အာခီဂရုကြီးအလား နေအိမ်ကို ပြန်ဒီဇိုင်းဆွဲပြီး နေချင့်စဖွယ် ပြင်ဆင်ခဲ့တဲ့ (၁၂) နှစ်သားလေး

facebook/Mohd Hardy

အသက် (၁၂) နှစ်ဆိုတာ ကလေးအရွယ်ပါ။ ဒီအရွယ်မှာဆိုရင် အများစုက သူငယ်ချင်းတွေနဲ့ လျောက်လည်၊ ဂိမ်းဆော့၊ စားလိုက်သောက်လိုက်နဲ့ နေကြတာ များပါတယ်။ ဒါပေမယ့် အခုတွေ့ရတဲ့ (၁၂) နှစ်သားလေး အိုင်ရီရယ်ဟာဇစ်ခ်ကတော့ သူနဲ့ရွယ်တူတွေလို မဟုတ်ပဲ တမူထူးနေတာကို worldofbuzz ကနေ ဖော်ပြပေးလိုက်ပါတယ်။

ဘာကြောင့်တုန်းဆိုရင် သူက ဒီအသက်အရွယ်နဲ့ ရှုပ်ထွေးလှတဲ့ ဗိသုကာရပ်ဆိုင်ရာ ပုံတွေကို ရေးဆွဲနိုင်တာ ကြောင့်ပါ။ အိမ်ပုံကြမ်းချတာ၊ အခန်းဖွဲ့တာတွေကို သူကောင်းကောင်းလုပ်နိုင်ပါတယ်။ အိုင်ရီရယ်ရဲ့ပါရမီကို ဖခင်ဖြစ်သူ မိုဟာဒီက အိုင်ရီရယ် (၁၀) နှစ်သားလောက်မှာတင် စပြီး သတိထားမိခဲ့ပါတယ်။

facebook/Mohd Hardy

“..သားရဲ့ စားပွဲခုံပေါ်မှာတော့ ခုခေတ် အဆောက်အဦးတွေရဲ့ ပုံကြမ်းတွေ၊ အိမ်ပုံစံတွေကို အမြဲတမ်း တွေ့ရတာပဲဗျ။ ဒါ့ကြောင့် ကျွန်တော်နဲ့ ကျွန်တော့်မိန်းမက သားကို သူ့ပါရမီအတိုင်း ဖြည့်ဆည်ပေးဖို့ ကြိုးစားပါတယ်။ အိမ်ဒီိဇိုင်းဆွဲဖို့ သူလိုအပ်တဲ့ ကိရိယာအစာပလာလေးတွေ ၀ယ်ပေးတယ်ပေါ့ဗျာ…” လို့ ဟာဒီက ဆိုပါတယ်။

READ
နာကျင်စေခဲ့တဲ့သူတွေကို ဘယ်လိုခွင့်လွှတ်ရမလဲ
facebook/Mohd Hardy

အိုင်ရီရယ်ဟာ ဗိသုကာ ပညာရပ်အပေါ်မှာ အထူးစိတ်ဝင်စားလွန်းတဲ့အတွက် လိုအပ်တဲ့ အင်ဂျင်နီယာစာအုပ်တွေကိုလည်း ဟာဒီတို့က  ၀ယ်ပေးခဲ့ပါတယ်။ တစ်နေ့တစ်ခြား အိမ်ဆောက်တာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ စုဆောင်းတိုးပွားလာပြီးတဲ့နောက်မှာတော့ အိုင်ရီယန်က ဗိသုကာတစ်ဦးနီးနီး ဖြစ်နေပါပြီ။ ပရိုဖက်ရှင်နယ် ဗိသုကာတွေသုံးတဲ့ 3D architecture design software ကိုလည်း သူက သုံးတတ်နေပါပြီ။

facebook/Mohd Hardy

တစ်နေ့တော့ ဟာဒီက အိုင်ရီရယ်ကို စမ်းသပ်ဖို့ အခွင့်အရေးတစ်ခု ပေးပါတယ်။ အဲ့ဒါက သူတို့နေအိမ်ရဲ့ မီးဖိုဆောင်နဲ့ ရေချိုးခန်းကို ပြန်ပြင်ဖို့ အိုင်ရီရယ်ကို တာဝန်ယူခိုင်းတာပါ။ အောက်မှာတော့ ဖခင်ပေးတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချထားတဲ့ အိုင်ရီရယ်ရဲ့ လက်ရာတွေကို တွေ့ရမှာပါ။

facebook/Mohd Hardy
facebook/Mohd Hardy
facebook/Mohd Hardy
facebook/Mohd Hardy

ဒါတွေဟာ တကယ်ပဲ (၁၂) နှစ်သားလေးက ပုံကြမ်းဆွဲ၊ လက်သမားတွေကို ဦးဆောင်ပြီး လုပ်ကိုင်တယ်ဆိုတာ မယုံနိုင်စရာပါပဲ။ အိုင်ရီရယ်ဟာ အိမ်က ပျင်းစရာကောင်းလှတဲ့ မီးဖိုဆောင်အဟောင်းကို ခေတ်အမြင်နဲ့ ဆန်းသစ်အောင် ပြန်ပြီး ပြင်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက်ငယ်သေးပေမယ့် ပါရမီကောင်းနဲ့ ပြည့်စုံတဲ့ အိုင်ရီရယ်ကို အွန်လိုင်းပေါ်မှာတော့ တော်တော်လေး ချီးမွမ်းနေကြပါတယ်။ ဒါ့အပြင် အိုင်ရီရယ်ရဲ့ မိဘတွေဟာလည်း ကလေးစိတ်ဝင်စားတဲ့အရာအပေါ် ထူးထူးချွန်ချွန်လေ့လာနိုင်အောင် ၀ိုင်းဝန်းထောက်ပံ့နိုင်တဲ့အတွက် ချီးမွမ်းစရာပဲ ဖြစ်ပါတော့တယ်။

READ
မယ်စကြာဝဠာပရိသတ်တွေကို ခွန်အားဖြစ်စေခဲ့တဲ့ Miss Vietnam ရဲ့ ဘဝအကြောင်း

လင်းလင်း (ShweMom)

SHARE