သင့်အမှန်တကယ်ချစ်တယ်တဲ့ ချစ်သူမှသာ မလွဲမသွေလုပ်မယ့်အရာ(၁၀)ခု

Flower photo created by freepik - www.freepik.com

ကိုယ့်ကို အမှန်တကယ် ချစ်မချစ် လူတိုင်း သိချင်ကြတာပါဘဲ။ တစ်ခါတလေကျတော့ ချစ်သူဘ၀ ရောက်ပြီးမှ
သူ ငါ့ကို တကယ်ချစ်တာကော ဟုတ်ရဲ့လားဆိုပြီး သံသယစိတ်နဲ့ ရင် မအေးရတာတွေလည်း ရှိတတ်ပါတယ်။ 
အမှန်တော့ သင့်ချစ်သူဟာ သင့်ကို တကယ်ချစ်တယ်ဆိုရင် အောက်ပါအကြောင်းအရာလေးတွေကို မလွဲမသွေ
လုပ်ပါလိမ့်မယ်။ သင် သတိထားကြည့်ပါ။

1. အခြေအနေတစ်ခုအရ ချစ်ခဲ့တာ မဟုတ်။

သင် ငွေကြေးချမ်းသာလို့ မက်မောတာ၊ သင် ဆင်းရဲလို့ သနားတာ၊ သင်ဟာ ထူးချွန်လို့ အထင်ကြီးတာ-စတဲ့
အခြေအနေတွေဟာ အချစ်တစ်ခုကို ဖြစ်စေနိုင်လောက်အောင် မလုံလောက်ပါဘူး။ တကယ်ချစ်ပြီဆိုရင် အဲဒီ
အခြေအနေတွေကို ထည့်မတွက်တော့ဘဲ ဘာပဲဖြစ်ဖြစ် ချစ်မှာပါဘဲ။

2. ဂရုတစိုက် နားထောင်တယ်။

ချစ်သူ ပြောတဲ့ စကားကို အသေးစိတ်အချက်လတ်ကအစ စိတ်ဝင်တစား နားထောင်တယ်။ ဒါဟာ လေးစားမှုနဲ့
မြတ်နိုးမှုကို အရင်းတည်ပြီးမှာ ဖြစ်ပေါ်တဲ့ အလေ့အကျင့်ကောင်းလေးပေါ့။

READ
မီဂန်နဲ့ ဟယ်ရီတို့ရဲ့ ကလေးနာမည်ကို မင်းသားလေးဂျော့ဂ်ျပေးခဲ့တာလား ?

3. ဖြစ်တည်မှုကို ချစ်တာ ဖန်းဆင်းလိုမှုနဲ့ ချစ်တာမဟုတ်ဘူး။

ချစ်ပြီဆိုမှတော့ အခြေအနေတွေအကုန်လုံး လက်ခံနိုင်တဲ့ အတိုင်းအတာနဲ့ ချစ်ခဲ့တာ ဖြစ်ပါတယ်။ သူနဲ့ချစ်သူဖြစ်
မှ ဘယ်လိုနေရမယ် ဘာလုပ်ရမယ်ဆိုပြီး သူ့စိတ်ကြိုက်ဖန်တီးဖို့ ချစ်တာ မဟုတ်ပါဘူး။

People photo created by freepik – www.freepik.com

4. အရေးတယူ နေရာပေးတယ်။

ချစ်သူဟာ ဘ၀မှာ အရေးကြီးတဲ့သူဖြစ်တယ်။ နေရာတိုင်းမှာ ဦးစားပေး ပုဂ္ဂိုလ်ပေါ့။ ပစ္စလက်ခတ်မထားဘူး။
အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပါတယ်။

5. အရာရာ ရင်ဆိုင်ရဲတယ်။

တကယ်ချစ်ပြီဆိုမှတော့ ဘေးအန္တရာယ်တွေ၊ တားဆီးနှောက်ယှက်သူတွေကို သတ္တိရှိရှိနဲ့ ရင်ဆိုင်တိုက်ခိုက်ရဲပါ
တယ်။ အခြေအနေအရ အသက်ပေး ကာကွယ်ပါဆိုရင်တောင်မှ အသက်ကို နှမြောသူတွေ မဟုတ်ပါဘူး။

6. မုန်တိုင်းထန်နေချိန် ရဲရဲဝင့်ဝင့်လက်ကို ကိုင်ဆုပ်ထားမယ်။

ဘ၀လောကဓံတွေနဲ့ ရင်ဆိုင်ရတဲ့ အခါတိုင်း ဘယ်တော့မှ ချစ်သူကို စွန့်ခွာမသွားပါဘူး။ အတူတူ ရင်ဆိုင်
ကျော်ဖြတ်လို့ သင့်ရဲ့ တစ်ဘ၀စာအတွက် လက်တွဲဖော်ကောင်းဆိုတာ သေချာပေါက် ပြသမှာပါ။

READ
ခြင်ကိုက်ဒဏ်ကြောင့် (၂)နှစ်ကြာသည်အထိ လမ်းမလျှောက်နိုင်သေးတဲ့ ကောင်မလေး

7. မှားတာကို ၀န်ချတောင်းပန်ဖို့ ၀န်မလေးဘူး။

လူတိုင်း အမှားကို ၀န်ခံဖို့ ခဲယဉ်းပါတယ်။ အမှားရဲ့ သက်ရောက်မှုပမာဏ ကြီးမားတာနဲ့အမျှ ၀န်ခံဖို့ ပိုပြီး ခဲ
ယဉ်းသွားတဲ့ သဘောပါဘဲ။ သင့်ကို တကယ်ချစ်သူဟာ ဘယ်လိုအမှားပဲဖြစ်ဖြစ် သင့်ကို ၀န်ခံဖို့ ၀န်မလေး
ပါဘူး။

prostooleh/Freepik

8. အလှနဲ့ပတ်သက်ပြီး ယုံကြည်မှုရစေမယ်။

သူနဲ့ ချစ်နေရတဲ့ သက်တမ်းတစ်လျှောက်မှာတော့ သင့် ရုပ်ရည်နဲ့ ပတ်သက်ပြီး သံသယရှိစရာမလိုပါဘူး။
သူဟာ သင့်ရဲ့ ရုပ်ရည်ကို ဘယ်တော့မှ ညည်းငွေ့သွားမှာ မဟုတ်သလို တစ်နေ့ထက် တစ်နေ့ ပိုလှလာတယ်
လို့တောင် ယုံကြည်စေနိုင်ပါတယ်။

9. ဘေးကင်းလုံခြုံမှု အပြည့်ပေးတယ်။

အချစ်စစ်နဲ့ ချစ်သူဟာ သူ့ကြောင့် ချစ်သူကို ၀မ်းနည်းမှုတွေ၊ နာကျည်းမှုတွေ၊ ပူဆွေးမှုတွေ မပေးပါဘူး။
ဘေးန္တရာယ်အပေါင်းကနေ အပြည့်အ၀ အကာကွယ်ပေးပြီး သင့်ကို လုံခြုံနွေးထွေးစေသူ ဖြစ်ပါတယ်။

နတ်စည်တော် (ShweMOM)

SHWEMOM

SHARE