အချစ်မှာ မျက်စိမရှိဘူးဆိုတာကို သက်သေခံနေတဲ့ အချစ်မျက်ကန်း (၁၂) တွဲ

အိမ်ထောင်မှုကိစ္စဟာ လူတစ်ယောက်ရဲ့ ဘ၀မှာ အရေးကြီးဆုံး အခန်းကဏ္ဍအဖြစ်ပါဝင်ပါတယ်။ အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့အခါ ကိုယ့် အကြိုက်၊ ကိုယ့်စရိုက်နဲ့ ပိုကိုက်ညီတဲ့ သူတွေကိုသာရွေးချယ်လိုကြပြီး ရှေ့သွားနောက်လိုက် မညီမှာ သိပ် စိုးရိမ်ရကြတယ်ဆို ဖုံးကွယ်မရနိုင်ပါဘူး။ ဒါပေမယ့် အချစ်ထက် အရေးကြီးတဲ့ ဘာမှမရှိကြောင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက်ချစ်နေရင် ပြီးတယ်၊ လိုအပ်နေတာအချစ် တခြားဘာဖြစ်ဖြစ် လစ်ဆိုတဲ့ လူတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့် အချစ်မှာ မျက်စိမရှိဘူးဆိုတာရဲ့ သက်သေခံ အချစ်မျက်ကန်း (၁၂) တွဲကို သိစေရန်အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ Amazon Amanda နှဲ့Sergio Miranda

Don’t Get Serious

Amanda ဟာ အရပ် (၆) ပေ (၃) လက်မမြင့်ပြီး ကိုယ်အလေးချိန် ပေါင် (၂၇၀) ရှိတဲ့ အမျိုးသမီးပါ။ သူမ ခင်ပွန်း Sergio Miranda ဟာ အရပ် (၅) ပေ (၃) လက်မသာ ရှိပါတယ်။ ခင်ပွန်းသေးသေးလည်းက သူ့ရဲ့ ဇနီးကြီးကို အချိန်တိုင်း နှစ်ခြိုက်နေသလို Amanda ကလည်း အမြဲတမ်း ချစ်မြတ်နိုးနေမိတယ်ဆိုပဲ။ အချစ်သည် ထုထည်မရှိ….

၂။ Tom Robinson နဲ့ Sue Brierley

Don’t Get Serious

Tom Robinson ဆိုတာ “Glad To Be Gay” ဆိုတဲ့ သီချင်းနဲ့ နာမည်ရခဲ့တဲ့ တေးရေး တေးဆိုတစ်ယောက်ပေါ့။ သူ့ရဲ့သီချင်းဟာ ဆယ်နှစ်လောက် ဂေးလောကကြီးရဲ့ ကိုယ်စားပြု သီချင်းဖြစ်ခဲ့တယ်။ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး Sue Brierly ဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ခင်စုံမက်သွားလဲမသိတာ အခု ကလေးတောင်ရနေပါပြီ။ ဒါပေမယ့် အခုထိ Tom ဟာ လိင်တူဆက်ဆံသူတစ်ယောက်ဆိုပြီး ပြောဆိုနေကြပါတယ်။

READ
မျက်ခွက်အပြောင်ဆုံး တရားခံတို့၏ ပြစ်မှုမှတ်တမ်းဓာတ်ပုံများ

၃။ Flavio Briator and Elisabetta Gregoraci

Don’t Get Serious

Elisbetta ဟာ စူပါမော်ဒယ်တစ်ယောက်ဖြစ်ပြီး မော်မြူလာဝမ်း ကားပြိုင်ပွဲရဲ့ သူဌေးဟောင်း Flavio ထက် အသက် (၃၀) ငယ်ပါတယ်။

၎။ Anton Kraft and China Bell

Don’t Get Serious

အချစ်မှာ အရွယ်အစားက အရေးမပါဆိုတဲ့ အချက်ကို အရပ် (၆) ပေ (၃) လက်မ မြင့်တဲ့ လိင်ပြောင်းအမျိုးသမီး China Bell နဲ့ သူမရဲ့ ရည်းစား အရပ် (၄) ပေ (၄) လက်မသာရှိတဲ့ ကာယဆရာတို့က သက်သေပြခဲ့ပါပြီ။

 

၅။ Charity Pierce and Tony Sauer

Don’t Get Serious

အ၀လွန်တဲ့ရောဂါ ခံစားနေရတဲ့ Charity ကိုချစ်တဲ့ Tony ရဲ့ အချစ်ထက်ကြီးမားတာ ဘာရှိဦးမလဲပြောကြည့်ပါ….

 

၆။ Kyle Jones and Marjorie McCool

Don’t Get Serious

(၉၁) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ ဒိတ်လုပ်တဲ့ Kyle Jones ကိုသိကြမယ်လိုထင်ပါတယ်။ ဒီ အသက် (၃၁) နှစ်အရွယ် အမျိုးသားက သူတို့နှစ်ယောက်မှာ အလွန်ပြည့်ဝတဲ့ ဆက်ဆံရေးကိုရရှိတယ်လို့ ဆိုသဗျာ….

၇။ Darren Donaghey and Kate Cathcart

Don’t Get Serious

ရုပ်ရည် ရူပကာဟာ အရေးမပါဘူးဆိုတဲ့ အချက်ကို ဒီစုံတွဲက သက်သေပြလိုက်ပါတယ်။

READ
အဆောက်အဦးနံရံပေါ်က အံ့ဖွယ်ပန်းချီလက်ရာများ

 

၈။ Ben Brown and Jenna Bentley

Don’t Get Serious

Ben Brown က အလွန်ချမ်းသာတဲ့ စီးပွားရေးသမားဖြစ်ပြီး Jenna ထက် အနှစ်သုံးဆယ် ကြီးပါတယ်။ မလိုက်ဖက်တဲ့အတွဲလိုပြောကြပေမယ့် ကြည့်တော့လည်း လိုက်ဖက်နေတယ်လို မထင်မိဘူးလား…

 

၉။ Joelson Fernandes da Silva and Evem Medeiros

Don’t Get Serious

ဒီ (၇) ပေ (၈) လက်မ မြင့်တဲ့ ဘရာဇီးရဲ့ အရပ်အရှည်ဆုံးလူသားက အရပ် ငါးပေသာရှိတဲ့ အမျိုးသမီးကို လက်ထပ်ယူခဲ့ပါတယ်။

၁၀။ Sanele Masilela and Helen Shabangu

Don’t Get Serious

ဒီအတွဲကို မြင်မြင်တော့ နည်းနည်းလေးဆွံအသွားတယ်။ တောင်အာဖရိကမှာ ဒီ အသက် ရှစ်နှစ်အရွယ် ချာတိတ်လေးနဲ့ အသက် (၆၁) နှစ်အရွယ် အမျိုးသမီးကြီးတို့ လက်ထပ်ခဲ့ကြပါတယ်။ စဉ်းစားလို့တောင်မရဘူး…..

၁၁။ Woody Allen and Soon-Yi Previn

Don’t Get Serious

သူတို့နှစ်ယောက်ရဲ့ အချစ်သက်တမ်းဟာ (၂၃) နှစ်တိုင်ခဲ့ပြီ။ မွေးစား ကလေးနှစ်ယောက်လည်း ရှိတယ်။ Woody Allen ကြီးက အားလုံးရဲ့ အဖိုးအရွယ်မှာရှိပါတယ်။

၁၂။ Anastasia Reskoss and Quentin Dehar

Don’t Get Serious

လက်တွေ့ကမ္ဘာက Barbie နဲ့ Kent ဖြစ်ဖို့ ဒီစုံတွဲကတော့ အလှပြင်ပစ္စည်း (၁၅) မျိုးနဲ့ အထက်အသုံးပြုလျက်ရှိတယ်လို့သိရပါတယ်။

Source: Don’t Get Serious

Matthew (Shwemom)
SHARE