အကဗီဒီယိုတစ်ခုကြောင့် ပညာသင်ဆုရရှိသွားတဲ့ နိုင်ဂျီးရီးယား ဆယ်ကျော်သက်ကောင်လေး

[email protected] leapofdanceacademy

လူတစ်ယောက်မှာ မွေးကတည်းက ပါရမီဆိုတာ ပါလာတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘာမှမသိဘာမှမတက်တဲ့ လူလို့ ထင်မနေပါနဲ့။ ကိုယ့်ဘယ်နေရာမှာ ပါရမီပါလာသလဲဆိုတာ ကိုယ့်ကိုကို သေသေချာချာ မစန်းစစ်ရသေးလို့ပါပဲ။ အခုလည်း နိုင်ဂျီးရီးယားနိုင်ငံက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူ့ဘာသာသူ မိုးရွာထဲမှာ တစ်ယောက်တည်း ဘဲလေးအကကနေတဲ့ ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာပေါ်တင်မိခဲ့ရာမှ ပညာသင်ဆုကိုပါ ရရှိခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

FACTS ABOUT OUR PROGRAM. Behind those fanciful in class beauty and costumes are lots and lots of backstage hard work. With very little or no resources our kids are training to be the best they can. This is not to bring down anyone but to show their high level of dedication and committments to our program. Who wouldn’t be proud of them? What teacher wouldn’t pray for students who shows/comes to class with so much desire to learn? Kids who are ready to dance with or without conditions. Imagine what more we could achieve if we have more?🙂 DMs for more information. #leapofdanceacademy #covid19 #donation #vocational #nigerianballetschool #travelingtutusincnigeria #danceacademy #danceeducation #weloveyou #growth #weloveourpartners #yeswecan #dancing #learning

A post shared by Leap of Dance Academy (@leapofdanceacademy) on

အဆိုပါကောင်လေးကတော့ အသက် ၁၁ နှစ်အရွယ်ရှိ နိုင်ဂျီးရီးယားနိုင်ငံသားလေး Anthony Mmesoma Madu ပဲ ဖြစ်ပါတယ်။ Madu ဟာ ငယ်ငယ်လေးကတည်းက ဘဲလေးအကကတဲ့နေရာမှာ အရမ်းတော်ပြီး ပါရမီပါခဲ့တဲ့ပုံပါပဲ။ ဒါ့ကြောင့်လည်း ငယ်ငယ်လေးကတည်းက Lafgos မြို့ရှိ Leap of Dance Academy ကျောင်းမှာ ဘဲလေးအကကို သင်ယူနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ Madu ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က မိုးရွာထဲမှာ ဘဲလေးအကကနေတဲ့ သူ့ရဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်ကို တင်ခဲ့ရာမှ လူစိတ်ဝင်စားများခဲ့တာ ဖြစ်ပါတယ်။

READ
ဖောက်ပြန်တဲ့ချစ်သူကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်ရိုက်နှက်ခဲ့သူအား ထောင်ဒဏ်ချမှတ်
[email protected] leapofdanceacademy

အဲဒီလို စိတ်ဝင်စားတဲ့ လူတွေထဲမှာ New York မြို့ရှိ နာမည်ကြီး အကသင်တဲ့ ကျောင်းတစ်ခုဖြစ်တဲ့ ABT Jacqueline Kennedy Onassis School of Dance ကျောင်းရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ Cynthia Harvey လည်း ပါဝင်ခဲ့ပါတယ်။ Harvey ဟာ Madu ရဲ့အကဗီဒီယိုဖိုင်ကို ကြည့်ပြီးတဲ့အချိန်မှာတော့ Madu ကို သူ့ကျောင်းမှာ လာတက်ဖို့ ကမ်းလှမ်းခဲ့ပြီး ပညာသင်ဆုပါ ထောက်ပံ့ပေးခဲ့ပါတယ်။

 

“Madu ကနေတဲ့ ဘဲလေးအကဗီဒီယိုဖိုင်ကို UK မှာရှိတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က လှမ်းပို့ပေးခဲ့တာပါ။ အသက်ငယ်ငယ်နဲ့ ဒီလောက်ကတတ်နေမယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ ဒါ့ကြောင့် ဗီဒီယိုကြည့်ပြီးပြီးချင်းမှာ Madu ကို လိုက်ရှာပြီး ဆက်သွယ်ခဲ့ပါတယ်။ Madu ကိုယ်တိုင်ကလည်း ကျွန်တော်တို့ကျောင်းမှာ လာတက်ချင်တဲ့ ဆန္ဒရှိပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ဘဲလေးအကဆရာ Daniel နဲ့ ညှိနှိုင်းပြီး ကျွန်တော်တို့ ကျေင်းမှာ လာရောက်တက်နိုင်ဖို့ ပြုလုပ်နေပါပြီ” လို့ Harvey က ပြောကြားခဲ့ပါတယ်။

READ
အကြွေး ယွမ် 25 သန်းကို မပေးချင်လို့၊ မျက်နှာခွဲစိတ်ပြုပြင်ခဲ့တဲ့ တရုတ်အမျိုးသမီး

Pyi Hein Kyaw

SHARE