တမလွန်မှ တစ်စုံတစ်ယောက်က သင့်ကိုဆက်သွယ်နေကြောင်း သိနိုင်မယ့်အချက် (၁၀) ချက်

shutterstock

ဘယ်အရာမှ မတည်မြဲတဲ့လောကကြီးမှာ သက်ရှိတိုင်းဟာ တစ်နေ့နေ့မှာတော့ တစ်နည်းနည်းနဲ့ သေဆုံးကြရမှာပါ။ သွားလေသူကသွားပြီဆိုပေမယ့် မပြတ်နိုင်သေးတဲ့ သံယောဇဉ်အမျှင်တန်းတွေကြောင့် နောက်တစ်ဘဝကို မကူးနိုင်ရင်သော်လည်းကောင်း၊ အကူအညီတစ်စုံတစ်ရာတောင်းချင်လို့သော်လည်းကောင်း၊ နောက်ဆုံးအနေနဲ့ နှုတ်ဆက်ချင်လို့သော်လည်းကောင်း အသံကြားရတာတွေ၊ ထူးထူးဆန်းဆန်းဖြစ်တာမျိုးတွေကို မကြုံဖူးရင်တောင် ကြားဖူးကြမှာပါ။ ဒီလိုအခြေအနေတွေကြုံလာတဲ့အခါ ပြတတ်တဲ့လက္ခဏာတွေက ဘာလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

(၁) ရင်းနှီးနေတဲ့အနံ့တစ်ခုခုရခြင်း

ဝိဥာဉ်တွေဟာ သူတို့ရှိနေတယ်ဆိုပြီး အများဆုံးပြတတ်တာ အနံ့နဲ့ပါ။ ရေမွှေးနံ့၊ ကိုယ်သင်းနံ့၊ ဒါမှမဟုတ် သူနဲ့ကိုယ်နဲ့ နှစ်ယောက်ကြားမှာ အမှတ်တရဖြစ်စေခဲ့တဲ့ စားစရာအနံ့၊ သူချက်နေကျ ဟင်းအနံ့စတဲ့အနံ့တွေကို ရမှာဖြစ်ပါတယ်။

shutterstock

(၂) အာရုံငါးပါးရဲ့ အာရုံခံနိုင်စွမ်းအားများ မြင့်တက်ခြင်း

ခုဏကပြောခဲ့တဲ့အနံ့ရှိမယ်၊ နောက်ပြီး စကားပြောသံလိုလို၊ တီးတိုးပြောသံလိုလိုတွေ တစ်ချက်တစ်ချက်ကြားရမယ်၊ ရုတ်တရက်အခန်းအပူချိန်ကျပြီး အေးသွာားမယ်၊ ဒါမှမဟုတ် ကိုယ့်ကိုယ်တစ်ယောက်ယေယက်ကထိသွားတယ်လို့ ခံရမယ်၊ သူချက်ကျွေးနေကျဟင်းအရသာလိုမျိုး ပါးစပ်ထဲမှာ ခံစားမိတယ်ဆိုရင်တော့ သူတို့သင့်ကိုဆက်သွယ်ဖို့ ကြိုးစားနေတာအမှန်ပါပဲ။

shutterstock

(၃) ခရုခွံများ

ကိုယ့်အိမ်မှာ၊ အလုပ်နေရာမှာ အရင်ကရှိမနေတဲ့ ခရုခွံလှလှလေး၊ ကမာခွံလှလှလေးတွေကို တွေ့ရတယ်ဆိုရင်တော့ သွားလေပြီးသူကသင့်ကို ပေးတဲ့လက်ဆောင်လို့ မှတ်ယူလို့ရပါတယ်။

READ
ထူးထူးခြားခြား လူဖြူစစ်သားကို ကိုးကွယ်ကြတဲ့ တန်နာကျွန်းဒေသခံများ
shutterstock

(၄) အိပ်မက်ပေးခြင်း

ဒါဟာလည်း ဝိဥာဉ်တွေဟာ လူသားတွေကို ဆက်သွယ်ရာမှာသုံးတဲ့ အများဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ သွားလေပြီးသူဟာ ကိုယ့်အိပ်မက်ထဲပေါ်လာတဲ့အခါ သူတို့ပြောချင်တဲ့စကားတွေ၊ တောင်းချင်တဲ့အကူအညီတွေကို ပြမှာမို့ သေချာအာရုံစိုက်ပေးလိုက်ကြပါ။

shutterstock

(၅) လျှပ်စစ်ပစ္စည်းအသုံးဆောင်များ

လျှပ်စစ်ပစ္စည်းတွေ ဖွင့်ထားရာမှ ရုတ်တရက် အားလုံးပိတ်သွားတာမျိုး၊ ပိတ်ထားရာမှ ရုတ်တရက်ပွင့်သွားတာမျိုးဆိုတာ ဝိဥာဉ်တွေသူတို့ရှိနေတယ်ဆိုတာ ပြချင်လို့ပါ။ အကယ်၍ ရေဒီယိုရှိနေမယ်ဆိုရင်တော့ ရေဒီယိုရဲ့လှိုင်းတွေကနေတစ်ဆင့် သင့်ကိုစကားပြောဖို့ကြိုးစားပါလိမ့်မယ်။ ပုံမှန်မဟုတ်တဲ့အခြေအနေတွေကြောင့် ကြောက်နေမှာမှန်ပေမယ့် ဒီလိုဝိဥာဉ်တွေဟာ သင့်ကိုဒုက္ခပေးဖို့၊ ခြောက်လှန့်ဖို့မဟုတ်ဘဲ သင်နဲ့လူ့ဘဝမှာခင်မင်ရင်းနှီးချစ်ခင်ခဲ့လို့ သေသွားသည့်တိုင်အောင် သံယောဇဉ်မပြတ်နိုင်တာကြောင့်ဖြစ်နိုင်သလို အကူအညီတောင်းချင်လို့လည်း ဖြစ်နိုင်ပါတယ်။

Shutterstock

(၆) အကြွေစေ့လေးတွေ

ပုံမှန်မဟုတ်ဘဲ အကြွေစေ့လေးတွေအများကြီးကို ခဏခဏရှာတွေ့နေပြီဆိုရင်တော့ သင့်ကိုစောင့်ရှောက်နေတဲ့ဝိဥာဉ်ရှိနေပါပြီ။

shutterstock

(၇) ပစ္စည်းပျောက်ခြင်း

ပစ္စည်းတွေဟာ သင်ထားထားတဲ့နေရာမှာမရှိတော့တာတို့၊ နေရာပြောင်းသွားတာတို့၊ အချိန်တစ်ခုကြာအောင်ပျောက်ပြီးမှ အကြိမ်ကြိမ်ရှာထားတဲ့နေရာ၊ မျက်စေ့ရှေ့မှာပဲပြန်တွေ့တာမျိုးတို့ဟာ သင့်ကိုသူတို့တွေ အရူးလုပ်ကျီစယ်နေတာပဲဖြစ်ပါတယ်။

shutterstock

(၈) ဆဌမအာရုံ

တစ်ခါတစ်လေကျ အမြင်မှာသာကျွန်တော်တို့တစ်ယောက်တည်းရှိတယ်လို့ ထင်ရပေမယ့် စိတ်ထဲမှာတော့ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ ခံစားမှုမျိုး ခံစားဖူးကြမယ်ထင်ပါတယ်။ အမြဲတမ်းတော့မဟုတ်ပေမယ့် ဒီလိုခံစားမှုမျိုးခံစားရတဲ့အခါ သင့်နားမှာ ကွယ်လွန်သွားတဲ့ သင့်မိတ်ဆွေ၊ ဆွေမျိုးထဲမှ တစ်ယောက်ယောက်ကရှိနေလို့ပါ။ ကြောက်စရာမလိုပါဘူး။ သင့်ကိုစိတ်ချရအောင် လာကြည့်တာဖြစ်နိုင်သလို သင့်ကိုစောင့်ရှောက်ပေးနေတာလည်း ဖြစ်နိုင်ပါတယ်။

READ
စာအုပ်ချစ်သူတွေဖို့ နိဗ္ဗာန်အလား ထင်မှတ်သွားစေတဲ့ တရုတ်နိုင်ငံကစာအုပ်ဆိုင်အသစ်ကြီး
shutterstock

(၉) သီချင်း

သူတို့ကြိုက်တဲ့သီချင်းတွေကို ကိုယ့်အနားပတ်ဝန်းကျင်မှာ ဖွင့်နေပြီဆိုရင်တော့ လာနှုတ်ဆက်တယ်လို့ ယူဆလို့ရပါတယ်။

shutterstock

(၁၀) နံပါတ်များ

ကိုယ်နဲ့လွန်လေပြီးသူတို့ကြားက အမှတ်တရဖြစစ်စေတဲ့ နံပါတ်တစ်ခုခု၊ ဒါမှဟုတ် သူ့ရဲ့မွေးနေ့တို့လိုမျိုး နေ့ထူးနေ့မြတ်တွေရဲ့ ကဏန်းတွေကိုလည်း ခဏခဏတွေ့ရတတ်ပါသေးတယ်။

shutterstock

Source: Higher Perspectives

Penny

 

SHARE