ရှေးခေတ်က လက်ခံကျင့်သုံးခဲ့ကြတဲ့ အလှအပဆိုင်ရာ ထူးထူးဆန်းဆန်း ဓလေ့များ

အသွင်အပြင်ဟာလူတစ်ယောက်အတွက် သိပ်ကိုအရေးပါတယ်လို့ လူ့ပတ်ဝန်းကျင်က မှတ်ယူထားခဲ့ကြတာ အခုအချိန်အထိပါပဲ။ ဒါကြောင့်မို့လည်း ကိုယ့်ကိုကိုယ်လှပနေအောင် ခေတ်စားတဲ့ beauty trend တွေကိုလိုက်လုပ်တတ်ကြတာမဟုတ်ပါလား။ Beauty trend အကြောင်းပြောမယ်ဆိုလျှင်တော့ ရှေးခေတ်အခါတုန်းက အားလုံးနီးပါးလိုက်လုပ်ခဲ့ကြပြီး အခုခေတ်အတွေးနဲ့ကြည့်မယ်ဆိုလျှင် ထူးထူဆန်းဆန်းဖြစ်နေရတဲ့ trend လေးတွေအကြောင်းကို ဗဟုသူတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။ တချို့သောနည်းလမ်းများက ယနေ့တိုင်အသုံးပြုဆဲ့ ရှိနေကြပါတယ်။

သွားများဖြူဖွေးစေဖို့ ကျင်ငယ်ရည်ကို အသုံးပြုခြင်း

ရှေးခေတ် သွားဆရာဝန်များရဲ့ယူဆချက်အရ ကျင်ငယ်ရည်ဟာ သွားများကို ဖြူဖွေးစေတယ်ဆိုတဲ့ အချက်ဟာ ခေတ်စားခဲ့ပါတယ်။ ၁၈ ရာစုလောက်က ကျင်ငယ်ရည်ကို သွားတိုက်ဆေးနှင့် ပလုတ်ကျင်းဆေးအဖြစ်အသုံးပြုခဲ့ကြပါတယ်။ တကယ်တမ်းဓာတုနည်းနဲ့ ပြန်စဉ်းစားကြည့်မယ်ဆိုပါကလည်း ကျင်ငယ်ရည်မှာ သန့်စင်ရေးဓာတ်ဖြစ်တဲ့ အမိုးနီးယားပါဝင်နေတဲ့အတွက် သွားများကို တကယ်ဖွေးနိုင်ပေမယ့် ရွံစရာသိပ်ကောင်းပါတယ်။

© SuSanA Secretariat / wikipedia
Belladonna

အီတလီအရ Belladonna ဟာ “လှပသောအမျိုးသမီး” ဟုအဓိပ္ပာယ်ရပြီး ဒီနာမည်နဲ့ရှိနေတဲ့ ပန်းတစ်မျိုးလည်းရှိပါတယ။ ပန်းမှထွက်တဲ့ အဆီအနှစ်ကို မျက်စဉ်းအဖြစ် ခတ်ပေးကြတဲ့ နည်းလမ်းဟာ ရှေးတုန်းက ခေတ်စားခဲ့ပါတယ်။ ပန်းထဲမှ အရည်အနှစ်ဟာ အဆိပ်ရှိပြီး ခဏခဏ သုံးပေးပါက ထာဝရမျက်လုံးကွယ်ခြင်းကို ဖြစ်စေနိုင်သော်လည်း အမျိုးသမီးများကတော့ မျက်လုံးကို ကြည်လင်တောက်ပပြီး ဆွဲဆောင်မှုရှိနေစေရန်အတွက် အန္တရာယ်မမှုဘဲ အသုံးပြုခဲ့ကြပါတယ်။

© H. Zell / Wikimedia Commons
သွားများမည်းအောင် ပြုလုပ်ခြင်း

သကြားစားတာဟာ သွားကျန်းမာရေးကိုထိခိုက်နိုင်ပြီး သေချာမသန့်ရှင်း မထိန်းသိမ်းပါက သွားပိုးစားခြင်းကို ဖြစ်ပေါ်စေပါတယ်။ ရှေးအခါက သွားသန့်ရှင်းရေးပြုလုပ်ဖို့အတွက် အသိပညာတွေ မကြွယ်ဝသေးတဲ့အခါကျ သကြားစားလေ သွားပိုးစားလေပါပဲ။ ဒီအပြင် ရှေးအခါက လူချမ်းသာတွေသာ သကြားစားနိုင်တာကြောင့် သွားပိုးစားပြီး သွားတွေမည်းနေလျှင် လူချမ်းသာလို့ တန်းသိသာစေခဲ့ပါတယ်။ ဒါကြောင့် (၁၈) ရာစုလောက်တုန်းက သွားမမည်းလျှင်တောင်မှ သွားမည်းအောင် တမင်လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

READ
မိဘ(သို့)တစ်စုံတစ်ယောက်ရဲ့အရှိန်အဝါနဲ့ ဘဝင်မြင့်တတ်သူတွေရဲ့ အမူအကျင့် (၅) မျိုး
© Depositphotos.com
ခါးသေးဖို့ စတးခံခဲ့ရတဲ့ နံရိုးလေးများ

အမျိုးသမီးတစ်ယောက်ရဲ့ ခါးသေးခြင်း၊ တင်ကားခြင်းဆိုတာ မွေးရာပါပါတဲ့ အရိုးဖွဲ့စည်းပုံတွေကြောင့် ၉၀% လောက် သက်ဆိုင်နေပါတယ်။ ဘယ်လောက်ပဲပိန်ပိန်၊ ဘယ်လောက်ပဲ ခန္ဓာကိုယ်လှအောင် အားကစားတွေလုပ်လုပ်၊ အရိုးအဆစ်ကြီးသူဖြစ်လျှင်တော့ ရှိရင်းစွဲအရိုးအနေအထားပဲ ရမှာပါ။ ရှေးခေတ် အနောက်နိုင်ငံတွေမှာတော့ ယခုခေတ် plastic surgery လုပ်သလိုမျိုး နံရိုးအချို့ကို ချိုးပစ်တဲ့အလေ့ရှိပါတယ်။

© East News
ရေဒီယိုသတိကြွ အလှကုန်ပစ္စည်းများအား သိသိလျက်နှင့် အသုံးပြုခြင်း

ရေဒီယမ်ဆိုတဲ့ ဓာတုဓာတ်တစ်ခုကို Marie နဲ့ Pierre Curie တို့မှ ရှာဖွေတွေ့ရှိပြီးနောက်မှာတော့ ရေဒီယိုသတိကြွပါဝင်ပစ္စည်းများဖြင့်ပြုလုပ်ထားတဲ့ အလှကုန်တွေကို ကမ္ဘာအနှံ့မှ အကျယ်တဝင့်ထုတ်လုပ်ခဲ့ကြပါတယ်။ ထိုအလှကုန်များကိုအသုံးပြုခြင်းဖြင့် သာမန်အလှကုန်တွေထက် မျက်နှာကိုပိုကြည်လင်တောက်ပခြင်းနှင့် အရွယ်အိုမင်းခြင်းကို သာမန်ထက်ပိုပြီး ထိန်းသိမ်းပေးပါတယ်။

© Rama / Wikimedia Commons
ကြာဖူးခြေထောက်လေး

တရုတ်ပြည်ရဲ့ ၁၀ ရာစုလောက်ကစတင်ခဲ့ပါတယ်။ ဧကရာဇ် Li Yu ဟာ ကချေသည် Yao Niang ကို မခိုင်းစဖူးအလုပ်တစ်ခုစေခိုင်းခဲ့ပါတယ်။ အဲဒါကတော့ လခြမ်းပုံသဏ္ဍာန်ဖြစ်အောင် ခြေထောက်ကို တုပ်နှောင်စေပြီး ခြေထောက်ထိပ်နဲ့ ကခိုင်းခဲ့တာပါ။ ကချေသည် Yao Niang အပါအဝင် ကချေသည်အားလုံး ဧကရာဇ်ာစေခိုင်းတဲ့အတိုင်း ကအပြီးမှာတော့ မထင်မှတ် ထားလောက်အောင် လှပလွန်းလှတဲ့အတွက် ထိုအချိန်မှစပြီး ခြေထောက်များကို ငယ်စဉ်ကတည်းက ထုပ်ကြကာ ၁၉ ရာစုမှာတော့ တရုတ်ပြည်ရဲ့ တစ်ဝက်သောအမျိုးသားများဟာ ကြာဖူးခြေထောက်ပုံသဏ္ဍာန်ကို ပြုလုပ်ကြပြီး အထက်တန်းလွှာမှာတော့ လူချမ်းသာ အမျိုးသမီးအားလုံး နီးပါးမှာ ကြာဖူးခြေထောက် ပိုင်ဆိုင်ကြပါတယ်။ လက်ထပ်မယ့် မိန်းမပျိုလေးတွေဟာ အရိုးပေါ် အရေတင်အနေအထားနဲ့ ပိန်းပါးလွှရပြီး ခြေထောက်အတိုင်းဟာလည်း (၃) လက်မ၊ အလွန်ဆုံး (၄) လက်မသာ ရှိနေခဲ့ရပါတယ်။ ကိုယ်ခန္ဓာပြည့်ပြီး ခြေထောက်အတိုင်းသာ (၅) လက်မကျော်သွားခဲ့မယ် ဆိုလျှင်တော့ လက်ထပ်မယ့် အမျိုးသား မရှိတဲ့အပြင် အသိုင်းအဝိုင်းမှာ ဝိုင်းကျင်ခြင်းကိုလည်း ခံရလေ့ရှိခဲ့ပါတယ်။

READ
ကိုယ့်ကိုယ်ကိုယုံကြည်ရင် ရလာမယ့်အကျိုးကျေးဇူးများ
© Roland Belgrave Vintage Photography / wikipedia
မျက်နှာပေါ်မှာ အမှတ်အသားများပြုလုပ်ခြင်း

Beauty patches တွေဟာ ၁၈ ရာစုမှာ ခေတ်စားခဲ့ကြတဲ့ မျက်နှာအလှဆင် ပစ္စည်းလေးတွေ ဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ လူတန်းစားများကပဲ ပြုလုပ်လေ့ရှိပြီး အသည်းပုံ၊ ကြယ်ပုံသဏ္ဍာန် စသည်ဖြင့် ပုံသဏ္ဍာန် အမျိုးမျိုးကို မျက်နှာပေါ်မှာ ရေးဆွဲလေ့ရှိကြပါတယ်။ အခုခေတ်မှာလည်း ဒီဓလေ့ဟာ ပြန်လည်ခေတ်စားလာပါပြီ။

© greatpointmedia.com

Source: Bright Side

Penny

 

SHARE