Bad Genius ထဲက မင်းသမီးအကြောင်း သင်မသိသေးတဲ့ အချက် (၁၁) ချက်

Bad Genius ကတော့ အာရှမှာတင်မဟုတ်ပဲ ဥရောပမှာပါ အရမ်းကို နာမည်ကြီးခဲ့တဲ့ ထိုင်းဇာတ်ကားတစ်ကားပါ။ (၂၀၁၇) ခုနှစ် မေလ (၃)ရက်နေ့မှာ ထွက်ရှိခဲ့တာပါ။ဝင်ငွေတွေ အများကြီး ရခဲ့တဲ့ ဇာတ်ကားလေးပါ။ဒီဇာတ်ကားမှာ Lynn ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့သူလေးကတော့ Natural ဆန်တဲ့ အလှပိုင်ရှင်လေးပါ။နတ် သမီးလေးလိုလှတာတွေ၊ဘာဘီမလေးလို လှတာတွေ ဆိုတဲ့ အရမ်းမှုန်နေအောင်လှတဲ့ အလှထက် သဘာဝ အလှ လေး ကို ကြိုက်တဲ့ အမျိုးသားတွေကြားမှာတော့ အရမ်းကို ရေပန်းစားခဲ့သူလေးပါ။ပရိသတ်တော်တော် များများ မသိ ကြ တဲ့ သူမရဲ့ အကြောင်းလေးတွေကို ဖော်ပြ ပေးချင်ပါတယ်။

photo – Aokbab’s IG

(၁)နာမည်အရင်း၊မွေးနေ့

photo – Aokbab’s IG

သူမရဲ့ နာမည်အရင်းကတော့ Chutimon Chuengcharoensukying ပါ။NickName ကတော့ Aokbab  ပါ။ ထိုင်းမော်ဒယ်၊မင်းသမီးချောလေးပါ။(၁၉၉၆)ခုနှစ် ဖေဖော်ဝါရီ (၂)ရက်နေ့မှာ မွေးဖွားခဲ့သူလေးပါ။

(၂)သူမရဲ့ ပထမဆုံး ပွဲဦးထွက် ဇာတ်ကား

photo – Aokbab’s IG

Aokbab  ရဲ့ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားက ဘာလဲဆိုတာကို ပရိသတ်တွေ သိချင်ကြမှာပါ။မော်ဒယ်ဖြစ်တဲ့ သူမဟာ (၂၀၁၇)ခုနှစ်မှာ မင်းသမီးအဖြစ်ပွဲဦးထွက်ခဲ့ပါတယ်။သူမရဲ့ ပထမဆုံးဇာတ်ကားကတော့ တခြားမဟုတ် ပါဘူး။Bad Genius ပါ။

(၃)မော်ဒယ်မလေးဖြစ်တဲ့ သူမရဲ့ အရပ်အမြင့်က……..

photo – Aokbab’s IG

ပိန်ပိန်သွယ်သွယ် Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ Aokbab  ရဲ့ အရပ်ကတော့ ( 1.75m) ပါ။

READ
စက်ဘီးစီးဖို့ လှုံ့ဆော်နေကြတဲ့ ဟောလိဝုဒ်စတားများ

(၄)New York Asian ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့ဖူး

photo – Aokbab’s IG

(2017)New York Asian Film Festival ပွဲမှာ ဆုရခဲ့ဖူးပါတယ်။သူမဟာ ဒီဆုပေးပွဲမှာ Screen Internatio nal Rising Star Asia award ရတဲ့ ပထမဆုံး ထိုင်းအနုပညာရှင်ပါ။

(၅)သူမတက်ရောက်နေတဲ့ ကျောင်း

photo – Aokbab’s IG

Chulalong Korn တက္ကိသိုလ်မှာ Faculty of Fine and Applied Art ကို လေ့လာသင်ယူနေပါတယ်။

(၆)မော်ဒယ် စလုပ်တဲ့ အသက်

photo – Aokbab’s IG

သရုပ်ဆောင်ကိုတော့ (၂၀၁၇)မှ စလုပ်ပေမယ့် မော်ဒယ်လောကထဲကို ရောက်နေတာကတော့ ကြာပါပြီ။သူမ အသက် (၁၅)နှစ်သမီးအရွယ်တည်းက မော်ဒယ်လုပ်လာခဲ့တာပါ။

(၇)Harper’s Bazzor UK မှာ ပါဝင်ခဲ့ဖူး

photo – Aokbab’s IG

သူမဟာ Harper’s Bazzor UK မှာ ပါဝင်ခွင့်ရခဲ့တဲ့ ပထမဆုံး ထိုင်းမော်ဒယ်ပါ။အောက်တိုဘာ (၂၀၁၃) ထုတ် မှာ ပါဝင်ခွင့်ရခဲ့တာပါ။

(၈)သူမတကယ်ဖြစ်ချင်ခဲ့တဲ့ အိမ်မက်

photo – Aokbab’s IG

ငယ်ငယ်တုန်းက သူမဖြစ်ချင်ခဲ့တဲ့ အရာကတော့ ဆရာဝန်ပါ။ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။

(၉)သူမရဲ့ Nickname ကို မုန်း

READ
Weekend Box Office ရဲ့ Top 5 စာရင်းဝင် ဇာတ်ကားများ (November 2-4)
photo – Aokbab’s IG

သူမရဲ့ nickname “Aokbab” ရဲ့ အဓိပ္ပါယ်ကတော့ အင်္ဂလိပ်လို ‘to design’ လို့ အဓိပ္ပါယ်ရပါတယ်။သူမ Grade 6 တည်းကစပြီး သူငယ်ချင်းတွေက အမြဲတမ်းလှောင်ကြ၊ပြောင်ကြလို့ ဒီနာမည်ကို အရမ်း မုန်းတယ်လို့ ဆိုပါတယ်။

(၁၀)သူမပါဝင်ခဲ့ဖူးတဲ့ ဇာတ်ကားများ

photo – Aokbab’s IG

Bad Genius ဇာတ်ကားအပြင် သူမပါဝင်ထားတဲ့ တခြားဇာတ်ကားတွေလည်းရှိပါတယ်။Thank You For Sharing ၊ Die Tomorrow ၊TV စီးရီးအနေနဲ့ဆိုရင် Love Books Love Series: Dark Fairy Tale ၊ Muang Maya Live The Series :Mayalove online  တို့မှာ ပါဝင်ခဲ့ဖူးပါတယ်။

(၁၁)ဆိုရှယ်မီဒီယာသုံး

သူမရဲ့ Instagram မှာတော့ Followers (473k) ရှိပါတယ်။

 

View this post on Instagram

 

สรุปยังไงนะคะ

A post shared by Chutimon Chuengcharoensukying (@aokbab) on

ref wiki/thainews

SHARE