(၅)မိနစ်စာကို လက်မှတ်တစ်စောင် ဒေါ်လာ(၁,၀၀၀) ပေးကြည့်ရတဲ့ ပါရီမျက်လှည့်ရှိုး

ဒတ်ခ်ျမျက်လှည့်ပညာရှင် ဟန်းစ်ကလော့ခ်ဟာ (၅) မိနစ်တာအတွင်း အံ့မခန်းမျက်လှည့်ပြကွက်(၁၅) ကွက်ကို ပြသပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ (၅) မိနစ်စာ မျက်လှည့်ကို ကြည့်မယ်ဆိုရင်တော့ လက်မှတ်တစ်စောင်ကို ဒေါ်လာ(၁,၀၀၀) ပေးပြီး ပါရီမှာကြည့်ရမှာ ဖြစ်ပါတယ်။

ဟန်းစ်ကလော့ခ်ကို ဖေဖော်ဝါရီလ(၂၂) ရက် (၁၉၆၉) ခုနှစ် နယ်သာလန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ဒတ်ခ်ျလူမျိုး မျက်လှည့်၊ ရုပ်ပြောင်းရုပ်လွှဲပညာရှင်နဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အသက်(၁၀) နှစ်အရွယ်မှာ ဟန်းစ်ဟာ မျက်လှည့်ပြတဲ့ ပစ္စည်းကိရိယာတစ်စုံကို လက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူငယ်ချင်းတွေရဲ့ မွေးနေ့ပါတီတွေမှာ သူက မျက်လှည့်သမားအဖြစ် စတင်ဖျော်ဖြေခဲ့ပါတယ်။

wikiwand

သူဟာ မျက်လှည့်ပညာရပ်မှာ ၀ါသနာထုံခဲ့ပြီး ဆယ်ကျော်သက်အရွယ်မှာတော့ မျက်လှည့်အတတ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက်(၁၄) နှစ်မှာ နယ်သာလန်ရဲ့ လူငယ်မျက်လှည့် ချန်ပီယံတစ်ယောက် ဖြစ်လာပြီး အသက်(၂၃) နှစ်ကစတင်ကာ ကမ္ဘာတစ်ဝှမ်း ဖျော်ဖြေမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဟန်းစ်ကလော့ခ်ဟာ နယ်သာလန်က ချီးမြှင့်တဲ့ ထူးချွန်ဆုတွေအပြင် မျက်လှည့်အတတ်နဲ့ ပတ်သက်တဲ့ အခြားဆုပေါင်းများစွာကိုလည်း ရရှိခဲ့ပါတယ်။ (၂၀၁၄) ခုနှစ် ဇန်န၀ါရီလမှာတော့ (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မွန်တီကာလို ဆက်ကပ်ပွဲတော်မှာ ဘယ်သူမှ မရရှိဖူးသေးတဲ့ Silver Clown ဆုကြီးကို ဟန်းစ်ကလော့ခ်က ဆွတ်ခူးရရှိခဲ့ပါသေးတယ်။

READ
လက်,မရှိပေမယ့် ဓာတ်ပုံအစစ်နဲ့မခြား ရုပ်ပုံတူတွေ ရေးဆွဲနိုင်စွမ်းရှိတဲ့ အမျိုးသား

ဟန်းစ်ကလော့ခ်ရဲ့ ငါးမိနစ်စာပြကွက်တွေဟာ မြန်ဆန်လွန်းလို့ မျက်တောင်ခတ်ဖို့တောင် မေ့နေရလောက်အောင်ပါပဲ။ အောက်ဘက်မှာတော့ လက်မှတ်ကို ဈေးကြီးပေးဝယ်ရပေမယ့် ပေးရတာနဲ့ တန်လောက်အောင် တင်ဆက်ပြသသွားတဲ့ ပါရမီရှင် ဟန်းစ်ကလော့ခ်ရဲ့ မှော်မျက်လှည့်ပြပွဲကို ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE