ဆန္ဒတွေ အကောင်အထည်ဖော်ခွင့် ရခဲ့တဲ့ (၁၀)နှစ်သား နှလုံးရောဂါသည်ကောင်လေး

Twitter/MakeAWish

ကလေးတော်တော်များများဟာ သူတို့တွေသဘောကျနှစ်ခြိုက်တဲ့သူရဲကောင်းတော်တော်များများနဲ့တွေ့ဆုံဖို့စိတ် ကူးရှိသလို သူရဲကောင်းတွေလိုပဲဖြစ်ချင်ကြတဲ့စိတ်ကူးတွေလည်းရှိကြပါတယ်။ အဲ့လိုပဲ ဖလော်ရီဒါပြည်နယ်က (၁၀)နှစ်အရွယ်ကောင်လေး Gaige Pike ဟာလည်း သူရဲကောင်း တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်။ အထူးသဖြင့် ရာဇ၀တ်မှုတွေကိုတိုက်ခိုက်နှိမ်နင်းတဲ့ စက်ရုပ်တစ်ရုပ်ဖြစ်ချင်ခဲ့ပါတယ်။

Gaige က နှလုံးရောဂါဝေဒနာကိုခံစားနေရတဲ့ကလေးတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ကိုယ်သူ ROBOGaige ဆိုပြီး အသွင်ပြောင်းပေးဖို့တောင်းဆိုခဲ့တယ်လို့ Make-A-Wish America အဖွဲ့ကပြောပြခဲ့ပါတယ်။

Posted by Make-A-Wish Central and Northern Florida on Thursday, February 27, 2020

လူတွေကိုကယ်တင်ချင်တယ်လို့ Gaige က CNN ကိုပြောပြခဲ့ပါတယ်။ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှာတော့ သူ့ရဲ့ဆုတောင်းတွေအမှန်တစ်ကယ်ကိုဖြစ်လာခဲ့ပါတယ်။

Gaige ရဲ့ဆန္ဒတွေပြည့်ဝဖို့ Make-A-Wish America အဖွဲ့နဲ့ အဖွဲ့အစည်းများစွာပူးပေါင်းပြီး (၃)လနီးပါးကြား အချိန်ယူစီစဉ်ခဲ့ရတဲ့ ဘဏ်လုယက်မှုအတုကိုပြုလုပ်ခဲ့ပါတယ်။ဒီလုယက်မှုမှာ ROBOGaige တစ်ဖြစ်လဲ Gaige ဟာ ဓားပြတွေကို လေဆာတွေနဲ့ပစ်ပြီး ရဲတွေကိုကူညီဖမ်းပေးခဲ့တဲ့ဗီဒီယိုကို လူမှုဝန်ဆောင်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Make-A-Wish Central and Northern Florida အဖွဲ့အစည်းရဲ့ Facebook page မှာတင်ခဲ့ပါတယ်။

 

UPDATE: ROBOGaige saves a man from a collapsed building

Posted by Orange County Sheriff's Office, Florida on Thursday, February 27, 2020

အဲ့ဒီနောက်မှာတော့ ROBOGaige ဟာ မီးသတ်သမားတွေကိုမီးငြိမ်းသတ်ဖို့ကူညီခဲ့တဲ့အပြင် မီးလောင်နေတဲ့ အဆောက်အဦးထဲ လူတစ်ဦးကိုကယ်ဆယ်မှုတွေလုပ်နေတဲ့နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုကိုလည်း အဆိုပါအဖွဲ့အစည်း က သူတို့ရဲ့ page မှာတင်ခဲ့ပါတယ်။ ဒီကယ်ဆယ်ရေးလုပ်ဆောင်မှုဟာလည်း Gaige လေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ လုပ်ဆောင်ထားတဲ့ မီးလောင်မှုအတုတစ်ခုဖြစ်တယ်လို့လည်းရှင်းပြခဲ့ပါတယ်။

READ
အကြွင်းမဲ့မေတ္တာတရားရဲ့ အံ့ချီးဖွယ်ကောင်းပုံကို သရုပ်ပေါ်စေတဲ့ ပုံရိပ်များ

 

ဇာတ်သိမ်းအနေနဲ့ ပြိုကျနေတဲ့အဆောက်အအုံထဲကနေအမျိုးသားတစ်ဦးကို Gaige လေးက ကယ်ဆယ်နိုင်ခဲ့တဲ့ အခြေအနေပုံစံမျိုးဖန်တီးဆောင်ရွက်ပေးခဲ့တယ်လို့ Orange County Sheriff ဌာနရဲ့အရာရှိတစ်ဦးက ပြောပြခဲ့ပါ တယ်။

ကယ်ဆယ်ရေးတွေလုပ်ဆောင်အောင်မြင်ခဲ့ပြီးနောက်မှာတော့ မီးသတ်သမားတွေက Gaige ရဲ့လက်မောင်းကိုဆုပ် ကိုင်ပြီး ROBOGaige! ROBOGaige! ဆိုပြီး ကြွေးကြော်ဂုဏ်ပြုပေးခဲ့ကြပါတယ်။

 

အဲဒီနောက်မှာတော့ Gaige ဟာ နိုင်ငံသားတွေရဲ့ကျေးဇူးတင်ဂုဏ်ပြုခြင်းကို လက်ခံရရှိခဲ့ပါတယ်။

Posted by Make-A-Wish Central and Northern Florida on Thursday, February 27, 2020

ဒါ့အပြင် Gaige ဟာ ဂုဏ်ထူးဆောင်လက်ထောက်နဲ့မီးသတ်သမားတစ်ယောက်ဖြစ်ကြောင့် ကျမ်းသစ္စာကျိန်ဆိုခဲ့ရတဲ့ အပြင် Disney World မှ Mickey Mouse ကိုယ်တိုင်လာရောက်ပြီး အထူးဆုကိုချီးမြှင့်ပေးခဲ့ကြောင်း Make-A-Wish အဖွဲ့ရဲ့ page မှာတင်ထားတဲ့ အခမ်းအနားကပုံတွေအရသိရပါတယ်။

 

ဒီလိုချီးကျူးဂုဏ်ပြုမှုတွေလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးအရမ်းတင်ကြောင်း Gaige ရဲ့အမေကပြောကြားခဲ့ပါတယ်။ အခုတော့ ကျွန်မသားလေးရဲ့ဆန္ဒတွေပြည့်ဝသွားခဲ့ပြီလို့လည်း ၀မ်းသာအားရ ရှင်းပြပေးခဲ့ပါတယ်။

Thae Su

SHARE