အပြင်လူတွေနဲ့အခြေခံဖန်တီးထားတဲ့ Disneyရဲ့ ဇာတ်ကောင်တွေ

Classic Movie Hub "Twitter"

Disney ကဖန်တီးခဲ့တဲ့ အန်နီမေးရှင်းဇာတ်ကားတွေဟာအင်မတန်ကောင်းမွန်တယ်ဆိုတာ ကျွန်မတို့ကလေးဘ၀ကတည်းက တရင်းတနှီးရှိပြီးသားဖြစ်ပါတယ်။ အဲ့ဒီထဲက ဇာတ်ကောင်တစ်ချို့ကိုဆို အရမ်းကိုကြိုက်နှစ်သက်ပြီး စိတ်ထဲစွဲကျန်ရစ်နေပါတယ်။  ဒါပေမယ့် သင်မသိသေးတာက Disney ရဲ့ဇာတ်ကောင်အများစုဟာ တကယ့်အပြင်က အနုပညာရှင်တစ်ချို့ကိုအခြေခံပြီး ဖန်တီးထားတယ်ဆိုတာပါပဲ။ ကဲဒီတော့ ဘယ်အနုပညာရှင်တွေကိုDisney ရဲ့ဘယ်ဇာတ်ကောင်မှာ ဖန်တီးထားလဲကြည့်ရအောင်။

                             The 4 vultures — The Beatles

the Jungle Book ၀တ္ထုကို အန်နီမေးရှင်းဗားရှင်းနဲ့ထုတ်လုပ်တဲ့အခါ ဒစ်စနေနဲ့ ရုပ်ရှင်ဒါရိုက်တာတွေက လိုက်ဖက်မယ့်ဇာတ်ကောင်အသံနေရာမှာ The Beatles တေးဂီတအဖွဲ့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။  (၁၉၆၇)ခုနှစ်က ရွေးချယ်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီအချိန်က The Beatlesအဖွဲ့ဟာ လည်း အအောင်မြင်ဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်နေခဲ့ပါတယ်။ အဖွဲ့ဝင်John Lennon, Paul McCartney, George Harrison, နဲ့ Ringo Starrတို့ဟာ လင်းတငှက်လေးကောင်နေရာမှ နောက်ခံအသံဇာတ်ကောင်တွေ အဖြစ်ပါဝင်ခဲ့တာဖြစ်ပါတယ်။

 

Maleficent — Eleanor Audley

Sleeping Beauty ဇာတ်ကားမှာ ပါဝင်တဲ့စုန်းမကိုလူတိုင်းသိမယ်ထင်ပါတယ်။ အဲ့ဒီစုန်းမကြီးဟာ အမေရိကန်မင်းသမီးEleanor Audleyကို အခြေခံပြီးဖန်တီးပုံဖော်ထားတာပါ။ Audleyဟာ Sleeping Beautyဇာတ်ကားမှာ စုန်းမအသံဇာတ်ကောင်နေရာအပြင် Maleficent ရဲ့မျက်နှာပုံစံနဲ့လှုပ်ရှားသွားလာမှုတွေဟာလည်း  သူမကို အခြေခံပြီး မှီငြမ်း ဖန်တီးထားတာဖြစ်ပါတယ်။ နောက်ထပ်လူတိုင်းနီးပါးသိတဲ့စင်ဒရဲယားရဲ့မိထွေး Lady Tremaine ဟာလည်း Eleanorကိုပဲ ဖန်တီးထားတာဖြစ်ပါတယ်။

 

 Jessica Rabbit — Rita Hayworth

Who Framed Roger Rabbit ဇာတ်ကားမှာ ကာတွန်းဇာတ်ကောင် Jessica Rabbit ရဲ့ သရုပ်ဆောင်မှုနဲ့ ပုံပန်ုးသွင်ပြင်ဟာရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ Jessica Rabbitဇာတ်ကောင်ကိုတော့ မင်းသမီးချော Rita Hayworthနဲ့အခြေခံပုံဖော်ထားတာဖြစ်ပါတယ်။ စာရေးဆရာ Gary K. Wolf က အစပိုင်းက  Red Hot Riding Hood အန်နီမေးရှင်းဇာတ်ကားမှ dancer ကိုအခြေခံဖန်တီးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြောင်းလိုက်ပြီး မင်းသမီးHayworthရဲ့ပုံပန်းသွင်ပြင်နဲ့  မင်းသမီး Veronica Lake’ရဲ့ဆံပင်ပုံကို ယူပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။

The Mad Hatter — Ed Wynn

READ
ဟစ်တလာဗုံးရန်ကဝေးအောင် တစ်ပိုင်းစီခွဲထုတ်ပြီး နေရာရွှေ့ခဲ့ရတဲ့ ဘုရားကျောင်းကြီး

The Mad Hatter ကာရိုက်တာဟာ Alice in Wonderland ကာတွန်းဇာတ်ကားမှာတော့ မတူကွဲပြားပြီး၊ထူးခြားတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။ Hatter ကာရိုက်တာကို မင်းသား Ed Wynnရဲ့ အမူအရာ၊ရုပ်ရည်နဲ့ စရိုက်တွေကို အခြေခံရယူထားတာဖြစ်ပါတယ်။

. Edna Moda — Linda Hunt

The Incredibles ကာတွန်းဇာတ်ကားမှ Edna ဇာတ်ကောင်ဟာ ဖက်ရှင်ဒီဇိုင်နာ Edith Headရဲ့ ဘ၀ပုံစံကိုအခြေခံထားတာဖြစ်ပြီး၊ ဇာတ်ကောင်ရဲ့သွင်ပြင်ပုံစံကတော့ မင်းသမီး  Linda Hunt ကိုအခြေခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။

Scat Cat — Louis Armstrong

 The Aristocats ကာတွန်းဇာတ်ကားက Scat Catဇာတ်ကောင်ကိုတော့ မူလအစက အဆိုတော်နဲ့ခရာသမားဖြစ်သူ Louis Armstrongကိုအခြေခံပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။Armstrongကပဲ ကြောင်ဇာတ်ကောင်အသံရှင်နေရမှာပါဝင်ဖို့စီစဉ်ထားပေမယ့် သူ့ရဲ့မမျှော်လင့်တဲ့ကျန်းမာရေးပြဿနာကြောင့် အစီအစဉ်မှာ မပါဝင်နိုင်တော့ဘဲ ဂီတသမား Scatman Crothersကို အစားထိုးခဲ့တာဖြစ်ပါတယ်။

READ
ရုရှားရဲ့ ကမ္ဘာဖျက်ယန္တရားလိုတင်စားကြတဲ့ နျူကလီးယားဒရုန်းရေငုပ်သင်္ဘော

Dr. Facilier — Michael Jackson

 The Princess and the Frog ဇာတ်ကားရဲ့ ဗိလိန် Dr. Facilier ဟာဆိုရင် နာမည်ကြီးအဆိုတော်Michael Jacksonကို အခြေခံပြီးပြုလုပ်ထားပါ။ မိုက်ကယ်ဂျက်ဆင်ရဲ့ပိန်ပါးတဲ့ သွင်ပြင်ပုံစံနဲ့ အ၀တ်အစားပုံစံတွေသာမကဘဲ ကကွက်ဖန်တီးမှုပုံစံတွေကိုပါ မှီငြမ်းအခြေခံထားတာဖြစ်ပါတယ်။

. Ariel — Alyssa Milano

 The Little Mermaid ကတော့ မိန်းကလေးတွေကြားရေပန်းစားတဲ့ Disney ရဲ့အန်နီမေးရှင်းရေသူမကားပါ။ ဇာတ်ကားထဲက ရေသူမလေး Arielဇာတ်ကောင်ကိုတော့ လှပပြီး၊အသံချိုသာတဲ့ Alyssa Milanoကို အခြေခံဖန်တီးထားတာဖြစ်ပါတယ်။

Ursula — Divine

 The Little Mermaid ဇာတ်ကားကပဲ မုန်းစရာကောင်းတဲ့ ရေသူစုန်းမကြီး Ursula ကို သိကြမယ်ထင်ပါတယ်။  သူမရဲ့ဇာတ်ကောင်ကတော့ Divine လို့လူသိများတဲ့ အမေရိကန်မင်းသားနဲ့ drag queen တစ်ဦးဖြစ်တဲံ့ Harris Glenn Milsteadရဲ့ ပုံစံ၊ ဒီဇိုင်းနဲ့ ဗီလိန်စရိုက်တွေကို အခြေခံဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။

. Snow White — Marge Champion

နောက်ဆုံးအနေနဲ့ အားလုံးနီးပါးသိကြတဲ့ စနိုးဝှိုက်မင်းသမီးလေးရဲ့ဇာတ်ကောင်နေရာမှာတော့  နှစ်ဆယ်ရာစုရဲ့ ဂန္တ၀င်ဆန်တဲ့အကပညာရှင်တစ်ဦးဖြစ်တဲ့ Marge Champion ကိုအခြေခံပြီး ဖန်တီးခဲ့တာပါ။ သူမဟာ Snow White ကာတွန်းဇာတ်ကောင်အသံအတွက် လူရွေးချယ်စဉ်ချိန်က အသက်(၁၄)နှစ်သာရှိသေးပြီး၊ ပြိုင်ပွဲဝင်တွေထဲအငယ်ဆုံး အနုပညာရှင်တစ်ဦး ပဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Khaing

Source : brightside , Twitter

SHARE