ဈေးဝယ်သူတွေတောင် ရပ်ကြည့်ပြီးနားထောင်ခဲ့ရတဲ့ (၁၂) အရွယ်ကောင်လေးရဲ့ ပီယာနိုသံ

YouTube/HarrisonPiano

အင်္ဂလန်နိုင်ငံက လီဗာပူးမြို့မှာ ကောင်လေးတစ်ယောက်ဟာ ပီယာနိုတီးပြီး လမ်းမလယ်မှာ ဖျော်ဖြေခဲ့တာကို လမ်းသွားလမ်းလာတွေက အားပေးခဲ့ကြကြောင်း dailymail သတင်းကနေတဆင့် သိရပါတယ်။ ပီယာနိုတီးခတ်သူ ကောင်လေးဟာ အသက် (၁၂) နှစ်ပဲ ရှိပါသေးတယ်။ နာမည်ကတော့ ဟာရစ်ဆန်ခရိန်းဖြစ်ပါတယ်။ ဟာရစ်ဆန်ဟာ (၁၉၉၀) ခုနှစ်များဆီက ခေတ်စားခဲ့တဲ့ ရောဘတ်မိုင်းလ်စ်ရဲ့ Children တေးသွားအပါအ၀င် အခြားနာမည်ကျော်တေးသွားတွေကိုပါ တီးခတ်ပြခဲ့တာ ဖြစ်ပါတယ်။

YouTube/HarrisonPiano

ရှော့ပင်းစင်တာရှေ့မှာ သွက်သွက်လက်လက်နဲ့ တီးခတ်နေတဲ့ ဟာရစ်ဆန်ရဲ့ ပီယာနိုလက်သံကို ဈေးဝယ်သူတွေဟာ ရပ်ကြည့်ပြီး နားထောင်ခဲ့ကြပါတယ်။ သူဟာ Chidren တေးသွားကို တီးခတ်ပြီးတဲ့နောက် (၁၉၉၈) ခုနှစ်က ခေတ်စားခဲ့တဲ့ Eiffel 65 ရဲ့ Blue ၊ DJ Darude ရဲ့ (၁၉၉၉) ခုနှစ်က Sandstrom နဲ့  The White Stripes ရဲ့ Seven Nation Army တို့ကို ဖျော်ဖြေသွားခဲ့တာ ဖြစ်ပါတယ်။

READ
ကားကို ချစ်ကြိုက်ပြီး လိင်ဆက်ဆံမှုလည်းလုပ်တဲ့ ထူးထူးဆန်းဆန်း အင်္ဂလန်အမျိုးသား

ဟာရစ်ဆန်ရဲ့ပရိသတ်တွေဟာလည်း သူတီးခတ်ဖျော်ဖြေနေစဉ်မှာ တဖြည်းဖြည်းများလာခဲ့ပါတယ်။ အချို့ကလည်း ပီယာနိုသံကို ခြေထောက်နဲ့ စည်းဝါးလိုက်နေသလို အချို့ကလည်း ဟာရစ်ဆန်ကို ဖုန်းတွေနဲ့ မှတ်တမ်းတင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဟာရစ်ဆန် ပီယာနိုတီးခတ်အပြီးမှာတော့ ပရိသတ်တွေက ၀ိုင်းပြီး လက်ခုပ်တီးကာ အားပေးနေခဲ့ကြပါတယ်။

ခုတွေ့မြင်ခဲ့ရတဲ့ ဖျော်ဖြေမှုဟာ ဟာရစ်ဆန်အတွက် ပထမဆုံးအကြိမ် ဖျော်ဖြေမှုတော့ မဟုတ်ခဲ့ပါဘူး။ သူဟာ (၂၀၁၈) ခုနှစ်ကတည်းကစလို့ ရှော့ပင်းစင်တာတွေမှာ ပီယာနိုတီးခတ်ပြီး ဖျော်ဖြေနေသူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၆) လတုန်းကတော့ သူ့ဖခင် ဂျွန်နသန်က သူ့ရဲ့ YouTube အကောင့်မှာ အခုလိုပဲ ပီယာနိုးပြီး ဖျော်ဖြေနေတဲ့ ဟာရစ်ဆန်ရဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း ဟာရစ်ဆန်ဟာ တီးဝိုင်းအဖွဲ့တစ်ဖွဲ့ထဲမှာ The Killers ရဲ့ Mr. Brightside ကို ကာဗာပြန်တီးနေခဲ့တာကိုလည်း အခုလို တွေ့ရပါသေးတယ်။

READ
သေကြောင်းမကြံခင်မှာ သူငယ်ချင်းဆီ အကြံဉာဏ်ပေး ကူညီခဲ့ဖူးတဲ့ အပြာမင်းသမီးလေး

လင်းလင်း (ShweMom)

SHARE