ခေတ်စားနေတဲ့ 10 years challenge ကို အောင်မြင်စွာလုပ်နိုင်ခဲ့သူများ

Kiki Challenge, Falling Stars Challenge လိုမျိုးပဲ အခုတလောခေတ်စားနေတဲ့ challenge တစ်မျိုးရှိနေပါတယ်။ 10 Years challenge ပါ။ 10 years ဆိုတဲ့အတိုင်း ၂၀၁၉ ခုနှစ် သို့မဟုတ် ၂၀၁၈ ခုနှစ်တုန်းကရိုက်ခဲ့တဲ့ပုံတစ်ပုံနဲ့အတူ လွန်ခဲ့တဲ့ ဆယ်နှစ်ကဓာတ်ပုံတို့ကို ယှဉ်ပြရမယ့် challenge တစ်ခုဖြစ်ပါတယ်။

ဆယ်နှစ်တာအတွင်း ကိုယ်ဘာတွေပြောင်းလဲသွားသလဲ၊ ဘယ်လိုပြောင်းလဲမှုတွေဖြစ်လာသလဲဆိုတာကို ဓာတ်ပုံနှစ်ပုံချင်းယှဉ်တွဲကာ တင်ကြတာပါ။ ဒီ challenge ကို စင်္ကာပူဝန်ကြီးချုပ်အပြင် အနုပညာရှင်များနဲ့ သာမန်လူများကပါ ပါဝင်ခဲ့ကြပါတယ်။

ဒီအထဲကမှ အကောင်းဆုံးသော challenge တွေကို ဖော်ပြပေးချင်ပါတယ်။

Miracle အမည်ရှိကလေးမလေးဟာ မွေးခင်းစတုန်းက ၀.၇ ကီလိုဂရမ်သာရှိတဲ့အတွက် (၃) လအကြာဖန်ချောင်းပြခဲ့ရပါတယ်။ ဒါပေမဲ့ ဆယ်နှစ်အကြာမှာတော့ နာမည်နဲ့လိုက်အောင် ပဉ္စလက်ဆန်ဆန် ကျန်းကျန်းမာမာသွက်သွက်လက်လက်နဲ့ကြီးပြင်းလာခဲ့ပါတယ်။

READ
ခရစ္စတီယာနိုရော်နယ်ဒို လိုဖြစ်ရမယ်လို့ အိပ်မက်မက်ခဲ့ဖူးတဲ့ လိပ်နင်ဂျာလေး(သို့) အမ်ဘက်ပီ
Boredpanda

၂၀၀၉ ခုနှစ် Tommy တစ်ယောက်ဆေးဆွဲနေခဲ့တဲ့နှစ်ပေါ့။ ကိုကိန်းတွေ ဆေးလုံး ဆေးပြား အသီး အရွက်ပါမကျန် အကုန်သုံးဆွဲခဲ့ပြီး အရက်လည်းနေ့တိုင်းမူးရူးအောင် သောက်ခဲ့ပါတယ်။ အမြဲတမ်း စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားနေခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပေါ့။ ဒါပေမဲ့ နောက်ဆယ်နှစ်အကြာ၊ သူအသက် (၂၆) နှစ်ရောက်တဲ့အခါမှာတော့ ဘဝမှာနေထိုင်ရလာ ပျော်လယ်၊ ကိုယ့်ကိုယ်ကိုယံကြည်မှုတွေရှိလာခဲ့တယ်၊ ပြန်ပြီး ပြုံးရယ်လာခဲ့ကာ Tommy ရဲ့ ကမ္ဘာကြီးအရင်လို အရောင်အသွေးတွေ ပြန်စုံလာခဲ့ပါတယ်။

Boredpanda

ဒီဆယ်နှစ်အတွင်း မိသားစုနဲ့အတိုက်အခံလုပ်ပြီး ရရှိလာခဲ့တဲ့ သူ့ရဲ့ပြောင်းလဲခြင်းလေးပါ။

Boredpanda

အသက်ငယ်တုန်းကထက် အသက်(၁၀)နှစ်ကြီးလာတဲ့ အခါမှာ ပိုပြီး ကျန်းမာသန်စွမ်းပုံပေါက်နေပါတယ်။

Boredpanda

လိင်ဆိုတာ စာလုံးတစ်လုံးသာဖြစ်ပါတယ်။ ရခဲလှတဲ့ လူဘဝကြီးကို မိမိစိတ်ကြိုက် စီခြယ်လိုက်ပါ။

Boredpanda

အနည်းငယ်ရုပ်ရင့်သွားခဲ့ပေမယ့် အရင်ကထက် ပိုပျော်နေတယ်လို့ သူ့အပြုံးတွေကဖော်ပြနေပါတယ်။

Boredpanda

လူတိုင်းမှာ အလှကိုယ်ဆီရှိပါတယ်။ ကိုယ့်အလှကို ဘယ်လိုပေါ်အောင် လုပ်ရမလဲဆိုတာ သိနားလည်ဖို့ပဲလိုတာပါ။

READ
စတိတ်စင်ကြောက်နေတဲ့ သမီးလေးကို ဘဲလေးလိုက်ကပြီး အားပေးခဲ့တဲ့ဖခင်
Boredpanda

လွန်ခဲ့တဲ့(၁၀)နှစ်ကနဲ့ အခုကိုယ့်ဘေးမှာရှိနေတဲ့ ချစ်သူဟာ သူတို့လို တစ်ယောက်တည်းဆို ဘယ်လောက်များကောင်းမလဲ..

Boredpanda

သင် မလှတာ မဟုတ်ပါဘူး။ အသက်မကြီးသေးလို့ပါ။

Boredpanda

(၁၀)နှစ်အတွင်း ပြောင်းလဲခြင်းအကြီးကြီးကို လုပ်နိုင်ခဲ့ပါတယ်။

Boredpanda

R.M Pholoo ဟာ အာဖရိကမှ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက သူများသီချင်းခွေမိတ်ဆက်ပွဲမှာ သီချင်းတစ်ပုဒ်ဖျော်ဖြေခွင့်ရဖို့ အတင်းတောင်းပန်ခဲ့ရပါတယ်။ ဒီလိုပဲ ဘားဆိုင်လေးတွေ၊ ကလပ်တွေမှာလည်း သီချင်းဆိုခွင့်ဖို့ အမြဲကြိုးစားခဲ့ရသူပါ။ အခုအချိန်မှာတော့..

Boredpanda

နဂိုရှိပြီးသားအလှကို ခေတ်ရေစီးကြောင်းနဲ့အညီ ထုတ်ဖော်နိုင်ဖို့ပဲလိုပါတယ်။

Boredpanda

Source: Boredpanda

Penny

SHARE