ပျော်ရွှင်တဲ့ကလေးတစ်ယောက် ဖြစ်လာအောင် ပျိုးထောင်ဖို့လျို့ဝှက်ချက်များ

မိဘတိုင်းက မိမိတို့သားသမီးတွေကို ငယ်ရွယ်စဉ်မှာကျန်းမာပျော်ရွှင်ပြီး ကြီးပြင်းတဲ့အခါ အောင်မြင်တဲ့ သူတွေအဖြစ်မြင်ချင်ကြတာချည်းပါ။ ပျော်ရွှ င်ကျန်းမာတဲ့  ကလေးတစ်ယောက်ဖြစ်လာစေဖို့အတွက် မိဘတိုင်းက ပါးနပ်လိမ္မာစွာနဲ့ ကလေးကိုကိုင်တွယ် သွန်သင်တတ်ဖို့လည်းလိုပါတယ်။ Bright Side ကတွေ့ရှိလာတဲ့ အချက်အလက်တွေအရ  ကျန်းမာပျော်ရွှင်တဲ့ ကလေးတွေရဲ့ မိဘတွေက အောက်မှာဖော်ပြထားတဲ့အချက်တွေကို ပြုလုပ်ကြကြောင်းတွေ့ရှိရပါတယ်။

ကလေးတွေနဲ့ အတူတူ အချိန်ကုန်ဆုံးတယ်

ခေတ်သစ်မိဘတွေအနေနဲ့ အင်မတန် အလုပ်များကြပါတယ်။ အလုပ်ပင်ပန်းလို့အိမ်ပြန်ရောက်တဲ့အခါ ကလေးတွေကို အလွယ်တကူငြိမ်အောင် တီဗီရှေ့မှာသာ အချိန်ကုန်ခံခိုင်းကြပါတယ်။ ကလေးတွေက ကိုယ်သူ့အတွက်ဘာဝယ်ပေးခဲ့တယ်ဆိုတာကို မေ့ကောင်းမေ့နိုင်ပေမယ့် မိဘတွေက သူတို့နဲ့အချိန်တွေဘယ်လိုကုန်ဆုံးတယ်ဆိုတာကိုတော့ မေ့မှာမဟုတ်ပါဘူး။ ကိုယ်ရော ကလေးပါ စိတ်ပါဝင်စားတဲ့ ဂိမ်းလေးတွေကို ဖန်တီးပြီး အတူတူကစားသင့်ပါတယ်။

မိသားစုထမင်းဝိုင်းလက်ဆုံစားကြတယ်

သိပံ္ပပညာရှင်တွေက မိသားစုထမင်းဝိုင်းမှာလက်ဆုံအတူစားတဲ့အလေ့အထက ဆယ်ကျော်သက်တွေရဲ့ စိတ်ဓာတ်ကျဆင်းမှု၊ ကိုယ့်ကိုကိုယ်သတ်သေမှုတွေကို လျော့ကျစေတယ်လို့ဆိုပါတယ်။ နောက်ပြီးတော့ မကြာခဏမိသားစုနဲ့အတူတူ  ထမင်းလက်စုံစားတဲ့ ကလေးတွေက မစားတဲ့ကလေးတွေထက် ဘ၀အပေါ်အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေ ပိုဖြစ်ပေါ်စေတယ်လို့လည်း သိရပါတယ်။

ကျေးဇူးသိတတ်ဖို့ပြောပြတယ်

နောက်ထပ်အရေးကြီးတာတစ်ခုကတော့ မိဘတွေဟာ ကလေးတွေကို မိမိတို့ အိမ်သားတွေအပြင် သူများတွေကိုလည်းဂရုစိုက်စောင့်ရှောက်တတ်ဖို့ သင်ကြားပေးရပါတယ်။ သူတစ်ပါးက မိမိအပေါ်ကောင်းတဲ့အခါမှာ ကျေးဇူးသိတတ်ပြီး အသိအမှတ်ပြုဖို့အတွက်ပဲဖြစ်ပါတယ်။လေ့လာမှုတွေအရတော့ သူတစ်ပါးရဲ့ ကျေးဇူးတရားကို တုံ့ပြန်ဖော်ပြလေ့ရှိသူတွေဟာ ပိုမိုကျန်းမာပျော်ရွှင်ကြတယ်လို့ သိရပါတယ်။

READ
တကယ်လို့သာ အသက်ရှင်သေးရင် (၆၄) နှစ်ပြည့်သွားပြီဖြစ်တဲ့ Steve Jobs

ပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာ ပြောပြတယ်

တခါတရံမှာ မိဘတွေက သားသမီးတွေကို သိပ်ချစ်တဲ့အတွက်ကြောင့် အမြဲတမ်းလိုလိုထိန်းချုပ်တတ်ကြပါတယ်။ ဒီလိုနည်းဟာ ရေရှည်မှာ ကလေးအတွက် ကိုယ်ပိုင်တွေးခေါ်ဆုံးဖြတ်မှုမှာ အားနည်းတဲ့လူတစ်ယောက်အဖြစ်ကို ဦးတည်လာစေပါတယ်။ ဒါကြောင့် ကလေးကိုယုံကြည်ပါ။ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားစေတတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးစေသင့်ပါတယ်။

လူမှုဆက်ဆံရေးတိုးတက်အောင် ကူညီတယ်

လေ့လာသူတွေရဲ့ အဆိုအရ သူငယ်တန်းအရွယ်မှာ ရွယ်တူအပေါင်းအသင်းတွေနဲ့ ကစားခုန်စား အတူတူ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါမှာ ပညာရေးနဲ့ အလုပ်အကိုင်မှာ ပိုအဆင်ပြေကြတယ်လို့ သိရပါတယ်။ လူမှုဆက်ဆံရေးနဲ့ပတ်သတ်ပြီး ချို့တဲ့ခဲ့တဲ့သူတွေကတော့ ရာဇ၀တ်မှုတွေကျူးလွန်တာ၊ အရက်သောက်သုံးတာတွေစတဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေများကြောင်းတွေ့ရှိရပါတယ်။

စိတ်ဖိစီးမှုနည်းတယ်

အိမ်ထောင်စုတစ်ခုမှာ မိခင်တစ်ယောက်ရဲ့ စိတ်အခြေအနေက သူမရဲ့ မိသားစုဝင်တွေအပေါ်ကို တိုက်ရိုက်အကျိုးသက်ရောက်စေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါကြောင့် စိတ်ဖိစည်းမှုများနေတဲ့ မိဘတွေဆီက ကလေးတွေကလဲ ဖိစီးမှု စိတ်မပျော်ရွှင်မှုတွေကိုပဲ လက်ခံရရှိမှာဖြစ်ပါတယ်။

အော်ဟစ်ဆဲဆိုတာ၊ ရိုက်တာတွေမလုပ်ဘူး

ကလေးတွေရဲ့ အပြုအမူနဲ့ ပတ်သတ်လာတဲ့အခါ ရိုက်နှက်ဆဲဆိုတာဟာ မမှန်ကန်ပါဘူး။ ကလေးအနေနဲ့ လူကြီးတွေမကြိုက်တဲ့ အပြစ်တခုခုလုပ်မိတဲ့အခါမှာ အရိုက်ခံရမှာကြောက်ပြီး လိမ်ညာပြောဆိုရာကနေ အကျင့်ဖြစ်သွားတတ်ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး အကြမ်းဖက်မခံခဲ့ရတဲ့ ကလေးတွေက သူတို့ရဲ့ ခံစားချက်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီး မှတ်ဥာဏ်လည်း ပိုကောင်းတယ်လို့ သိရပါတယ်။

READ
လူတွေ ဘာကြောင့် ရှင်းပြချင်ကြတာလဲ

အားပေးတယ်

ကလေးတွေက ငယ်ရွယ်တဲ့ အတွက်ကြောင့် ဖြစ်လာတဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်သေးပါဘူး။ မိဘတွေဆီကနေ အကူအညီယူဖို့လိုအပ်ပါတယ်။ ဒါကြောင့်မိဘတွေကိုယ်တိုင်က သားသမီးတွေရဲ့ ခံစားချက်ကို နားလည်အောင်ကြိုးစားပြီး စိတ်ထဲမှာ မကျေနပ်ချက်တွေဖြစ်လာတဲ့အခါ အဲဒီစိတ်ခံစားမှုတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ်ပြောပြစေသင့်ပါတယ်။

ကလေးကို သူမကျေနပ်တဲ့ကိစ္စတခုခုနဲ့ ကြုံလာတဲ့အခါ စိတ်ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာမျိုးတွေပါ။ ဥပမာ..အသက်ကို နှာခေါင်းနဲ့ဝအောင်ရှူ… ပါးစပ်နဲ့ မှုတ်ထုတ်…ပြီးတော့ ၅အထိရေတွက်…စသဖြင့် ကလေးအတွက်မှတ်ရလွယ်စေမယ့် နည်းလေးတွေနဲ့ စိတ်ကိုထိန်းသိမ်းလာနိုင်ပြီး စိတ်ဓာတ်ခွန်အားပြည့်ဝအောင် ငယ်ငယ်ထဲက ပျိုးထောင်ပေးနိုင်ပါလိမ့်မယ်။

လင်းလင်း (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE