ဘဝတစ်လျှောက်မှာ သွားဖူးသင့်တဲ့ ခရီးအမျိုးအစား (၁၂)မျိုး

သင်သွားဖူးချင်တဲ့နေရာတွေက အများကြီးဖြစ်မှာပါ။ ဒါပေမယ့် အားလပ်ရက်ရလို့ ခရီးထွက်ဖြစ်ခဲ့ရင်လည်း သင်ရောက်ဖူးတဲ့ နေရာတွေကိုပဲ ထပ်သွားဖြစ်နေတာမျိုးတွေလည်း ဖြစ်ဖူးမှာပါ။ သင်သွားနေကျ ခရီးပုံစံတွေနဲ့ ကွဲထွက်ပြီး သွားလို့ရတဲ့ ခရီးမျိုးတွေ များစွာရှိပါတယ်။

ကမ္ဘာကြီးပေါ်မှာ ရင်သပ်ရှုမောဖွယ်နေရာတွေနဲ့ ပြည့်နှက်နေတာကြောင့် ထူးခြားတဲ့ခရီးသွားပုံစံတွေနဲ့ ပိုပြီးအဓိပ္ပာယ်ရှိတဲ့ အတွေ့အကြုံတွေကို ဖန်တီးသင့်ပါတယ်။ အောက်ပါကတော့ သင်သွားကြည့်သင့်တဲ့ ခရီးသွားပုံစံ (၁၂)မျိုးဖြစ်ပါတယ်။

(၁) ကျောပိုးအိတ်တစ်လုံးနဲ့ လျှောက်သွားရတဲ့ခရီး

Shutterstock

သင်ဟာ ဘတ်ဂျက်ခရီးတစ်ခုခု သွားချင်တယ်ဆိုရင်တော့ ဒီ Backpacking ခရီးက အသင့်တော်ဆုံးပါ။ စွန့်စားမှုတွေလည်း ပိုလုပ်နိုင်ပြီး လမ်းခရီးတစ်လျှောက်မှာ လူသစ်များစွာနဲ့ တွေ့ဆုံနိုင်ကာ မိတ်ဆွေများစွာလည်း ရနိုင်ပါတယ်။

(၂) လုပ်အားပေးခရီး

Shutterstock

လူမှုအဖွဲ့အစည်းတွေထဲ သွားပြီး လုပ်အားပေးချင်လို့ ဝေးလံတဲ့ဒေသတွေကို ခရီးသွားသူ များစွာရှိပါတယ်။ ဒီလိုခရီးမျိုးတွေမှာ စာသင်ပေးခြင်းနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။ သင်ဟာ ခရီးသွားရင်း လူမှုအဖွဲ့အစည်းကို အကျိုးပြုချင်တယ်ဆိုရင်တော့ ဒီလိုခရီးမျိုးက သင့်တော်ပါတယ်။

(၃) အစားအသောက်ခရီး

Shutterstock

ခရီးသွားခြင်းရဲ့ အကောင်းဆုံးအရာတစ်ခုကတော့ မိမိသွားလည်တဲ့နေရာက ဒေသထွက်အစားအစာမျိုးစုံကို မြည်းစမ်းခွင့်ရှိတာပါပဲ။ ဒေသတစ်ခုစီတိုင်းမှာ မတူညီတဲ့ အရသာနဲ့ အတွေ့အကြုံတို့ကို ပေးစွမ်းနိုင်တဲ့ အစားအသောက်တွေရှိပါတယ်။

READ
သင့်အချစ်ဆုံးသူငယ်ချင်းက ဘာကြောင့် သင့်အချစ်ဆုံးသူငယ်ချင်းဖြစ်နေတာလဲ

(၄) ကျွန်းခရီး

Shutterstock

ယခုခေတ် ခေတ်စားနေတဲ့ ခရီးစဉ်မျိုးပါ။ ကျွန်းတွေပေါ်မှာ အပန်းဖြေရတာလောက် ကောင်းတာမရှိပါဘူး။ မြို့ပြရဲ့ မွန်းကျပ်တဲ့ဘဝကနေ ခေတ္တအနားယူချင်တယ်ဆိုရင်တော့ ကျွန်းတွေပေါ်ကို သွားပြီး အပန်းဖြေသင့်ပါတယ်။

(၅) တစ်ဦးတည်း သွားရတဲ့ခရီး

Shutterstock

တစ်ကိုယ်တည်း ရှာဖွေစူးစမ်းချင်တယ် ဆိုသူတွေအတွက်ပါ။ စုံတွဲမရှိသူ (သို့မဟုတ်) တစ်ယောက်တည်း အချိန်ကုန်ဆုံးချင်တယ်ဆိုသူတွေအတွက်လည်း သွားသင့်တဲ့ခရီးပါ။ သေချာတဲ့ အကျိုးတစ်ခုကတော့ ခရီးတစ်လျှောက် သင်တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေနိုင်တာပါပဲ။

(၆) စုံတွဲခရီး

Shutterstock

RS Goals ဆိုပြီးတော့ စုံတွဲပုံလှလှလေးတွေ တင်ချင်သူတွေကတော့ ဒီလိုခရီးမျိုးလေးတွေ သွားပေးသင့်ပါတယ်။ သင်ချစ်တဲ့သူနဲ့ ခရီးတူတူသွားရတယ်ဆိုတာ ကြည်နူးဖွယ်ရာ အတွေ့အကြုံလေးတွေပါ။

(၇) ဇိမ်ခံခရီး

Shutterstock

လူတိုင်းသွားနိုင်တဲ့ ခရီးမဟုတ်တာကို သိပါတယ်။ ဒါပေမယ့် သင်အလုပ်မှာ ရာထူးတက်တာပဲဖြစ်ဖြစ် ထီပေါက်တာပဲဖြစ်ဖြစ် ဖြစ်ခဲ့ရင် ဇိမ်ခံခရီးမျိုး တစ်ခါလောက် သွားသင့်ပါတယ်။ ငွေကို ရုပ်ဝတ္ထုပစ္စည်းတွေမှာ သုံးရသလို ဒီလိုဘဝအတွေ့အကြုံရဖို့တွေမှာလည်း သုံးသင့်ပါတယ်။

(၈) ခြေလျင်ခရီး

Shutterstock

မြို့ပြဘဝထဲကနေ ခဏဖယ်ခွာပြီး သဘာဝတရားနဲ့ ပိုနီးစပ်စေတဲ့ ခရီးမျိုးပါ။ တောတောင်သဘာဝတွေထဲမှာ ခြေလျင်ခရီးထွက်ပြီး စူးစမ်းလေ့လာရတာဟာ အင်မတန်မှ ဆန်းသစ်တဲ့ အတွေ့အကြုံကို ရရှိစေမှာပါ။

READ
အဆိုးမြင်တတ်တဲ့စိတ်ကို ထိန်းချုပ်နည်းများ

(၉) မိသားစုခရီး

Shutterstock

လူပိုများလို့ စရိတ်ပိုကုန်ကျမယ်ဆိုရင်တောင် မိသားစုခရီးဟာ သွားကို သွားဖူးသင့်ပါတယ်။ လူနည်းစုနဲ့ သွားရသလို စွန့်စားမှုတွေ သိပ်ပါမှာ မဟုတ်ဘဲ ဇိမ်ခံခရီးနဲ့ ခပ်ဆင်ဆင် တူသွားမှာလည်း ဖြစ်ပါတယ်။

(၁၀) ပွဲတော်လေ့လာရေးခရီး

Shutterstock

မတူညီတဲ့ ဒေသအသီးသီးမှာ မတူညီတဲ့ ရိုးရာဓလေ့နဲ့ ပွဲတော်တွေ ရှိပါတယ်။ ခရီးသွားခြင်းက နယ်မြေသစ်တွေရဲ့ ရိုးရာဓလေ့သစ်တွေကို သွားရောက်လေ့လာခြင်းပဲ ဖြစ်တာကြောင့် သူတို့ပွဲတော်တစ်ခုခု ကျင်းပနေချိန်သွားမယ်ဆိုရင် ပိုပြည့်စုံတဲ့ အတွေ့အကြုံတွေကိုရမှာပါ။

(၁၁) သူငယ်ချင်းတွေနဲ့ သွားတဲ့ခရီး

Shutterstock

အချစ်ဆုံးသူငယ်ချင်းနဲ့ ခရီးသွားရတာဟာ ပျော်စရာအကောင်းဆုံးအရာတစ်ခုပါ။ သင့်သူငယ်ချင်းနဲ့ အချိန်တူတူကုန်ဆုံးချင်ပြီး အတွေ့အကြုံသစ်တွေလည်း လိုချင်တယ်ဆိုရင် ခရီးတူတူသွားကြပါ။

(၁၂) ကားမောင်းခရီး

Shutterstock

ကားမောင်းခရီးသွားခြင်းက သင့်ကို ဗဟုသုတနဲ့ သင်ခန်းစာများစွာ ရစေပါတယ်။ လမ်းတစ်လျှောက် ကိုယ့်အားကိုယ်ကိုးပြီး ခရီးနှင်ရတာကြောင့် သင့်ကို ပျော်စရာကောင်းတဲ့ စွန့်စားမှုအတွေ့အကြုံတွေ ရစေမှာပါ။

White (Shwemom)

Ref: Elite Readers

SHARE