မက်စီမိသားစုရဲ့စိတ်သဘောထားကို မထင်မှတ်ပဲ အကဲခတ်ခွင့်ရခဲ့တဲ့ ကောင်လေး

Instagram/leomessi Instagram/mcc111000

အင်္ဂလန်အရှေ့တောင်ပိုင်းမှာနေထိုင်တဲ့ အသက်(၁၁) နှစ်အရွယ် မက်ကင်းဇီအိုနီးလ်ဆိုသူ ကောင်လေးတစ်ယောက်ဟာ အပန်းဖြေခရီးသွားရင်း မမျှော်လင့်ပဲ မက်စီမိသားစုနဲ့ ဆုံစည်းခွင့်ရခဲ့ပါတယ်။ တစ်နေ့မှာ မက်ကင်းဇီဟာ ကမ်းခြေမှာ ဘောလုံးကစားနေရင်း ဘောလုံးဟာ မက်စီမိသားစုတို့နဲ့ ပေအနည်းငယ်အကွာကို ရောက်ရှိသွားခဲ့ပါတယ်။

ဘောလုံးလာကောက်တဲ့ မက်ကင်းဇီကို မက်စီက ဘောလုံးကစားချင်ရင် သူတို့နဲ့အတူ လာကစားဖို့ ဖော်ရွေစွာ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ကမ်းခြေမှာတော့ မက်စီနဲ့အတူ ၄င်းရဲ့ ဖခင် ဂျော့ဂ်ျနဲ့ ကလေးတွေဟာ ဘောလုံးဆော့နေကြတာပါ။ ဒါနဲ့ မက်ကင်းဇီလည်း မက်စီမိသားစုနဲ့အတူ (၄၅) မိနစ်ကြာအောင် ဘောလုံးကန်နေခဲ့တာ ဖြစ်ပါတယ်။

Instagram/mcc111000

မက်ကင်းဇီကတော့ မက်စီရဲ့သားဖြစ်သူ သီယာဂိုကို ချီးမွမ်းနေပါတယ်။ သီယာဂိုဟာ အသက်ငယ်သေးပေမယ့် အသက်နဲ့မလိုက်အောင် ဘောလုံးကစားနိုင်တယ်လို့ သူကဆိုပါတယ်။ မက်ကင်းဇီက “..မက်စီနဲ့ ဘောလုံးဆော့ရတာ အရမ်းမိုက်တယ်။ သူ့မိန်းမက ဘာသာပြန်ပေးတယ်။ သူ့မိန်းမက အင်္ဂလိပ်စကားပြော သိပ်ကောင်းတာပဲ။ ဘောလုံးကစားပြီးတော့ ကျွန်တော် သူတို့နဲ့ ရေကူးတယ်။ လှေစီးပြီးလည်း လျှောက်သွားကြတယ်။ ကျွန်တော်တို့ ရေထဲမှာ အချိန်အကြာကြီး ဖြုန်းခဲ့ကြပါတယ်…” လို့ ၀မ်းသာအားရ ပြောပြပါတယ်။

READ
ဒိုင်ပွဲရပ်ဖြင့် Myanmar Idol Season 3 Winner ဆု ဆွတ်ခူးခဲ့တဲ့ ဖြိုးမြတ်အောင်

ဒါ့အပြင် မက်ကင်းဇီက မက်စီဟာ ဘောလုံးကစားရာမှာ အရမ်းတော်တဲ့အကြောင်းနဲ့ သာမန်ဖခင်တွေလိုပဲ ဖြစ်ကြောင်း၊ သူ့သားက တခြားကလေးတွေနဲ့ ဆော့နေတာကို မြင်တဲ့အခါ ပီတိဖြစ်နေတတ်ကြောင်း စသဖြင့် ပြောပါသေးတယ်။

 

 

View this post on Instagram

 

Playing football with messi and Thiago #messi #leomessi

A post shared by MC1 (@mcc111000) on

“မနေ့ညတုန်းကလည်း မက်စီမိသားစုနဲ့ တွေ့ခဲ့သေးတယ်။ ကျွန်တော်ကတော့ သီယာဂိုနဲ့ ဆော့နေတာ။ ဆော့လို့ ပြီးတော့ သီယာဂိုကို ကျွန်တော့်ဘောလုံးပေးလိုက်တယ်။ ဒါပေမယ့် သူက မယူဘူး။ ကျွန်တော့်နောက်ကို လိုက်လာပြီး အတင်းပြန်ပေးတယ်။ နောက်တော့ မက်စီနဲ့ သူ့မိန်းမက ကျွန်တော့်ကို  အားရပါးရပြုံးပြပြီး နှုတ်ဆက်ပြန်သွားတယ်။ ကျွန်တော်ကတော့ သူတို့ကို မေ့လို့ရတော့မှာ မဟုတ်ဘူး…” လို့ မက်ကင်းဇီက ပြောခဲ့ကြောင်းလည်း businessinsider ရဲ့ သတင်းဖော်ပြချက်အရ သိရှိရပါတယ်။

READ
MTV VMAs 2018 ဆုပေးပွဲရဲ့ အဆိုးရွားဆုံးဝတ်စုံများ

လင်းလင်း (ShweMom)

SHARE