သင်မသိသေးတဲ့ Xiaomi ရဲ့ စိတ်ဝင်စားစရာအချက်များ

ပြောင်းလဲလာတဲ့ မိုဘိုင်းဖုန်းနည်းပညာခေတ်ကြီးမှာ Nokia အမှတ်တံဆိပ်ကစပြီး Samsung, iPhone စတဲ့ အမှတ်တံဆိပ်ပေါင်းစုံ ကျွန်တော်တို့ တွေ့မြင်လာရပါပြီး ။ အဲဒီ့အထဲက အမှတ်တံဆိပ်အသစ်တွေ ပေါ်ထွက်လာသလို ကိုယ်ပိုင်တီထွင်မှုအစွမ်းနဲ့ အောင်မြင်လာတဲ့ အမှတ်တံဆိပ် အသစ်တွေကိုလည်း မြင်တွေ့နိုင်ပါတယ်။

သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းအပြင် သာလွန်ကောင်းမွန်တဲ့ နည်းပညာတွေကြောင့် တစ်ဟုန်ထိုး အောင်မြင်မှုရရှိလာတဲ့ Xiaomi ဟာ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ထိန်းသိမ်းထားနိုင်တာကို ဘယ်သူမှ ငြင်းဆိုနိုင်ခြင်းမရှိသေးပါဘူး။

အဲ့ဒီလို အောင်မြင်နေတဲ့ အမှတ်တံဆိပ်တစ်ခုရဲ့ စိတ်ဝင်စားစရာ အကြောင်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။

၁) အမည်

Xiaomi ဆိုတဲ့ အမည်က နှံစားပြောင်း ဒါမှမဟုတ် ဆန်စပါးလို့ အဓိပ္ပါယ်ရတာဖြစ်ပေမယ့် သူ့မှာပိုပြီးလေးနက်တဲ့ အဓိပ္ပါယ်တွေရှိပါတယ်။ Xiao ဆိုတာဟာ “ဗုဒ္ဓရဲ့ ဆန်စေ့တစ်စေ့ဟာ တောင်ကြီးတခုကဲ့သို့ ကြီးကျယ်ခမ်းနားတယ်”ဆိုတဲ့ မဟာယနဗုဒ္ဓဘာသာရဲ့ အယူဝါဒတွေကို မှီငြမ်းထားတာတွေရှိရပါတယ်။ ဆိုလိုရင်းကတော့ Xiaomi ဟာ သေးငယ်တဲ့အရာလေးတွေကို အစပြုပြီး ထိပ်ဆုံးအထိ ရောက်ရှိဖို့ ရည်မှန်းထားတဲ့သဘောပဲဖြစ်ပါတယ်။ “Mi” ဆိုတာကတော့ Mission Impossible ဆိုတဲ့စကားစုရဲ့ အတိုကောက်ဖြစ်ပြီး ကုမ္ပဏီစတင်ဖွဲ့စည်းစဉ်က တွေ့ကြုံခဲ့တဲ့ အတားအဆီးတွေကို အနိုင်ယူကျော်ဖြတ်ခဲ့ခြင်းအပေါ်ရည်ရွယ်တယ်လို့သိရပါတယ်။

၂) တရုတ်နိုင်ငံရဲ့ Apple 

Xiaomi ရဲ့ ထုတ်ကုန် စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းသွင်ပြင်တွေဟာ Apple ရဲ့ စမတ်ဖုန်းတွေလို လှပမှု၊ ရိုးရှင်းမှု နဲ့ ကျစ်လစ်သေသပ်တဲ့ နည်းလမ်းတွေကို သုံးထားတဲ့အတွက် တရုတ်နိုင်ငံရဲ့ Apple တံဆိပ်လို့ ဆိုနိုင်ပါတယ်။ သူရဲ့ ထုတ်လုပ်မှု ဗျူဟာတွေကလည်း အမေရိကန်နိုင်ငံရှိ Apple ရဲ့ဗျူဟာတွေကို အတုယူထားပါသေးတယ်။

၃) Xiaomi ရဲ့ လာဘ်ကောင်

READ
Youtube ပေါ် ဗီဒီယိုများတင်ပြီး ဒေါ်လာ ၅ သန်းခန့် ၀င်ငွေရရှိနေသူ ကောင်မလေး

Xiaomi ရဲ့ လာဘ်ကောင်ယုန်လေးကို Mitu လို့ အမည်ပေးထားပြီး သူက တရုတ်ကွန်မြူနစ် စစ်သည်တွေဝတ်ဆင်လေ့ရှိတဲ့ ဦးထုတ် (Leo Feng ဦးထုပ်)ကို ဆောင်းထားပါတယ်။ အဲ့ဒီ လာဘ်ကောင်လေးရဲ့ ဦးထုပ်မှာ အနီရောင် ကြယ်ပွင့်တစ်ပွင့်ရှိပြီး လည်ပင်းမှာလည်း အနီရောင် လည်စည်းပုဝါကို ဝတ်ဆင်ထားပုံက တကယ်ချစ်စရာကောင်းလွန်းပါတယ်။

၎) ဆိုင်ခန်းဖွင့်လှစ်ထားမှု မရှိခဲ့ခြင်း

တရုတ်နိုင်ငံနှင့် မကြာသေးမီက ဆိုင်ခွဲဖွင့်လှစ်ခဲ့တဲ့ စင်္ကာပူနိုင်ငံ ကလွဲလို့ တကမ္ဘာလုံးမှာ Xiaomi ရဲ့ ကိုယ်ပိုင်ဆိုင်ခွဲဖွင့်လှစ်ထားတာ မရှိပါဘူး။ အင်တာနက်ကွန်ယက်မှတဆင့် နေရာတိုင်းကို ရောင်းချပေးပြီး အဲ့ဒီရောင်းချမှုအတွက် အကျိုးအမြတ်က သက်သာတဲ့ဈေးနှုန်းအဖြစ်ပြောင်းလဲပေးနိုင်တဲ့အပြင် ဆိုင်ခန်းအတွက်စရိတ်စကကုန်ကျမှု အလွန်နည်းတာကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုနည်းလမ်းက ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပါပဲ။

၅) ကြော်ငြာအသုံးချမှု နည်းပါးခြင်း

ဆိုင်ခန်းဖွင့်လှစ်မှုမရှိသလို မီဒီယာတွေကနေကြော်ငြာခြင်းလည်း ထင်သလောက်မရှိပါဘူး။ ဒါ့အပြင် တခြားဖုန်းအမှတ်တံဆိပ်တွေလို ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေမှာလည်း စပွန်ဆာပေးတာ၊ ထည့်သွင်းရိုက်ကူးတာမရှိပါဘူး။ ဒါကြောင့် Xiaomi အမှတ်တံဆိပ် ဘာကြောင့်မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားသလဲဆိုတာ အံ့အားသင့်စရာပါပဲ။

၆) ဂင်းနစ် ကမ္ဘာစံချိန်ချိုးခဲ့သူ

Xiaomi ရဲ့ ထုတ်ကုန်စမတ်ဖုန်းဖြစ်တဲ့ Mi3 စမတ်ဖုန်းတွေကို အိန္ဒိယနိုင်ငံမှာ (၂)စက္ကန့်အတွင်း (ဟုတ်ပါတယ် .. ၂ စက္ကန့်ပါ) အလုံးရေ ၁၅,၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ တစ်နေ့ထဲ စမတ်ဖုန်းအလုံးရေ (၂.၁)သန်း ရောင်းချနိုင်ခဲ့ပြီး ဂင်းနစ်စ်စံချိန်တင်ခဲ့ပါသေးတယ်။

၇) Google နဲ့ ဆက်နွယ်မှု

Xiaomi ရဲ့ ထိပ်ဆုံး ရာထူးကြီး (၉) ခုထဲက (၃) ခုကို Google က နှုတ်ထွက်လာသူ ၃ ဦးက ရယူထားခဲ့ပါတယ်။

READ
ကမ္ဘာနဲ့အရွယ်အစားတူညီပြီး နေထိုင်ဖို့သင့်တော်တဲ့ ဂြိုလ်တစ်လုံး ထပ်မံတွေ့ရှိ

၈) Built-in ကင်မရာ နည်းပညာ

Xiaomi စမတ်ဖုန်းကင်မရာတွေရဲ့ ကိုယ်ပိုင်နည်းပညာတွေက Selfies ဓာတ်ပုံရိုက်ကူးတဲ့နေရာမှာ ဆွဲဆောင်မှုရှိဖို့အတွက် အထောက်အကူပြုတယ်လို့ အသုံးပြုသူအများစုက ဆိုကြပါတယ်။ အရောင်အသွေး စိုပြေတောက်ပမှုတွေက အသုံးပြုသူတွေကို စိတ်ကြိုက်ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် Xiaomi ဖုန်းတိုင်းမှာတော့ အဲဒီနည်းပညာပါတာမဟုတ်ဘဲ flagship အမျိုးအစားဖုန်းတွေမှာသာ ပါဝင်တာပါ။

၉) စင်္ကာပူနိင်ငံမှာ  နိုင်ငံတကာရုံးချုပ်ဖွင့်လှစ်လိုက်ခြင်း

Xiaomi ဟာ စင်္ကာပူက သူတို့ဖုန်းအသုံးပြုသူတွေဆီက ဝေဖန်သုံးသပ်မှုတွေကို ပိုမိုရယူလိုတဲ့ရည်ရွယ်ချက်နဲ့ နိုင်ငံတကာရုံးချုပ်ဖွင့်လှစ်ထားရှိလိုက်ပါတယ်။ စင်္ကာပူနိုင်ငံဟာ ခေတ်မီဆန်းပြားတဲ့ နိုင်ငံတကာဈေးကွက်ဖြစ်တဲ့အတွက် Xiaomi ကို နည်းပညာစက်မှုလုပ်ငန်းရဲ့ ထိပ်ဆုံးနေရာအထိ ခေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

၁၀) Xiaomi Logo ရဲ့ လှို့ဝှက်ချက်များ

နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ Xiaomi Logo မှာ ဝှက်ထားတဲ့ စကားလုံးတစ်လုံးရှိပါတယ်။ Xiaomi Logo ကို အပေါ်-အောက် ပြောင်းပြန်လှည့်လိုက်တဲ့အခါ အဲ့ဒီစကားလုံးကို တွေ့ရမှာပါ။ အဲဒီစကားလုံးက တရုတ်စာပေအရေးအသားအရ  “နှလုံးသား” လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးပဲဖြစ်ပါတယ်။ Xiaomi ရဲ့ ကုမ္ပဏီအမှတ်တံဆိပ်ကို ဖန်တီးမှုက အရမ်းထူးခြားတဲ့ လက်ရာပဲဖြစ်ပါတယ်။

SiThu (Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE