ယောက်ျားမယူဖြစ်ခဲ့လို့ အသက်ရှည်ရတာဖြစ်မယ်ဆိုတဲ့ ၁၀၇ နှစ်အရွယ်ဖွားဖွား

@JLaytonTV/Twitter

လူ့သက်တမ်းကအခုဆိုရင် ၆၀၊ ၇၀ တန်းလောက်မှာပဲ ရှိနေပါပြီ။ ဒီလိုမျိုးအခြေအနေအမှာ အသက် ၁၀၀ ကျော်နေရတယ်ဆိုတဲ့ ဖိုးဖိုးဖွားဖွားတွေမြင်ရင် တကယ့်ကို အံ့သြရပါတယ်။ အခုလည်း Louise Signore ဆိုတဲ့ ဖွားဖွားဟာ ၂၀၁၉ ဇူလိုင်လ ၃၁ ရက်နေ့တုန်းက အသက် ၁၀၇ နှစ်ပြည့်သွားခဲ့ပြီဆိုပြီး New York က CBS News မှ ဖော်ပြထားခဲ့ပါတယ်။

ဖွားဖွား Louis ဟာ ၁၉၁၂ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ နယူးယောက်ရဲ့မြို့လည်ခေါင် မန်ဟက်တန်မြို့မှာ မွေးဖွားခဲ့ပြီး Bronx မှာ အသက် ၁၄ နှစ်ကတည်းက နေထိုင်ခဲ့သူတစ်ယောက်ပါ။ အခုလည်း ဘိုးဘွားရိပ်သာမှာ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ဖွားဖွားမွေးနေ့အတွက်ဆိုပြီး အယောက် ၁၀၀ လောက်စုကာ ပါတီပွဲကျင်းပပေးတာကိုတောင် ပါတီတွေတက်ရလွန်းလွန်းပျင်းတောင်ပျင်းနေပြီဆိုပြီး ရွှတ်နောက်ခဲ့ပါသေးတယ်။

 

ပန်းနုရောင်လေးဝတ်ဆင်ပြီး အခုအချိန်အထိ ချစ်ဖို့ကောင်းဆဲဖြစ်နေတဲ့ Louis ကို အသက်မပြောရင် ဘယ်သူက ၁၀၇ နှစ်လို့ ထင်မိမှာလဲနော်။ ဖွားဖွား Louis ဟာ အခုအရွယ်အထိ လမ်းလျှောက်တုတ်ကောက်တွေဘာတွေ၊ တွဲမယ့်သူတွေမပါဘဲလည်း တစ်ယောက်လည်း သွက်သွက်လက်လက်သွားလာနိုင်တဲ့အထိကို သန်မာနေတုန်းပါပဲ။ အခုအချိန်အထိ သွေးတိုးရောဂါကာကွယ်ဖို့အတွက်ကလွဲရင် ဘာဆေးမှ မသောက်ရသေးပါဘူးတဲ့။

READ
လေထဲခုန်တဲ့ပို့စ်နဲ့ဓာတ်ပုံအရိုက်ခံတဲ့ကျောင်းသူ ချောက်ထဲပြုတ်ကျသေဆုံး

ဖွားဖွားဘာကြောင့် ဒီလောက်အသက်ရှည်ရသလဲလို့ မေးတဲ့အခါမှာတော့ Louis က တစ်ကိုယ်တည်းအပျိုကြီးဖြစ်နေလို့နမှောပေါ့၊ သူ့ညီမကတောင် အမြဲတမ်း ငါယောက်ျားမယူခဲ့မိရင်ကောင်းသားဆိုပြီး ညီးညီးနေတတ်တယ်လေ လို့ ရွှတ်နောက်ပြီး ပြန်ဖြေခဲ့ပါတယ်။ Louis ဟာ ငယ်ငယ်ကတည်းက အကဝါသနာပါသူပီပီ အခုအချိန်အထိလည်း ဘိုးဘွားရိပ်သာမှာ လေ့ကျင့်ခန်းလုပ်လိုက်၊ အကလေးကလိုက်၊ နေ့လည်စာစားပြီးရင် ဘင်ဂိုကစားနည်းဆော့လိုက်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။

နမိုးနီးယားကြောင့် အမြင်အာရုံချို့ယွင်းခဲ့ပြီး အသက် ၁၀၃ နှစ်တုန်းကလည်း အိမ်ကိုအနုကြမ်းစီးတဲ့ ဓားမြတွေလက်ထဲကနေ အသက်ရှင်လျက်လွတ်မြောက်ခဲ့တာတွေသာ ဖြစ်ခဲ့ရင် ဖွားဖွား Louis တစ်ယောက် အခုလို ၁၀၇ နှစ်အထိ အသက်ရှည်မှာ မဟုတ်ပါဘူး။

Penny

 

SHARE