လေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲ လုပ်လာချင်စိတ် မွေးမြူပေးနိုင်မယ့် အလေ့အကျင့်ကောင်း (၁၀)ခု

BruceMars/Unsplash

လူတွေက မကောင်းဘူးလို့သတ်မှတ်ထားတာတွေဆို အလွယ်တကူလုပ်လေ့ရှိကြပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် နည်းပညာရဲ့တိုးတက်မှုတွေကြောင့် အရာရာကလွယ်ကူ အဆင်ပြေလာတာ ငြင်းလို့မရပါဘူး။ တစ်ဖက်မှာလည်း ကောင်းကျိုးနဲ့အတူ ဆိုးကျိုးက ဒွန်တွဲပါလာတတ်တာကလည်း လောကနိယာမတစ်ခုပါပဲ။

တိုးတက်လာတဲ့ခေတ်ကြီးမှာ လူတွေက ဘာမဆိုလွယ်ကူတာပဲ ရွေးချယ်လာပါတော့တယ်။ ဥပမာအနေနဲ့ Fast Food လို့ခေါ်တဲ့ ဟမ်ဘာဂါတို့၊ဟော့ဒေါ့ တို့လိုမျိုး အဆီအဆိမ့်တွေကိုသာ စားသောက်လာကြတာမျိုးပါ။ ဆိုးကျိုးကတော့ အဝလွန်ရောဂါတွေ အသည်း အဆီဖုံးတာတွေ စတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်လာကြရပါတယ်။

အဲ့လိုမျိုး အချိန်ရောက်မှသာ ကျန်းမာရေးလိုက်စားကြရကောင်းမှန်း သိလာကြသူတွေလည်း အများအပြားပါ။ အဝလွန်တာတို့ အသက်ရှုမဝတာတို့ ဖြစ်လာမှ လေ့ကျင့်ခန်းတွေလုပ်ကြ၊ Gym တွေ သွားကြပါတယ်။ ဒါပေမယ့်လည်း ဇွဲရှိရှိ လုပ်နိုင်ကြတဲ့ သူတွေကတော့ လူနည်းစုပါ။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ချင်တဲ့ စိတ်ကို မပင်မပန်းနဲ့ အလွယ်တကူ မွေးမြူနိုင်ဖို့ အလေ့အကျင့်ကောင်း(၁၀)ခုကို စာဖတ်ပရိသတ်တွေအတွက်  ဖော်ပြပေးလိုက်ပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်ဖို့ ဝတ်စုံအရင်ဝယ်ပါ

READ
ကော်ဖီထက် ပိုပြီးအိပ်မပျော်ဖြစ်စေတဲ့အရာနှစ်ခုကို တက္ကသိုလ်သုတေသီတွေ ရှာတွေ့ခဲ့ကြ

Gym သို့မဟုတ် လေ့ကျင့်ခန်း လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ Gym ကစားဖို့ ဝတ်စုံ အရင်ဝယ်ပါ။ အဲ့ဒါမှ ဝတ်စုံကိုမြင်မိတိုင်း အလကားမဖြစ်အောင် ဆိုတဲ့စိတ်နဲ့ Gym ကစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်မှာပါ။

၂။ ဆင်ခြေမပေးနဲ့

တစ်ခုခုဆို ဆင်ခြေပေးချင်တာလူ့အကျင့်ပါ။ ကိုယ့်ကိုကိုယ် မညှာပါနဲ့ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်လုပ်ဖြစ်အောင်လုပ်ပါ။ အချိန်ဇယားအတိအကျနဲ့ လုပ်ပါ။

RohitReddy/Unsplash

၃။ ဆန်းစစ်ပါ

စဆော့တဲ့ အခါ ကိုယ်နဲ့ဒီဟာကမကိုက်ဘူးထင်ရင် နားလည်တတ်ကျွမ်းသူ Trainer ကိုမေးမြန်းပြီး ပြောင်းဆော့ကြည့်ပါ လက်မလျော့ပါနဲ့။

၎။ မှတ်သားပါ

တစ်လအတွင်း ဆော့သမျှလေ့ကျင့်ခန်းအားလုံးနဲ့ တိုးတက်မှုရှိမရှိကို ပြက္ခဒိန် မှာ မှတ်ထားပါ။ ဒါမှသာသင့်လိုအပ်ချက်ကိုတွေ့နိုင်ပါလိမ့်မယ်။

Gursimrat Ganda/Unsplash

၅။ ပျော်ပါစေ

ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုဟာ လုပ်နေစဉ်အတွင်းပျော်နေဖို့လိုပါတယ်။ ပျော်ပျော်ရွှင်ရွှင် စိတ်ထားနဲ့ဆော့ပါ။

၆။ တာဝန်ယူမှုရှိပါ

လေ့ကျင့်ခန်းလုပ်လိုက်လို့ကုန်ဆုံးသွားတဲ့ အချိန်တွေကို အလကားမဖြစ်ပါစေနဲ့ သင် နဲ့တွေ့ချင်ပေမယ့်လည်း သင့်ကျန်းမာရေးအတွက် စဉ်းစားပေးပြီးမတွေ့လိုက်တဲ့သူတွေကို သတိရပါ။ လေ့ကျင့်ခန်းအတွက်သုံးလိုက်တဲ့ ငွေနဲ့ အချိန်တွေကိုနှမြောတတ်ပါစေ။

READ
မျက်ကပ်မှန်တပ်သူတိုင်း သိထားရမည့် မျက်လုံးကိုအန္တရာယ်ပေးနိုင်သည့်အချက်များ

၇။ သတ်မှတ်ချက်ထားပါ

ဒီနေ့ ငါ ဘယ်နှစ်ပေါင်ကျအောင်ဆော့မယ်၊ဘယ်လောက် အကြိမ်ရေများများဆော့မယ်စသဖြင့် သတ်မှတိချက်တစ်ခုထားပါ။

Victor Freitas/Unsplash

၈။ မနိုင်ဝန်မထမ်းပါနဲ့

မနေ့ကစံချိန်ကို မနက်ဖြန်တိုင်းချိုးမယ်ဆိုတာ ရုပ်ရှင်တွေထဲမှာပဲ ရှိရင်ရှိပါမယ် လက်တွေ့မှာမဖြစ်နိုင်ပါဘူး။ လူတိုင်းမှာ limit ရှိပါတယ်။ မနေ့ကလောက် ဒီနေ့မလုပ်နိုင်လို့လည်း စိတ်မပျက်ပါနဲ့။ ပုံမှန်လေး ဆက်လုပ်နေဖို့သာ အရေးကြီးတာပါ။

၉။ လက်မလျှော့ပါနဲ့

တစ်ခုခုဆို လက်လျော့လွယ်သူတွေက အရှုံးပဲရကြတာပါ နောက်ဆုံး တစ်စက္ကန့်ထိ အားမလျော့ပဲ ကြိုးစားပါ လက်လျော့လိုက်တဲ့ အချိန်ကသင့်ရဲ့ကျဆုံးခန်းပဲ။

၁၀။ အစီအစဉ်ကို သေချာဆွဲပါ

ဘာမဆို မလုပ်ခင်မှာ အစီအစဉ်အရင်ဆွဲရပါတယ် လေ့ကျင့်ခန်းလုပ်ရာမှာလည်းဒီလိုပါပဲ ဘယ်ချိန်တွေဆော့မယ်၊ ဘယ်လိုစားသောက်မယ်ဆိုတာကို အတိအကျ အစီအစဉ်ဆွဲထားရပါမယ်။

အပေါ်ကအချက်တွေကိုသာ စာဖတ်သူကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ရတာက ဘဝမှာ ထမင်းစား၊ ရေသောက်သလိုမျိုး မပင်မပန်းနဲ့ လွယ်ကူလွန်းတဲ့ အကျင့်တစ်ခု ဖြစ်လာမှာပါ။

Lwin Min

SHARE