ဆယ်နှစ်ကြာ ကိုမာဖြစ်နေတဲ့အမျိုးသမီး ကလေးမွေးခဲ့လို့ တရားခံကိုစုံစမ်းနေရတဲ့အမှု

အယ်ရီဇီုးနားအခြေစိုက် စောင့်ရှောက်ရေးဂေဟာတစ်ခုမှာ ကိုမာဝေဒနာသည်အမျိုးသမီးတစ်ဦး ကလေးမီးဖွားခဲ့လို့ အုပ်အောသောင်းနင်းဖြစ်ခဲ့ရပါတယ်။

(၂၀၁၈) ဒီဇင်ဘာလ (၂၉) ရက်နေ့မှာ မီးဖွားခဲ့ပြီး ဒီကိစ္စဟာ တိုင်းအဆင့်အထိပေါက်ရောက်သွားတာကြောင့် ရဲတပ်ဖွဲ့မှ (၂၀၁၉) ဇန်နဝါရီလ (၂) ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

Hacienda Healthcare မှာ (၁၀) နှစ်ကျော်ကြာ ကိုမာအနေအထားနဲ့ အမျိုးသမီးလူနာတစ်ယောက် ဆေးရုံတက်နေရပါတယ်။ အမျီုးသမီးဟာ (၂၉) နှစ်ရှိနေပြီဖြစ်ပြီး ကိုမာဖြစ်နေတဲ့အတွက် စကားမပြောနိုင်၊ မျက်လုံးမဖွင့်နိုင်ဖြစ်ကာ မေ့မြောနေဟန်နဲ့ဆင်တူပါတယ်။

ဒီလိုဝေဒနာရှင်ဟာ ထူးခြားစွာနဲ့ ကလေးလေးမွေးထားတာကို ဆေးရုံဝန်ထမ်းမှတွေ့ခဲ့ပါတယ်။ ဆေးရုံမှ သူမဗိုက်ကြီးနေတယ်ဆိုတာကို ဂရုမပြုမိတဲ့အတွက် ကလေးလေးဟာ ဘယ်သူ့အကူအညီမှမပါဘဲ ဒီအတိုင်းမွေးထွက်လာတာလို့သိရပါတယ်။

Google Map

သူမဗိုက်ကြီးနေတာ ဘယ်သူမှလည်းမသိတဲ့အတွက် မွေးလာတဲ့ကလေးဟာ ဗိုက်ထဲမှာ ရေမွန်းတာအပြင် အခြားသောအခက်အခဲတွေ များစွာကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ အခုအခါမှာတော့ သူတို့နှစ်ယောက်စလုံး ဆေးကုသမှုခံယူနေပြီး စိုးရိမ်ဖွယ် အခြေအနေ မရှိတော့ဘူးလို့ သိရပါတယ်။

READ
လူနာ(၂၀) ကျော်လောက်ထိ အဆိပ်ခတ် သတ်ပစ်ဖို့ ကြံစည်ခဲ့တဲ့ နှလုံးသားမဲ့ သူနာပြု

ဒီအကြောင်းကိုသိသိချင်းပဲ သက်ဆိုင်ရာရဲဌာနကို အကြောင်းကြားခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်တဲ့အချိန်မှာတော့ လိင်အကြမ်းဖက်မှုလို့ယူဆကာ တရားခံကို လိုက်လံရှာဖွေနေပါတယ်။ နစ်နာသူရဲ့မိသားစုမှလည်း ဒီအကြောင်းကိုကြားကြားခြင်း တုန်လှုပ်ကာမယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရပြီး လုံခြုံရေးအင်အားနည်းပြီး လူနာအပေါ်ဂရုမစိုက်တဲ့ ဆေးရုံကိုသာ အပြစ်တင်နေရပါတယ်။

(၁၁) ရက်သားရှိနေပြီဖြစ်တဲ့ကလေးလေးကိုတော့ မိသားစုမှပဲ ခေါ်ယူမွေးထားမှာဖြစ်ပြီး လူနာကိုအဓမ္မပြုကျင့်သွားတဲ့တရားခံကိုသာ အမြန်ဆုံးဖမ်းမိစေချင်နေကြပါတယ်။

Phoenix Police Department

ရဲဌာနကတော့ ရှေးဦးစွာ ဆေးရုံမှအမျိုးသားဝန်ထမ်းများရဲ့ မျိုးရိုးဗီဇနမူနာတွေကိုယူထားပြီး အရင်ဆုံးစစ်ဆေးမယ့်တွေထဲ နံပါတ်တစ်ဦးစာပေးဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးရုံမှ ဘုတ်အဖွဲ့ဝင်များကလည်း နစ်နာသွားတဲ့လူနာနဲ့ ဆေးရုံဝန်ထမ်းတွေအကြား အကယ်၍များခန့်မှန်းချက်မှတ်ခဲ့သည်ရှိသော် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Source: Daily Mail

 

SHARE