PS4 ဂိမ်းစက်ဝယ်ဖို့ သရက်သီးဖျော်ရည် ရောင်းပြီးပိုက်ဆံစုနေတဲ့ (၁၀)နှစ်သား ကောင်လေး

[email protected] Nur Dinie

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ လူတော်တော်များများကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ရင် အရင်းအနှီးရှိမှ၊ အတွေ့အကြုံရှိမှ လုပ်နိုင်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် အခုဆိုရင် အသက် ၁၀ နှစ်အရွယ်ရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ နေ့စဉ်သရက်သီးဖျော်ရည်ရောင်းပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေပါတယ်။ ဒီလိုအသက်ငယ်ငယ်နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ ကောင်လေးရဲ့ ရည်မှန်းချက်ဟာ သူ့ပိုက်ဆံနဲ့သူ PS4 ဂိမ်းစက်ဝယ်ချင်လို့ဖြစ်ကြောင်း World Of Buzz သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Posted by Sally Nur Dinie on Sunday, May 31, 2020

 

မလေးရှားနိုင်ငံရှိ အသက် ၁၀ နှစ်အရွယ်သာရှိသေးတဲ့ Danish Izzuddin လို့ အမည်ရတဲ့ ကောင်လေးဟာ PS4 ဂိမ်းစက်ကို အရမ်းလိုချင်တဲ့အတွက်ကြောင့် သူ့မိဘတွေကို ပူဆာမိပါတယ်။ ဒါပေမယ့် Danish ရဲ့ မိဘတွေကတော့ Danish တစ်ယောက် ကျောင်းစာမေးပွဲမှာ အဆင့်တစ်ရမှ ဝယ်ပေးမယ်လို့ ကတိပြန်ပေးခဲ့ပါတယ်။ ဒီတော့ Danish ဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ပြီး ဂိမ်းစက်ဝယ်ဖို့ စဉ်းစားကာ သူ့ရဲ့ ဖခင်ဖြစ်သူကို တိုင်ပင်ခဲ့ပါတယ်။ ဒီလိုနဲ့ Danish ရဲ့ဖခင်ဟာ သူ့သားကို သရက်သီးဖျော်ရည်ကိုယ်တိုင်ရောင်းပြီး ပိုက်ဆံရှာဖို့ အကြံပေးခဲ့ပါတယ်။

READ
Hulk ခန္ဓာနဲ့ နှစ်လိုဖွယ် အရုပ်မ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ Muscle Barbie
[email protected] Nur Dinie

Danish လေးဟာ သူ့အဖေဆီက အကြံရရချင်း အသက် ၁၇ နှစ်အရွယ်ရှိ သူ့အမဖြစ်သူ Sally Nur Dinie နဲ့တိုင်ပင်ပြီး သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း သေးသေးလေးအတွက် facebook, twitter အစရှိတဲ့ ဆိုရှယ်မှဒီယာတွေမှာ page ထောင်ပြီး ဈေးရောင်းခဲ့ပါတယ်။ ဒီလိုဆိုရှယ်မီဒီယာကနေ Danish ရဲ့ သရက်သီးဖျော်ရည်ရောင်းတဲ့ ပို့စ်ဟာ အချိန်တိုအတွင်းမှာ လူသိများခဲ့ပြီး ဝယ်ယူအားပေးတဲ့သူတွေများလွန်းလို့ တစ်နေ့တစ်နေ့ သရက်သီးဖျော်ရည်လုပ်ရတာ လက်မလည်ကြောင်း ပြောကြားခဲ့ပါတယ်။

[email protected] Nur Dinie

“အစကတော့ အဲဒီလောက်အထိရောင်းရမယ်လို့ တစ်ကယ်မထင်ခဲ့ပါဘူး။ အခုဆိုရင် တစ်နေ့တစ်နေ့ သရက်သီးဖျော်ရည်လုပ်ရတာ အနည်းဆုံး ဗူး ၁၀၀ ကျော်ရှိပါတယ်။ ဖျော်ရည်ကတော့ မောင်လေးကော၊ ကျွန်မကောကိုယ်တိုင် လုပ်တာပါ။ အဖေနဲ့အမေကတော့ သရက်သီးဖျော်ရည်တွေ လိုက်ပို့ပေးပါတယ်။ အခုလို သမီးတို့ဆီက ဝယ်ယူအားပေးတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ Sally က ပြောကြားခဲ့ပါတယ်။

READ
ထောင်ကျနေပေမယ့် စာကြိုးစားပြီး ဒီပလိုမာဘွဲ့တွေရယူနိုင်ခဲ့တဲ့ အကျဉ်းသား(၇၈)ယောက်

Pyi Hein Kyaw

SHARE