ကမ္ဘာ့အသက်ရှည်ဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စံချိန်သစ်တင်သွားတဲ့ ဂျပန်အဖိုးအို

ဂျပန်နိုင်ငံမှ အသက် (၁၁၂)နှစ်အရွယ် မာဆာဇိုနိုနာကာဟာ ကမ္ဘာ့အသက်ရှည်ဆုံးသူအဖြစ် သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။ ရိုက်ညီနောင် ကမ္ဘာ့ပထမဆုံးလေယာဉ်ကို မထီထွင်ခဲ့ခင်နဲ့ အိုင်းစတိုင်းက နှိုင်းရသီအိုရီကို မထုတ်ဝေခင် ကာလအနည်းငယ်အလိုဖြစ်တဲ့ (၁၉၀၅)ခုနှစ် ဇူလိုင် (၂၅)ရက်မှာ နိုနာကာကို မွေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ (၁၀)ရက်နေ့မှာတော့ သူ့ကို ကမ္ဘာ့အသက်ရှည်ဆုံးအမျိုးသားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ASSOCIATED PRESS

ဂင်းနစ်ကမ္ဘာ့အသက်ရှည်ဆုံးစံချိန်တင်ခဲ့တဲ့ စပိန်နိုင်ငံမှ ဖရန်စ္စကိုအိုလီဗီရာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက အသက် (၁၁၃)နှစ်နဲ့ ဆုံးပါးသွားပြီးနောက် နောက်တစ်ဦးကို စံချိန်လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။ အသက် (၁၁၂)နှစ် (၂၅၉)ရက်ရှိပြီဖြစ်တဲ့ နိုနာကာဟာ မွေးချင်း (၈)ဦးရှိပြီး ဇနီး ဟာဆုနိုအပါအဝင် သားသမီး (၅)ဦးတို့နဲ့ အတူနေထိုင်လျက်ရှိပါတယ်။

ASSOCIATED PRESS

နိုနာကာဟာ သူ့ရဲ့ပင်စင်စားဘဝကို တီဗီကြည့်လိုက်၊ သတင်းစာဖတ်လိုက်၊ သူကြိုက်တဲ့မုန့်လေးတွေစားလိုက်လုပ်ကာ မိသားစုနဲ့ အချိန်ကုန်ဆုံးလျက်ရှိပါတယ်။ ဂင်းနစ်မှတ်တမ်းရဲ့ ကမ္ဘာ့အသက်ရှည်ဆုံးအမျိုးသားအဖြစ် စံချိန်တင်ခဲ့သူကလည်း ဂျပန်ကပဲဖြစ်ပါတယ်။ ဂျီရိုအဲမွန်ကီမူရာဟာ (၁၈၉၇)ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် (၁၁၆)နှစ်နဲ့ (၂၀၁၃)မှာ ကွယ်လွန်ခဲ့ပါတယ်။

READ
သိပ္ပံပညာရှင်တွေ အဖြေရှာလို့မရတဲ့ ကမ္ဘာ့အံ့ဖွယ်နေရာများ
guinnessworldrecord.com

ဂင်းနစ်မှတ်တမ်းရဲ့ ရာသက်ပန်အသက်ရှည်ဆုံးစံချိန်ကိုတော့ ပြင်သစ်နိုင်ငံမှ Jeanne Calment က ယူထားတာဖြစ်ပြီး အသက် (၁၂၂)နှစ်အထိ နေခဲ့ပါတယ်။ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖွဲ့ဟာ အခုလက်ရှိကမ္ဘာ့အသက်ရှည်ဆုံးအမျိုးသမီးကို ဆက်လက်ရှာဖွေလျက်ရှိပါတယ်။

White (Shwemom)

Ref: Mirror UK

SHARE