အောင်မြင်ချင်ရင် စွန့်လွှတ်ရမယ့်အကျင့်ဆိုး(၁၀)မျိုး

အောင်မြင်ကြီးပွားတိုးတက်လိုသူတိုင်း အောက်ပါ အကျင့်ဆိုး(၁၀)မျိုးကို ရှောင်ပါ။ အောင်မြင်ကြီးပွားမယ်ဆိုတာ Shwemom  ရဲရဲကြီး အာမခံပါတယ်။

(၁) ရေသာမခိုပါနဲ့

အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ ရေသာခိုအချောင်သမားဆိုရင် အောက်ပါအချက်တွေကို တစ်သွေမတိမ်း
လုပ်လည်း အောင်မြင်မှာမဟုတ်ပါဘူး။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ရေသာမခိုပါနဲ့။

(၂) စေ့စေ့ငင လေ့လာခြင်းမရှိဘဲ(မတတ်မြောက်ဘဲ) မလုပ်ပါနဲ့

အောင်မြင်ချင်ရင် ရင့်ကျက်တဲ့အတွေ့အကြုံလိုပါတယ်။ သူများ အောင်မြင်လို့ သူ့ခြေရာအတိုင်းလိုက်နင်းလည်း အောင်မြင်ချင်မှ အောင်မြင်မှာပါ။ ဒါက ဘာလည်းဆိုတော့ ကိုယ်မသိဘဲ မတတ်ဘဲ ရမ်းလုပ်လို့ ဖြစ်ပါတယ်။

(၃) အကြံဉာဏ်တောင်းခံဖို့ ၀န်မလေးပါနဲ

အောင်မြင်တဲ့သူတွေအားလုံးဟာ အကြံအဉာဏ်တောင်းဖို့ မရှက်ကြပါဘူး။ မသိတာနားမလည်တာတွေကိုလည်း မေးဖို့ အားနာတတ်သူတွေ မဟုတ်ပါ။ ဒီတော့ အောင်မြင်ချင်ရင် များများမေးပါ။ များများ အကြံဉာဏ်တောင်းခံပါ။

(၄) အသေးအဖွဲ့ပါဆိုပြီး လစ်လျှူမရှုပါနဲ

ကိုယ်လုပ်တဲ့လုပ်ငန်းမှန်သမျှကို အသေးအဖွဲ့ပါဆိုပြီး လစ်လျှူမရှုပါနဲ့။ ဂဃနဏလေ့လာပါ။ အသေးဖွဲ့လေးတွေစုပေါင်းလိုက်ရင် မဟာအောင်မြင်မှုကြီးတွေဖြစ်လာတယ်ဆိုတာ မှတ်ယူပါ။

(၅) ဦးတည်ချက် အများကြီးမထားပါနဲ

အောင်မြင်ကျော်ကြားတဲ့သူ တော်တော်များများဟာ ဦးတည်ချက်ကို တစ်ခုထက် ပိုပြီးထားလေ့မရှိပါဘူး။ တစ်
နည်းဆိုရသော် လမ်းမများပါဘူး။ သူလုပ်လိုတဲ့ အရာတစ်ခုကိုပဲ ဦးတည်ချက်ထားပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ကောင်းသောဦးတည်ချက်တော့ ဖြစ်ပါစေ။

(၆) ကိုယ့်ကိုယ်ကို မလိမ်ပါနဲ့

အဓိကခလုတ်ကန်သင်းက မတတ်ဘဲ တတ်သယောင်၊ မသိဘဲ သိသယောင်-ကိုယ့်ကိုယ်ကို လိမ်ပြီး လူအထင်
ကြီးအောင် ဟန်ဆောင်ခြင်းဟာ အောင်မြင်မှုနဲ့ ဝေးကွာစေပါတယ်။

(၇) အချိန်မဆွဲပါနဲ့

လုပ်စရာရှိရင် ချက်ချင်းလုပ်တဲ့အကျင့်လုပ်ပါ။ နေ့ရွှေ့ညရွှေ့သမားတွေဟာ အောင်မြင်မှုအရှိန်အဟုန် နှေးကွေးပါတယ်။ ဒီလူတွေ အောင်မြင်ရင်တောင်မှ ထွန်းထွန်းပေါက်ပေါက် အောင်မြင်မှာမဟုတ်ပါဘူး။
(၈) နောက်လိုက်ဘ၀မှာ ပျော်မွေ့မနေပါနဲ့

ငါ့ကိုပေးထားတဲ့ လစာနဲ့ မိသားစုအဆင်ပြေနေတာပဲ-ဆိုပြီး ရပ်တန့်မနေပါနဲ့။ ဒီထက် များများရနိုင်မယ့်၊ တစ်
နည်းပြောရရင် ကိုယ်ကိုယ်တိုင်က ခေါင်းဆောင်လုပ်နိုင်ဖို့အတွက် အသိပညာ၊ အတတ်ပညာတွေကို စုဆောင်းပါ။

(၉) အတိတ်ကို အနာဂတ်မှာ လွှမ်းမိုးခြင်းမခံပါနဲ့

အတိတ်မှ ကျရှုံးခဲ့တာကို အနာဂတ်ဆီ သယ်မလာပါနဲ့။ ဒီလိုပဲ အတိတ်မှာ အောင်မြင်ခဲ့တာကို အနာဂတ်ဆီ
သယ်ပြီး တစိမ့်စိမ့် ပီတီဖြစ်မနေပါနဲ့။ ဘ၀မှာ ဒီထက်အရေးကြီးတာတွေ လုပ်ဖို့ရှိသေးတယ်ဆိုတာ နားလည်ပါ။

(၁၀) မကောင်းမြင်တဲ့သူတွေကို ဖက်တွယ်မထားပါနဲ့

မကောင်းမြင်တဲ့သူတွေဟာ စိတ်ဓာတ်ကို ဖျက်ဆီးတဲ့ ရန်သူတွေဖြစ်တယ်။ သင့်ကို စိတ်ဓာတ်ကျအောင်၊ လမ်းမ
ဖြောင့်အောင်၊ အောင်မြင်မှုနဲ့ ဝေးအောင် ခရီးဖင့်သူတွေ ဖြစ်ပါတယ်။ ဒါကို ချက်ချင်းသိ ချက်ချင်းအဆက်အ
သွယ်ဖြတ်ပါ။

နတ်စည်တော် (Shwemom)

shwemom post photo

Source : lifehack.org

 

SHARE