အသက်(၁၁)နှစ်အရွယ်နဲ့ ပန်းချီကို လက်ဖျားခါလောက်အောင် ဆွဲပြခဲ့တဲ့ ပါရမီရှင် ကောင်လေး

ကာရင်းမ် ၀ါရစ်စ် အိုလာမီကန် ဟာ အသက်(၁၁)နှစ်သာ ရှိသေးပေမယ့် သူ့ရဲ့ အံ့မခန်း ပန်းချီလက်ရာတွေကြောင့် လတ်တလော ကမ္ဘာတစ်ဝှမ်းက သတင်းတွေထဲမှာ ဦးစားပေးဖော်ပြခံရသူ ဖြစ်လာနေပါတယ်။ အသက်ငယ်သေးပေမယ့် အစစ်နဲ့မခြား ပုံတူဆွဲနိုင်တဲ့ သူ့ရဲ့ပညာစွမ်းကို ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန် ကိုယ်တိုင်ကတောင် အသိအမှတ်ပြုခဲ့ပါတယ်။ မက်ခရွန်ဟာ နိုင်ဂျီးရီးယားကို ဇူလိုင်(၃)ရက်နေ့က သံတမန်ခရီးစဉ်နဲ့ အလည်အပတ်ရောက်ခဲ့ပါတယ်။

waspa_art

ကာရင်းမ်က သမ္မတကို ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ မက်ခရွန်ရဲ့ ပုံတူကို (၂)နာရီထဲနဲ့ အချိန်ယူ ရေးဆွဲပြီး ပြင်သစ်သမ္မတကို အစွမ်းပြခဲ့တာကြောင့် မက်ခရွန်အပါအ၀င် တစ်ကမ္ဘာလုံးက လူတွေပါ ကာရင်းမ်ကို ချီးကျူးလေးစားခဲ့ကြပါတယ်။  ကာရင်းမ်ဟာ နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်အမည်ရတဲ့ မြို့လေးတစ်မြို့က ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။

en.goodtimes.my

အသက်(၆)နှစ်လောက်မှာပဲ ပန်းချီပညာကို စတင်စိတ်ဝင်စားလာခဲ့ပြီး သူ့ရဲ့ အကြိုက်ဆုံး ကာတွန်းဇာတ်ကောင်တွေကို ရေးဆွဲစပြုလာပါတယ်။ (၂)နှစ်အကြာမှာတော့ လာဂို့စ်က အနုပညာရှင်လက်သစ်တွေအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီမှာပဲ မီးသွေး၊ ခဲတံတို့ကို သုံးပြီး အစစ်နဲ့မခြား ထူးခြားလွန်းတဲ့ ပန်းချီကားရေးဆွဲနည်းတွေကို သင်ယူခဲ့ပါတယ်။

READ
နာကျင်စေခဲ့တဲ့သူတွေကို ဘယ်လိုခွင့်လွှတ်ရမလဲ
en.goodtimes.my

ကာရင်းမ်ရဲ့ ဆရာဖြစ်တဲ့ အက်ဒီနီရီ အက်ဒီဝူးလ်ကလည်း ဆရာကောင်းတစ်ဦးပါ။ သူက ကာရင်းမ်ကို အညတရ လမ်းဘေးအနုပညာသည်လေး တစ်ယောက်လို့ မခံယူစေပဲ ကိုယ့်ကိုကိုယ်ခမ်းနားကြီးကျယ်တဲ့ ပန်းချီဆရာတစ်ဦးအဖြစ် စိတ်ထဲစွဲမှတ်ထားဖို့ သင်ကြားပေးခဲ့ပါတယ်။ အက်ဒီနီရီက ကာရင်းမ်ဟာ ငယ်ရွယ်သေးတာကြောင့် ကောင်လေးအနေနဲ့ တက်လမ်းအများကြီး ရှိကြောင်းဆိုပါတယ်။

waspa_art

ပန်းချီမှာ ပါရမီထူးချွန်လှတဲ့ ကာရင်းမ်က နောင်တစ်ချိန် ပြတိုက်တွေထဲမှာ ပြသမယ့် လက်ရာမြောက် ပန်းချီကားတွေမှာ သူ့နာမည်ကို နာမည်ကြီးပန်းချီ အကျော်အမော်ကြီးတွေနဲ့ တန်းတူပါဝင်ဖို့ မျှော်လင့်ထားတယ်လို့ သူ့အိပ်မက်ကိုပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: GoodTimes

SHARE