မမျှော်လင့်တဲ့ အန္တရာယ်တွေ ကြုံလာခဲ့ရင် ဖြေရှင်းနိုင်ဖို့ အသက်ကယ်နည်း (၁၀) ခု

© Pexels © woodleywonder / Everystockphoto

မှောင်မည်းနေတဲ့လမ်းမှာ တစ်ယောက်တည်းလမ်းလျှောက်နေတဲ့အချိန် အနောက်ကတစ်စုံတစ်ယောက်လိုက်လာတပဲဖြစ်ဖြစ် လူသူကင်းမဲ့တဲ့လမ်းမကြီးမှာ တာယာပေါက်သွားတာပဲဖြစ်ဖြစ်ပေါ့။ ဒီလိုမျိုးအဖြစ်မျိုးတွေဘယ်သူမှကြုံချင်မှာမဟုတ်ပါဘူး။ ဒါ့ကြာင့် ဒီလို အန္တရာယ်တွေ၊ အခက်အခဲတွေနဲ့ ကြုံလာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ဘယ်လိုကာကွယ်ရမလဲ၊ ဖြစ်လာတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာလေးတွေ သိထားတော့ ပိုကောင်းတာပေါ့။ ဒါကြောင့် ရှာတွေ့သမျှအသုံးဝင်နိုင်မယ့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) အကယ်၍တစ်ယောက်ယောက်က သင့်ကို အဓမ္မခေါ်ဖို့ ကြံနေပြီဆိုရင် သင့်မှာပါလာသမျှပစ္စည်းတွေကို ပစ်ချခဲ့ပါ။

© _dChris / Flickr © _dChris / Flickr

ကားပေါ်ကို အတင်းခေါ်သွားတဲ့အခါမျိုးတွေမှာ ကိုယ့်နာမည်ပါတဲ့ စာအုပ်ပဲဖြစ်ဖြစ် မှတ်ပုံတင်ဖြစ်ဖြစ် ဒါမှမဟုတ် ပါလာသမျှပစ္စည်းတွေအားလုံးနီးပါးကို မတော်တဆပြုတ်ကျသွားသလိုလိုနဲ့ ပစ်ချခဲ့ပါ။ ဒါပေမဲ့ ဖုန်းကိုတော့ ချန်ထားပေါ့။

(၂) ဓာတ်လှေကားထဲ မင်္သကာသူနဲ့အတူတူ စီးမိနေပြီဆိုရင်တော့ ကိုယ်သွားမယ့်အထပ်ကို တန်းမနှိပ်ဘဲ ရှိသမျှအထပ်တွေအကုန်လုံးကို နှိပ်လိုက်ပါ။

© frantic00 / Depositphotos

ဒီလိုလုပ်တာဟာ သင့်ကိုပြေးဖို့အခွင့်အရေးလည်းပေးသလို ဒီနည်းလမ်းကိုသိနေတဲ့ တစ်ယောက်ယောက်ကိုလည်း သတိပြုမိအောင် လုပ်ပြီးသားဖြစ်ပါလိမ့်မယ်။

(၃) မုန်တိုင်းလာမယ့်အရိပ်ယောင်ကို ဒီလိုပဲသိနိုင်ပါတယ်။

© Pexels © woodleywonder / Everystockphoto

ဘယ်သောက်စရာကိုမဆိုလှုပ်ပြီးဖန်ခွက်ထဲထည့်ကြည့်ပါ။ ပထမပုံလို ပူပေါင်းအမြှုပ်လေးတွေဟာ ဘေးကိုပြန်ရသွားမယ်ဆိုရင်တော့ ပုံမှန်ပါပဲ။ ဒုတိယပုံလိုမျိုး အမြှုပ်တွေဟာ ပလုံစီပြီး မျက်နှာတစ်ပြင်လုံးပြည့်နေမယ်ဆိုရင်တော့ ဒါဟာ မုန်တိုင်းရှိတဲ့လက္ခဏာပါပဲ။

ဒီလိုဘာဖြစ်လို့ပြောနိုင်တာလဲဆိုရင်  လေထုထဲမှာရှိတဲ့ ဖိအားကြောင့် ပူပေါင်းလေးတွေရဲ့ ပုံသဏ္ဍာန်ပြောင်းသွားတာပဲဖြစ်ပါတယ်။ ဖိအားများနေရင် ဘေးဘက်ကိုတွန့်ပို့ပေးလိုက်တာကြောင့် နေသာမယ်၊ ရာသီဥတုကောင်းမယ်လို့ ပြောနိုင်ပါတယ်။ ဖိအားလျော့နေတဲအခါမျိုးမှာကျ အမြှုပ်တွေက လောင်းထည့်ခါစနေရာမှာအတိုင်း ခွက်အပြည့်ဖြစ်နေမှာကြောင့် မိုးအုံ့ပြီး အခန့်မသင့်မုန်တိုင်းပါတိုက်နိုင်တယ်လို့ ယူဆရပါတယ်။

READ
သစ္စာဖောက်လိမ်ညာခဲ့တဲ့ ချစ်သူကို လူလယ်ခေါင်မှာဒူးထောက်ခိုင်းခဲ့

(၄) တာယာပေါက်လို့ လေလျော့သွားပြီ ဆိုရင်တော့ မြက်ခြောက်တွေနဲ့ အပေါက်ကို ယာယီဖာလို့ရနိုင်ပါတယ်။

© webandi / Pixabay © Iwan Beijes / Freeimages

လူသူကင်းမဲ့တဲ့နေရာမှာ ကားဘီးပေါက်ပြီး အကြာင်းကြောင်းကြောင့် တာယာအပိုမပါတာတို့၊ တာယာမလဲနိုင်တာတို့ဖြစ်နေခဲ့ရင်တော့ မြက်ခြောက်ကိုသာရှာပါ။ တာယာရဲ့လေးတွေမှာ ပေါက်လေးတွေဖောက်ပြီး မြက်ခြောက်တွေကို ထည့်နိုင်သမျှထိုးထည့်ပါ။ အပေါက်တွေကြောင့် ဒီတာယာကို ပြန်ဖာပြီး သုံးမရတော့လို့ လွှင့်ပစ်ရမှာဖြစ်ပေမယ့် အနည်းဆုံးတော့ တာယာလဲနိုင်မယ့်နေရာဆီကိုတော့ ရောက်အောင်သွားနိုင်မှာပါ။

(၅) လေယာဉ်အတက်နဲ့ အဆင်းတွေမှာ ကိုယ့်ပတ်ဝန်းကျင်ကို မျက်စိထောက်ထောက်ကြည့်ပါ။

© Bradley Gordon / Flickr

လေယာဉ်မတက်မီ (၃) မိနစ်အလိုနဲ့ လေယာဉ်မဆင်းမီ (၃) မိနစ်အလိုမှာနိုးနိုးကြားကြားနေပေးပါ။ လေယာဉ် မတော်တဆမှုတွေရဲ့ ၆၁% လောက်က လေယာဉ်အဆင်းနဲ့ အတက်တို့မှာ ဖြစ်ပွားတတ်ကြပါတယ်။ သင်နိုးနိုးကြားကြားနေတော့ အကယ်၍ မင်္သကာစရာ တစ်ခုခုတွေ့တဲ့အခါ ကြိုပြီးသတိပေးနိုင်မှာပါ။

(၆) မီးထတောက်လျှင် မုန့်ဖုတ်ဆိုဒါနဲ့ပက်ပါ။

© State Farm / Flickr © Digifuture / Depositphotos

မီးဖိုချောင်ထဲကမီးဖိုက ဒါမှမဟုတ် ဟင်းအိုးထဲက ဟင်းချက်ဆီနဲပ မီးထတောက်ပါက ရေနဲ့လုံးဝမငြိမ်းရပါဘူး။ အဲဒီအစား baking soda လို့ခေါ်တဲ့ မုန့်ဖုတ်ဆိုဒါကို လောင်နေတဲ့နေရာကို ပက်လိုက်ပါ။ မီးလောက်မှုကိုအားပေးနေတဲ့ အောက်ဆီဂျင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ဟန့်ပေးလိုက်တဲ့သဘောပါပဲ။ ဒါပေမဲ့ ဒီနည်းလမ်းက မီးတောက်အသေးလေးတွေအတွက်ပဲ ကောင်းပါတယ်။ မီးကြီးလေ မုန့်ဖုတ်ဆိုဒါ အများကြီးလိုလေပဲ မို့လို့ပါ။

(၇) အမှောင်ထဲမှာ လမ်းကူးတဲ့အခါ ဖုန်းမျက်နှာပြင် အလင်းကို ဖွင့်ပြီးကူးပါ။

READ
ခေါင်းလျှော်ရည်ကြာ်ငြာမော်ဒယ်ဖြစ်နေပြီဖြစ်တဲ့ သာမန်ထက်ဆံပင်သန်တဲ့ကလေးလေး
© StockSnap / Pixabay © Free-Photos / Pixabay

ဖုန်းအလင်းကို ကားမောင်းသူမြင်တဲ့အခါ ကိုယ့်ကိုလည်း အချိန်မှီရှောင်လို့ရတာပေါ့။

(၈) အမြင်တွေဝေဝါးနေတဲ့အခါ ပရုတ်ဆီရှူလိုက်ပါ။

© kdparrish1130 / Pixabay © Andrzej Pobiedziński / Freeimages

ကားကို (၆) နာရီထက်ပိုမောင်းရတဲ့အခါ အမြင်ဝေဝါးတာတွေဖြစ်တတ်ပါတယ်။ ကိုယ့်အရှေ့မှာရှိတဲ့ လမ်းမကြီးကိုပဲ အာရုံစိုက်နေရတာဖြစ်တဲ့အတွက် ကြာလာတဲ့အခါ ဘေးဘက်မြင်ကွင်းတွေကို သတိမပြုမိတော့တာတွေဖြစ်တတ်ပါတယ်။ အဲဒါကြောင့်နာရီကြာကားမောင်းရမယ့်အချိန်မျိုးတွေမှာ ပရုတ်ဆီကို ဆောင်ထားသင့်ပါတယ်။ စိတ်မလန်းတာတွေ အမြင်မကြည်တာတွေဖြစ်လာတဲ့အခါ ထုတ်ရှူလိုက်ပါ။

(၉) ကိုယ့်ကိုစိုက်ကြည့်နေတဲ့ အကြည့်ကနေ ကင်းဝေးအောင် နှာချေပါ၊ နှပ်ချေးညှစ်ချင်ယောင်ဆောင်ပါ။

© Andrea De Stefani / Freeimages © tanjila ahmed / Flickr

ကိုယ့်ကိုယ်စိုက်ကြည့်နေတာတို့ ကိုယ်ထိလက်ရောက် လာခြိမ်းခြောက်တာတို့ဆိုရင် မအော်ပါနဲ့။ အော်မယ့်အစား ငိုပါ။ အားရပါးရ နှပ်ချေးတွေရောချွေးတွေရောထွက်အောင် ငိုပါ။ ငိုပြီး ကိုယ်အကျီင်္လက်တွေ၊ အကျီင်္တွေနဲ့ သုတ်ပစ်ပါ။ အဓိကကတော့ ရွံစရာအပြုအမူတွေလုပ်ပြပြီး အဲဒီလူကို ရွံရှာအောင်လုပ်ပြီးမျက်နှာလွှဲသွားအောင်လုပ်ပါ။ မျက်နှာလွှဲသွားတော့ ထွက်ပြေးဖို့အခွင့်အရေးရတာပေါ့။ တကယ်လို့ သင့်အနောက်ကို လူတစ်ယောက်လိုက်နေတယ်လို့ခံစားရပါသလား။ ဒါဆိုရင် နှပ်ချေးညှစ်ချင်ယောင်ဆောင်ကြည့်ပါ။ လိုက်နေတဲ့လူရဲ့အကြည့်တွေရွံလို့ လွှဲသွားပါလိမ့်မယ်။ ဒီနည်းလမ်းဟာ ရဲတွေလည်း အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပိုသေချာအောင်လို့ အဲဒီအပြုအမူကို ထပ်ခါထပ်ခါပြုလုပ်နိုင်ပါတယ်။

(၁၀) HIV ဖြစ်နေတယ်ဆိုပြီး ဆေးစစ်ချက် အတုလုပ်ပြီး ကိုယ့်အိတ်ထဲမှာ အမြဲထည့်ထားပါ။

© EVG photos / Pexels © yu yu / Freeimages

အဓမ္မကျင့်မယ့်လူတွေရဲ့ရန်ကနေ ကင်းလွတ်စေရုံသာမက တချို့ဓားပြတွေရန်ကလည်း ကင်းစေပါတယ်။ တချို့လူတွေက ရုတ်တရက် HIV ရှိတယ်ဆိုတာ သိလိုက်ရရချင်း ကျန်းမာရေးအသိတွေ ချက်ချင်းခေါင်းထဲမမြင်တော့ဘဲ ကိုယ့်ကိုရောဂါကူးမှာဆိုးလို့ဆိုပြီး ကိုယ့်အနားကနေ ထွက်သွားတတ်ပါတယ်။

Penny

SHARE