ်။

(၂) ရုရှ

အမေရိကန်ရဲ့ အဓိကစစ်ဘက်ရေးရာ ပြိုင်ဘက်ဟာ မြောက်ကိုရီးယား မဟုတ်ပါဘူး။ မြောက်ကိုရီးယားကို အားပေးအားမြောက်ပြုနေတဲ့ ရုရှဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက အကယ်၍များ တတိယကမ္ဘာစစ်ကြီးဖြစ်လာရင် အမေရိကန်ဟာ သူရဲ့ စစ်သားတွေကို မြောက်ကိုရီးယားမှာ အဆုံးအရှုံးခံမှာမဟုတ်ဖူးလို့ သွယ်ဝိုက်ပြောခဲ့ဖူးတာ ရှိပါတယ်။

ရုရှကလည်း ယခင်က သူ့အပေါ်ရောက်နေတဲ့ တရုတ်ကိုတောင် ကျော်တက်ပြီး (၂၀၁၇) တစ်ခုတည်းမှာတင် စစ်ဘက်ဆိုင်ရာ အသုံးစာရိတ် ပေါင် ဘီလီယံများစွာ ရင်းနီးထားခဲ့သူပါ။ ခေတ်မီပေ့ဆိုတဲ့ ကြောက်ခမန်းလိလိ နြူလက်နက်တွေနဲ့၊ စစ်သည်အင်အားအပြည့်အစုံ၊ ကြည်းရေလေ ယန္တရားအပြည့်အစုံကို ပိုင်ဆိုင်ထားပါတယ်။

(၃) တရုတ်

စစ်သည်အင်အားနဲ့ တင့်ကားပိုင်ဆိုင်မှုမှာတော့ တရုတ်ဟာ ဒုတိယအမြင့်ဆုံးမှာ ရပ်တည်နေပါတယ်။ စစ်ပွဲတစ်ခုရဲ့ အဆုံးအဖြတ် ဖြစ်သွားနိုင်တဲ့ နြူလက်နက်တွေလည်း ပိုင်ဆိုင်ထားပြီး၊ အင်အားတောင့်တင်းတဲ့ လေတပ်၊ ရေတပ်တွေကလည်း ကမ္ဘာတတိယအမြင့်ဆုံး အခြေအနေကို ပိုင်ဆိုင်ထားပါတယ်။

READ
အဝတ်ဗလာဗီဒီိယိုပျံ့နှံ့မှုကြောင့်တရားစွဲခဲ့တဲ့ သတင်းကြေငြာသူလျော်ကြေးပေါင်၃၈သန်းရရှိ

(၄) ဂျပန်

စစ်သည်အင်အားနဲ့ စစ်လက်နက်ပိုင်ဆိုင်မှုဟာ နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသားကြွယ်ဝမှုနဲ့လည်း ဆိုင်ပါတယ်။ ဂျပန်ဟာ ဒုတိယကမ္ဘာစစ်ပြီးနောက် ရုန်းကန်ခဲ့ရတဲ့ အခြေအနေမှ ထိပ်သီးစီးပွားရေးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ယင်းနောက် စစ်အင်အားနဲ့ နယူကလီးယား လက်နက်ပိုင်ဆိုင်မှုအတွက် ဆက်တိုက်ကြိုးစားလာသလို၊ အခြားတစ်ဖက်ကလည်း စွမ်းရည်ပြည့်ဝတဲ့ တပ်မတော်သားတွေဖြစ်ဖို့၊ အင်းအားတောင့်တင်းဖို့ အမြဲတမ်း ဖြည့်ဆည်းနေတဲ့နိုင်ငံပါ။

(၅) အိန္ဒိယ

အခြေခံလူတန်းစား အရေအတွက် အမြင့်မားဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယမှာ အလုပ်လက်မဲ့ဦးရေနဲ့ ရှိသင့်တဲ့အခြေခံလစာထက် ရော့နည်းရရှိနေတဲ့ အရေအတွက်ဟာ ကြောက်မက်ဖွယ်ရာ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဟာ စစ်အင်အားတောင့်တင်းဖို့နဲ့ စစ်ဘက်ဆိုင်ရာ ယာဉ်၊ ယန္တရားတွေ ထုတ်လုပ်နိုင်ဖို့ မြင့်မားတဲ့ အသုံးစာရိတ်တွေ နှစ်စဉ်ကျခံလေ့ရှိပါတယ်။ စစ်သည်အင်အားအပြင်၊ တိုက်ခိုက်ရေး ယာဉ်နဲ့ ယန္တရားတွေ ပြည့်စုံကြွယ်ဝနေတဲ့ နိုင်ငံဖြစ်ပါတယ်။

(၆) ပြင်သစ်

စစ်သည်အင်အား အမြင့်မားဆုံးနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ပြင်သစ်ဟာ နယ်စပ်လုံခြုံရေးကို အချိန်ပြည့် စိစစ်ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်သလို၊ ကုလတပ်ဖွဲ့မှာ အများဆုံး စစ်သည်အင်အား စိုက်ထုတ်ပေးထားတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ကြည်း၊ ရေ၊ လေ တပ်မတော်ကိုသာမက နည်းပညာတိုက်ပွဲဝင်မယ့် တပ်မတော်အဖြစ်ကိုလည်း အသွင်ပြောင်းလဲနေပါတယ်။

(၇) တောင်ကိုရီးယား

တောင်အာရှမှာ ဂျပန်ပြီးရင်း အင်အားအကြီးဆုံးနိုင်ငံကတော့ တောင်ကိုရီယား ဖြစ်ပါတယ်။ ကြည်း၊ ရေ၊ လေ တပ်မတော်ကို အလွန်စွမ်းအားမြင့်တဲ့ ခေတ်မီလက်နတ်တွေ၊ ယန္တယားတွေ တပ်ဆင်ပေးထားပြီး၊ နြူကလီးယားလက်နက်လည်း ပိုင်ဆိုင်တဲ့ နိုင်ငံကြီးဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့က အချိန်မရွေး စစ်ဖြစ်နိုင်တဲ့ အနေအထားလို့ သူတို့က ယူဆနေပြီး စစ်အင်အား အကြီးဆုံး အမေရိကန်နဲ့လည်း မဟာမိတ်ဖွဲ့ထားတဲ့ နိုင်ငံပါ။ လေတပ်နဲ့ပတ်သက်ရင် ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတွေထဲမှာလည်း ပါဝင်ပါတယ်။

READ
ဖခင်ဖြစ်သူ နောက်ဆုံးအချိန်မှာ ပြောခဲ့တဲ့စကားကို ဆို့နင့်စွာဖွင့်ဟခဲ့တဲ့ ဂျော့ဂ်ျ ဒဗလျူ ဘုရှ်

(၈) အီတလီ

စစ်အင်အားနဲ့ စစ်ဘက်ဆိုင်ရာ အသုံးစာရိတ်ကို ဆယ်စုနှစ်(၂)စုကျော်အတွင်း ဆက်တိုက်မြှင့်တင်အသုံးပြုလာခဲ့တဲ့ အီတီလီဟာ ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံတွေထဲမှာ ဆက်တိုက်ပါဝင်နိုင်ခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်းမှာ စစ်သားဦးရေ အရေအတွက် ပိုတိုးလာခဲ့သလို တိုက်ပွဲဝင်ယန္တယားတွေလည်း များပြားစွာ ပိုင်ဆိုင်ခဲ့တဲ့ နိုင်ငံပါ။

(၉) ဗြိတိန် (UK)

ဥရောပမှာ စစ်အင်အားအကြီးဆုံးလို့ ယူဆရမယ့် ဗြိတိန်နိုင်ငံဟာ အဆင့်(၉)မှာသာ ရပ်တည်နေတာကတော့ နည်းနည်း အံ့သြစရာပါ။ ပင်လယ်ပြင်တွေဝိုင်းရံထားတဲ့ ကျွန်းနိုင်ငံဖြစ်လို့ သူတို့တစ်တွေရဲ့ ရည်ရွယ်ချက်ဟာ နယ်နိမိတ်ကာကွယ်ဖို့ထက် ပင်လယ်ရေပိုင်နက်ကို ကာကွယ်ဖို့သာ ပိုအာရုံစိုက်လာတာ တွေ့ရပါတယ်။ ကြည်း၊ လေတပ်တွေထက် ရေတပ်ကိုသာ အဆင့်ပိုမြှင့်နေတာ တွေ့ရပြီး၊ ရေတပ်အင်အားတောင့်တင်းမှုမှာတော့ အမေရိကန်ပြီးရင် အမြင့်ဆုံးလို့တောင် ဆိုလို့ရပါတယ်။

(၁၀) တူရကီ

F-35 တိုက်လေယာဉ် ထုတ်လုပ်မှုကို အောင်မြင်စွာ ကမကထပြုနိုင်ခဲ့တဲ့ တူရကီဟာ စစ်အင်အားအမြင့်ဆုံးနိုင်ငံတွေ စာရင်းမှာ ဝင်ရောက်နိုင်ခဲ့ပါတယ်။ များပြားလှတဲ့တိုက်လေယာဉ်တွေ၊ တင့်ကားတွေအပြင်၊ စစ်သည်အင်အားကိုလည်း တိုးချဲ့ထားပါတယ်။  ဒေသတွင်းနိုင်ငံတွေမှာတော့ စစ်ဘက်ဆိုင်ရာ အသုံးစာရိတ်မှာ အမြင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

လင်းဇော်ကို (Shwemom)

source : top10slist.com

SHARE