ကောင်းမွန်စွာအိပ်စက်နိုင်စေဖို့ လိုက်နာသင့်တဲ့အချက်(၁၀)ချက်

အိပ်ရတာလည်း ဘယ်တော့မှ ၀တယ်လို့ မရှိပါဘူးကွာ၊ ညညဆို 11 နာရီလောက်မှ အိပ်ဖြစ်ပြီး မနက်
6 နာရီလောက် ထ, အလုပ်သွားဖို့ ပြင်ဆင်ရနဲ့ သိပ်ပင်ပန်းတာပဲ-လို့ ညည်းတွားနေတဲ့လူတွေ ဘယ်
လောက် ရှိသလဲ သင့် အနီးအနားမှာ ရှာကြည့်ပါ။ ပြီးရင် အောက်ပါအချက်ကလေးတွေအတိုင်း အကြံ
ပေးလိုက်ပါ။

1. ဖုန်းကို အိပ်ယာထဲ ယူမလာပါနဲ့။

ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ဒီအချက်က အခုခေတ်မှာတော့ အရေးကြီးဆုံးပါဘဲ။ ဒီအချက်ကို မလိုက်
နာဘူးဆိုရင်တော့ ကျန်တဲ့အချက်တွေ ဖတ်လည်း သိပ် အရေးမပါပါဘူး။ ဒီတော့ အရေးကြီးဆုံးအချက်
အနေနဲ့ ဖုန်းကို အိပ်ယာထဲ ယူမလာပါနဲ့-ဆိုတာကို အရင်လိုက်နာကြည့်ပါ။

2. စောစောအိပ်ယာဝင်ပါ။

စောစောအိပ်ယာဝင်တဲ့ အကျင့်လုပ်ပါ။ ညစဉ်တိုင်း စောစောအိပ်ယာဝင်တဲ့ အကျင့်လုပ်ထားရင် အိပ်ရေး
ပျက်မှာ မကြောက်ရတော့ပါဘူး။ အိပ်မရတဲ့ ရောဂါရထားသူတွေ တော်တော်များများ ညဥ့်နက်မှ အိပ်ယာ
ဝင်ကြတဲ့အကျင့်ကြောင့် ဖြစ်ပါတယ်။

READ
တစ်နေ့(၁၀)နာရီထိုင်တဲ့ အမျိုးသမီးတွေဟာ တခြားသူတွေထက်(၈)နှစ်ခန့်ပိုအိုစာနိုင်

3. မအိပ်ခင် တိတ်ဆိတ်နေပါစေ။

အိပ်မယ့်သူအဖို့ တိတ်ဆိတ်မှုဟာ အရေးပါပါတယ်၊ အထူးသဖြင့် စိတ်ညစ်ညူစေတဲ့ အသံတွေ မထွက်ပါ
စေနဲ့။ တစ်ခါတလေ သီချင်းလေးနဲ့မှ အိပ်တတ်သူများအတွက်တော့ ချွင်းချက်ပေါ့လေ။ လူအများစုက အိပ်
ယာဝင်ကာနီး တိတ်ဆိတ်နေတာကို နှစ်သက်ကြပါတယ်။

4. အရက်မသောက်ပါနဲ့။

အိပ်ယာဝင်ခါနီး တစ်ခွက်တစ်ဖလား ကစ်တတ်သူတွေကတော့ ဒီ အကြံဉာဏ်ကို သဘောကျမှာမဟုတ်ပါ
ဘူး။ ဒါပေမယ့် အယ်လ်ကိုဟောဓာတ်ဟာ အိပ်စက်ချင်စိတ်ကို ပျက်ဆီးစေနိုင်ပါတယ်။ အရမ်းများလို့ တခေါ
ခေါအိပ်မောကျသွားရင်လည်း ရုတ်တရက် အသက်ရှုရပ်ပြီး သေစေနိုင်ပါတယ်။

5. ရေနွေးနဲ့ရေချိုးပေးပါ

အိပ်ယာမ၀င်ခင် ရေနွေးနဲ့ ရေချိုးတာ ထိရောက်ပါတယ်။ ရေနွေးနဲ့ရေချိုးခြင်းဟာ ခန္ဓာကိုယ်အကြောမှန်သ
မျှကို ပြေလျှော့စေပြီး ညောင်းညာကိုက်ခဲခြင်းကိုလည်း ကင်းစင်စေလို့ အိပ်တဲ့အခါ သက်တောင့်သက်သာ
ရှိတာပေါ့။

READ
ဥယျာဉ်ခြံ စိုက်ပျိုးခြင်းကြောင့် ရလာမယ့် ကျန်းမာရေး ကောင်းကျိုးများ

6. နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးပါ။

လေ့ကျင့်ခန်းနဲ့ မတည့်တဲ့သူရယ်လို့ ဘယ်သူမှ မရှိပါ။ ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလေး လုပ်ပေးသင့်ပါ
တယ်။ လေ့ကျင့်လန်းလုပ်ခြင်းဟာ စိတ်ဖိအားကို ကင်းစင်စေပြီး ကျန်းမာသန်စွမ်းမှုကိုပေးပါတယ်။ ည
အခါ ကောင်းစွာ အိပ်စက်စေနိုင်ပါတယ်။

7. အိပ်ယာရဲ့ အပြင်အဆင်လည်း အရေးကြီးတယ်။

အိပ်ယာက သန့်ရှင်းနေရမယ်၊ မီးအရမ်းကြီး လင်းမနေရပါ၊ တိတ်ဆိတ်ခြင်းကို နှစ်သက်သူအဖို့ အသံလုံ
တဲ့အခန်းမျိုးကို ပိုကောင်းပါတယ်။ သီချင်းနှစ်သက်သူအဖို့ ငြိမ့်ညောင်းတဲ့ သီချင်းလေးကို ငြိမ့်ငြိမ့်လေး
ဖွင့်ထားပါ။

8. အစားမစားပါနဲ့။

အထူးသဖြင့် အိပ်ယာဝင်ကာနီးမှာ အစားမစားပါနဲ့။ အစားစာပြီး အိပ်ချင်တယ်ဆိုတာ မှန်ပါတယ်။ ရေရှည်
ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။ တစ်နည်းပြောရရင် အစာစားပြီးပြီးချင်း အိပ်တဲ့အခါ သာမာန်ထက်
ဝနိုင်ချေ ပိုများပါတယ်။

နတ်စည်တော် (ShweMOM)

post image

Source: metro

SHARE