အမျိုးသမီးတိုင်းအားကျဖွယ်ရဲ ထူးထူးဆန်းဆန်း လက်ထပ်ခွင့်တောင်းနည်းများ

အမျိုးသားတွေဟာ တကယ်ချစ်တတ်လာပြီဆိုရင် ကိုယ်ချစ်တဲ့အမျိုးသမီးအတွက် ဘာမဆို လုပ်ပေးတတ်ကြလေ့ရှိပါတယ်။ သာမန်အမျိုးသားတွေကတော့ ချစ်သူမိန်းကလေးကို ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်မှာ ဒါမှမဟုတ် အပန်းဖြေခရီးသွားတဲ့အချိန်မျိုးမှာ လက်ထပ်ခွင့်တောင်းတာမျိုးတွေပြုလုပ်ကြပါတယ်။

သိပ်ချစ်တတ်တဲ့ ယောက်ျားများကျပြန်တော့လည်း Marry Me ဆိုပြီး GPS tracker လမ်းကြောင်းနဲ့ စာလုံးပေါင်းပြတာတွေအပြင် အချစ်စာအုပ်တစ်အုပ် ထုတ်ပြီးတော့တောင် ကိုယ့်မေတ္တာကို သက်သေပြတဲ့သူတွေလည်း ရှိပါသေးတယ်။ စာဖတ်သူတွေက အောက်မှာဖော်ပြထားတဲ့ ထူးထူးဆန်းဆန်း လက်ထပ်ခွင့်တောင်းထားတဲ့နည်း (၁၀)နည်းကို ရှုမြင်ရမှာ ဖြစ်ပါတယ်။

၁။ လက်ထပ်လက်စွပ်ကို ကိုယ်တိုင်သွန်းလုပ်ခဲ့သူ

Jarvicious ဆိုသူ အမျိုးသားတစ်ယောက်ကတော့ နာမည်ကျော် လက်ဝတ်ရတနာကုမ္ပဏီဖြစ်တဲ့ Tiffany လက်ထပ်လက်စွပ်ဟာ ဈေးကြီးပေမယ့် လူတိုင်းဝယ်နိုင်ပါတယ်တဲ့။ ဒါကြောင့် သူ့ကောင်မလေးအတွက် ထူးထူးခြားခြား အမှတ်တရဖြစ်စေအောင် သူကိုယ်တိုင် လက်ထပ်လက်စွပ်ကို ကြိုးကြိုးစားစားပုံသွန်းပြီး ပြုလုပ်ခဲ့ပါတယ်။

၂။ Marry Me စာလုံးပေါင်းဖို့ ဂျပန်မှာ ခရီးကြမ်းနှင်ခဲ့သူ

ဂျပန်အနုပညာရှင်တစ်ဦးဖြစ်သူ Yasushi Takahashi ဟာ သူလက်ထပ်ခွင့်တောင်းပုံကို တစ်ကမ္ဘာလုံး တွေ့မြင်စေခဲ့ပါတယ်။ Yasushi ဟာ GPS tracker ကိုသုံးပြီး Hokkaido Island ကနေ Kyushu Island က Hyodo Cliff ဆီကို “Marry Me” စာလုံးပေါင်းပုံဖို့အတွက် ခရီးထွက်ခဲ့ပါတယ်။ ဂင်းနစ်မှတ်တမ်းအရတော့ Yasushi ရဲ့လက်ထပ်ခွင့်တောင်းနည်းဟာ တစ်ကမ္ဘာလုံးမှာ အကြီးကျယ်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

၃။ ယာဉ်စည်းကမ်း ချိုးဖောက်ခဲ့သူ

Hector Tank Martinez နဲ့ ညီအကိုတွေဟာ LA က ယာဉ်အသွားအလာများတဲ့ ဟိုင်းဝေးလမ်းကြောတစ်ခုမှာ ဆိုင်ကယ်တွေနဲ့ပိတ်ပြီး ရပ်ထားခဲ့ပါတယ်။ အခုလိုမျိုး ပြုလုပ်တာက ယာဉ်စည်းကမ်း ချိုးဖောက်တာဖြစ်ခဲ့ပေမယ့် Martinez က သူနဲ့နှစ်ရှည်လများတွဲခဲ့တဲ့ ချစ်သူမိန်းကလေးကို လက်ထပ်ခွင့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ယာဉ်စည်းကမ်းချိုးဖောက်မှုပြစ်ဒဏ်ကလည်း လွတ်မြောက်ခဲ့ပါတယ်။

READ
သင့်က ထက်မြက်သူတစ်ယောက်ဆိုတာ ... ဒီအချက်တွေက ပြောပြနေမှာပါ

၎။ စာအုပ်ထုတ်ပြီး လက်ထပ်ခွင့်တောင်းခဲ့သူ

Cameron Kelly က Angie Kreimer ကို “50 Reasons Why You Should Marry Me… and 51 Reasons Why I Should Marry You” အမည်ပေးထားတဲ့ စာအုပ်တစ်အုပ်လက်ဆောင်ပေးခဲ့ပါတယ်။ စာအုပ်ထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ ချစ်စကားတွေနဲ့ အမှတ်တရဓာတ်ပုံလေးတွေ ပါဝင်ပါတယ်။

၅။ အိမ်ဖြုတော်မှာ လက်ထပ်ခွင့်တောင်းခဲ့သူ

အမေရိကန်ရေတပ်ဗိုလ်တစ်ဦးဖြစ်သူ Matthew Phelps ဟာ လိင်တူချစ်သူ Ben Schock ကို ပထမဆုံးလက်ထပ်ခွင့်တောင်းတဲ့ အမျိုးသားဖြစ်ပါတယ်။ (၂၀၁၂)ခုနှစ်တုန်းက အိမ်ဖြူတော်ကို ဖိတ်ကြားခံရတဲ့ Phelps ဟာ ရရှိတဲ့အခွင့်အရေးကိုလက်လွတ်မခံပဲ လိင်တူချစ်သူဆီ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

၆။ ရထားတွဲထဲ သံစုံတေးသီချင်းဆိုပြဖို့ စီစဉ်ခဲ့သူ

Adam King ဆိုသူအမျိုးသားတစ်ယောက်ဟာ Adam Street ခရစ်ယာန်ဓမ္မတေးသံစုံသီကျူးတဲ့ အဖွဲ့ဆီက အကူအညီတောင်းခဲ့ပါတယ်။ သူက ရထားထဲမှာရှိတဲ့ လူတိုင်းကို Bill Withers ရဲ့ A Lovely Day သီချင်းကို တစ်ပြိုင်တည်း သံစုံသီဆိုပေးဖို့ စီစဉ်ခဲ့ပါတယ်။

READ
မိမိရဲ့ကလေး လူကြားထဲမှာအကြောက်မကြီးစေဖို့

၇။ ဓာတ်ပုံတွေသုံးပြီး လက်ထပ်ခွင့်တောင်းခဲ့သူ

Ray Smith ဆိုသူဟာ Claire Bramley ဆီ လက်ထပ်ခွင့်တောင်းဖို့အချိန်(၅)လ အသုံးပြုခဲ့ရပါတယ်။ သူ့ချစ်သူကောင်မလေး Bramley မသိအောင် “Will you marry me?” ဆိုပြီးစာရေးထားတဲ့ကဒ်လေးကိုင်ကာ စုံတွဲဓာတ်ပုံလေးတွေ အများကြီးရိုက်ထားခဲ့ပါတယ်။ ခရစ်စမတ်နေ့မှာတော့ Smith ကသူမရှေ့မှာပဲ ဗီဒီယိုလေးပြပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။

၈။ သတင်းစာထဲထည့်ကာ လက်ထပ်ခွင့်တောင်းခဲ့သူ

Steve English ဆိုသူ အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဟာ မိန်းကလေးသူငယ်ချင်းဖြစ်သူ Hayley Groves နဲ့ ပျော်ပွဲစား ထွက်ခဲ့ပါတယ်။ ထို့နောက် Steve က ကောင်မလေးကို Eastern နေ့စဉ်ထုတ်သတင်းစာ ဖတ်ဖို့ပေးခဲ့ပါတယ်။ အထဲမှာတော့ စာမျက်နှာတစ်ခုလုံး သူဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း အသေးစိတ်ရေးသားကာ လက်ထပ်ခွင့်တောင်းထားတာ ဖြစ်ပါတယ်။

၉။ (၄)နှစ်လုံးလုံး ကမ္ဘာပတ်ပြီး လက်ထပ်ခွင့်တောင်းဖို့ ဗီဒီယိုရိုက်ကူးခဲ့သူ

Jack Hyer ဆိုသူဟာ ချစ်သူအမျိုးသမီး Rebecca Strellnauer ကို လက်ထပ်ခွင့်တောင်းဖို့ (၄)နှစ်လုံးလုံး ပြင်ဆင်နေခဲ့ပါတယ်။ လေးနှစ်အတွင်းနိုင်ငံပေါင်း(၂၆)နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး ရောက်တဲ့နိုင်ငံတိုင်းမှာ ကောင်မလေးကို လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုလေးတွေရိုက်ကူးခဲ့တာပါ။

၁၀။ ရုပ်ရှင်ရုံမှာ Trailer ပြပြီး လက်ထပ်ခွင့်တောင်းခဲ့သူ

အခုမြင်တွေ့ရမယ့်ဗီဒီယိုဖိုင်မှာတော့ Matt Still က သူ့ချစ်သူ Ginny Joiner ကိုလက်ထပ်ခွင့်တောင်းတဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးဖြစ်ပါတယ်။

လင်းလင်း(ShweMom)

SHARE