စက္ကန့်(၃၀)အတွင်း ဘဏ်ကနေ ရူပီး(၁၀)သိန်းကျော် ခိုးသွားတဲ့ ချာတိတ်လေး

Youtube-10 year-old boy steals Rs.10 Lakhs from bank in Jawad area of Madhya Pradesh | Oneindia News Pixabay-rupixen

တစ်ကယ်လို့ သင်ဘဏ်မှာ ပိုက်ဆံအပ်နေတဲ့အချိန်အတွင်း ဘဏ်ထဲကို ဆယ်ကျော်သက်ကလေးတစ်ယောက်လာရင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။ နောက်ဆုံး ဘဏ်ဝန်ထမ်းတွေရှိတဲ့ အတွင်းခန်းထဲထိ ဝင်သွားရင်တောင် လူတော်တော်များများ အဲဒီကလေးကို သတိထားမိမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကလေးဆိုပြီးလဲ သွားအထင်သေးလို့ မရပါဘူး။ အခုလည်း မကြာသေးခင်က အိန္ဒိယနိုင်ငံက ဘဏ်တစ်ခုမှာ ဆယ်ကျော်သက်ကလေးတစ်ယောက်ဟာ ဘဏ်ထဲဝင်လာပြီး စက္ကန့် ၃၀ လောက်အတွင်းမှာတင် ဘဏ်ပိုက်ဆံ ရူပီး ၁၀ သိန်းကျော်ကို ခိုးယူသွားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-rupixen

အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်အတွင်းရှိ ဘဏ်တစ်ခုမှာ ရူပီး ၁၀ သိန်းကျော် အခိုးခံခဲ့ရပါတယ်။ အဆိုပါနေ့က ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ ဘဏ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဘဏ်လုံခြုံရေးတွေကလည်း ဘဏ်ကိုလာတဲ့ လူတွေထဲက တစ်ယောက်ယောက်နဲ့ ပတ်သတ်နေမယ်ထင်ပြီး အဆိုပါကလေးလေးကို တားဆီးခြင်းမရှိခဲ့ပါဘူး။ အဲဒီနောက် သိပ်မကြာခင်မှာပဲ  အဆိုပါကလေးလေးဟာ ဘဏ်အပြင်ကို ရုတ်တရက် ပြေးထွက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘဏ်လုံခြုံရေး မသင်္ကာလို့ CCTV ကို စစ်ကြည့်တဲ့အချိန်မှ အဆိုပါကလေးလေးဟာ ဘဏ်ငွေသွင်းကောင်တာမှ ရူပီး ၁၀ သိန်းကျော်ကို ခိုးယူထွက်ပြေး သွားခဲ့ပါတယ်။ ကလေးလေးရဲ့ အသက်ဟာ (၁၀)နှစ်နဲ့(၁၄)နှစ်ကြားလောက်ပဲ ရှိဦးမယ်လို့ သိရပါတယ်။

READ
ရဲကစစ်မေးနေစဉ် အဖမ်းခံရသူက လေခဏခဏလည်လို့ စစ်မေးခြင်းကို ရပ်နားခဲ့ရ

“CCTV ထဲမှာ တွေ့ရတဲ့အတိုင်း အဲဒီကောင်လေးဟာ ကောင်တာမှာထိုင်နေတဲ့ ဘဏ်ဝန်ထမ်းအလစ်ကို စောင့်နေတာပါပဲ။ ဘဏ်ဝန်ထမ်းထိုင်ခုံပေါ်က ထသွားတာနဲ့ အထဲကိုဝင်ပြီး ရူပီး ၁၀ သိန်းကျော်ကို အသာလေး ခိုးသွားတာပါ။ ပြီးတော့ သူ့အရပ်က ပုတော့ သာမန်လူတွေ သတိထားမိမှာ မဟုတ်ပါဘူး။ နောက်တစ်ချက်ကတော့ သူယူပြီးပြီးချင်း သူနဲ့ မလှမ်းမကမ်းက လူတစ်ယောက်ကို လှမ်းကြည့်ပြီး အခြေအနေကို သုံးသပ်နေပုံပဲ။

ဟိုလူက ခေါင်းတစ်ချက်ဆတ်ပြလိုက်တာနဲ့ ဘဏ်အပြင်ကို ပြေးထွက်သွားတာပါပဲ။ ဒါ့ကြောင့် သူတို့ဟာ ကလေးဂိုဏ်တစ်ခုပါပဲ။ ကလေးတွေကို ဗန်းပြပြီး မကောင်းမှုဒုစရိုက်မျိုးစုံ လုပ်စားနေတဲ့ပုံပါပဲ။ CCTV record တွေကို ခြေရာခံပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။ မကြာခင်အချိန်အတွင်းအဲဒီဂိုဏ်းကို ဖမ်းဆီးနိုင်အောင် ကြိုးစားပါ့မယ်” လို့ Madhya Pradesh ပြည်န်ာရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

READ
ကျော်ကြားမှုကို အသုံးချပြီး စီးပွားရေးကျပ်တည်းနေတဲ့မုဆိုးမကို ကူညီခဲ့တဲ့ ချောင်ယွန်ဖတ်
Youtube-10 year-old boy steals Rs.10 Lakhs from bank in Jawad area of Madhya Pradesh | Oneindia News

Pyi Hein Kyaw

SHARE