အကျဉ်းသားတွေကို ဂီတနဲ့ ညှင်းပန်းနှိပ်စက်ရာမှာ CIA အသုံးပြုခဲ့တဲ့ သီချင်း ၁၁ ပုဒ်

ဂီတနဲ့ ညှင်းပန်းနှိပ်စက်မှု ပြုတာကို အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ(CIA)က ၂၀၀၀ ခုနှစ် အစောပိုင်းကတည်းက ကျင့်သုံးလာတာဖြစ်ပါတယ်။ ဒါက အကျဉ်းသာတွေမှာ အကြောက်တရားတွေ၊ စိတ်ရှုပ်မှုတွေ၊ အချိန်ကြာကြီး စိတ်ခြောက်ခြားမှုတွေ ဖြစ်ပေါ်အောင် ဖန်တီးဖို့ ရည်ရွယ်ခဲ့တာပါ။

၂၄ နာရီလောက် သီချင်းတစ်ပုဒ်တည်းကို နားထောင်တဲ့အခါမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ် လုပ်ဆောင်ပုံတွေက စတင် လွဲချော်လာပါတယ်။  အတွေးအဟုန်တွေဟာလည်း နှေးလာမယ်၊ စိတ်ဓာတ်တွေ ကျဆင်းလာမယ်၊ အဲ့ဒီ့လိုအချိန်မှာမှ အကျဉ်းသားတွေကို တွေ့ပြီး စကားပြောတာဖြစ်တယ်။

ဒီ ဂီတနဲ့ ညှင်းပန်းနှိပ်စက်မှု ပြုတာက တော်တော်လေး နာမည်ကြီးပါတယ်။ ဘာကြောင့်လဲ… လူကြားကောင်းတာကိုး။ ဒါပေမယ့် ဒီလို နှိပ်စက်မှုမျိုးကို တွေ့ကြုံ ခံစားရဖူးသူတွေအတွက်ကတော့ သိပ်ကို သွေးပျက် ခြောက်ခြားစရာကောင်းပြီး ကိုယ့် သိပ်ကြိုက်တဲ့ သီချင်းတောင် စက်ဆုပ်မုန်းတီးသွားနိုင်ပါတယ်။

ဂီတနဲ့ ညှင်းပန်းနှိပ်စက်ရာမှ ဘယ်လို သီချင်းတွေကို အသုံးပြုခဲ့လဲ…. ဒါကြောင့် စီအိုင်အေ ရွေးချယ်အသုံးပြုခဲ့တဲ့ သီချင်းတွေကိုလည်း ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။

၁။ Eminem ရဲ့ “The Real Slim Shady”

၂။ Dope ရဲ့ “Take Your Best Shot”

၃။ Christina Aguilera ရဲ့ “Dirrty”

၎။ Mohamed el-Qasabgi ရဲ့ “Zikrayati (My Memories)”

ဒီသီချင်းတွေ အကြောင်းကိုတော့ အမေရိကန်ရဲ့ နာမည်ကျော် ဂွာတာနာမို အကျဉ်းစခန်းက လွတ်လာတဲ့ အကျဉ်းသားတွေက ပြန်လည်ဖောက်သည် ချခဲ့တာပါ။ အထူးသဖြင့် ဘာသာရေးဆိုင်ရာ ကန့်သတ်မှုတွေများတဲ့ ISIS အကြမ်းဖက်သမားတွေနဲ့ ISIS အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို ညှဉ်းပန်းနိုပ်စက်တဲ့အခါမှာ အဓိကထား အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

READ
Selfie သမိုင်းကြောင်း (သို့) Selfie ရိုက်ခြင်းပေါ်ပေါက်လာပုံအဆင့်ဆင့်

၅။ David Gray ရဲ့  “Babylon”       

၆။ The Barney Theme ရဲ့ “I Love You”

၇။ Bee Gees ရဲ့ “Saturday Night Fever”

တေးသီချင်းတွေ အသုံးပြုပြီး အနိုပ်စက်ခံခဲ့ရတာကို ပထမဆုံး ဖောက်သည်ချခဲ့တာတော့ ဘင်ယန် မိုဟာမက် (Binyam Mohamed) ဆိုသူပဲ ဖြစ်ပါတယ်။ ဘင်ယန် မိုဟာမက်ဟာ အီသီယိုးပီးယားလူမျိုး ၊ အင်္ဂလန်နိုင်ငံသားတစ်ဦးဖြစ်ပြီး (၂၀၀၄)ခုနှစ်ကနေ (၂၀၀၉)ခုနှစ်အထိ ဘာအကြောင်းပြချက်မှ မရှိပဲ အကြမ်းဖက်သမားလို့ သံသယရှိတာ တစ်ခုတည်းနဲ့ ဂွာတာနာမို အကျဉ်းစခန်းမှာ ချုပ်နှောင်ခြင်း ခံခဲ့ရသူပါ။ ” Eminem ရဲ့ The Real Slim Shady သီချင်းကို တစ်နေ့နာရီ(၂၀)လောက် ကျွန်တော် နားထောင်ခဲ့ရပါတယ်။ တစ်ချို့အကျဉ်းသားတွေဆို နေ့တိုင်း သီချင်းနားထောင် နေရတဲ့ ဒဏ်ကို ဘယ်လိုမှ မခံစားနိုင်တော့လို့ နံရံနဲ့ခေါင်းနဲ့ ပြေးဆောင့်နေတာတောင် ကျွန်တော်မြင်ခဲ့ရတာပါ” လို့ သူ့ရဲ့ အတွေ့အကြုံကို ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်တဲ့ Reprieve နဲ့လုပ်တဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

READ
(၂၀၁၈)ခုနှစ် နြူလက်နက် အမြင့်ဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံ(၅)နိုင်ငံ

၈။ The Meow Mix theme

၉။ Marilyn Manson ရဲ့ “The Beautiful People”

 

၁၀။ Deicide ရဲ့ “Fuck Your God”

 

၁၁။ Queen ရဲ့ “We Are the Champions”

 

Matthew
SHARE