တရုတ်နိုင်ငံအကြောင်း သင်သိဦးမှာမဟုတ်တဲ့ ထူးခြားအချက် (၁၃) ချက်

တရုတ်နိုင်ငံအကြောင်း တော်တော်သိပြီးကြပြီထင်လောက်ပေမယ့် မသိရလောက်သေးတဲ့ ထူးခြားအကြောင်းအရာတွေ ရှိနေပါသေးတယ်။ စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများကစလို့ စားပုံသောက်ပုံတွေအထိ တရုတ်နိုင်ငံအကြောင်း သင်မသိလောက်သေးတာတွေ ဖော်ပြပေးလိုက်ရပါတယ်။

(၁) တရုတ်နိုင်ငံဟာ အရမ်းချမ်းသာတဲ့ နိုင်ငံမှန်း သိကြပြီးဖြစ်ပါတယ်။ ကိန်းဂဏန်းအရသာ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) က ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံးဖြစ်ပေမယ့် တစ်ဦးချင်းစီ ပျှမ်းမျှဝင်ငွေမှာတော့ ကမ္ဘာ့အဆင့် (၇၁) နေရာမှာသာ ရှိပါတယ်။ တစ်နည်းအားဖြင့် လူတန်းစား ဆင်းရဲချမ်းသာ မမျှတာပါ။

(၂) တရုတ်နိုင်ငံဟာ စီးကရက်တွေကို ကမ္ဘာပေါ်မှာ အများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်သလို စီးကရက်သောက်သုံးမှု အမြင့်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ (၂)ပုံ(၂)ပုံက ဆေးလိပ်သောက်ကြပြီး တစ်ကမ္ဘာလုံးရဲ့ ဆေးလိပ်ထုတ်လုပ်မှု တစ်ဝက်က သူတို့နိုင်ငံက ဖြစ်ပါတယ်။

theculturetrip

(၃) တရုတ်နိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်ဦးရေက အီတလီနိုင်ငံထက် များပါတယ်။ တရုတ်မှာ နိုင်ငံတော်ရဲ့ အဓိက ကိုးကွယ်တဲ့ ဘာသာလိုမျိုး သတ်မှတ်ထားခြင်း မရှိပေမယ့် စစ်တမ်းအရတော့ လူဦးရေ (၅၄) သန်းက ခရစ်ယာန်တွေ ဖြစ်ပါတယ်တဲ့။ အီတလီက ခရစ်ယာန်ကိုးကွယ်သူ ဦးရေထက် (၄) သန်းပိုများနေပါတယ်။

(၄) တရုတ်နိုင်ငံက ရထားလမ်းတွေရဲ့ စုစုပေါင်း အကွာအဝေး အတိုင်းအတာဟာ ကမ္ဘာ့စက်ဝန်း အတိုင်းအတာထက် (၃) ဆ ပိုရှည်ပါတယ်။ တရုတ်နိုင်ငံက ရထားလမ်းတွေရဲ့ အရှည်ဟာ ၁၂၁,၀၀၀ ကီလိုမီတာ (၇၅,၁၈၆ မိုင်) ရှိတာကြောင့် ၄၀,၀၇၅ ကီလိုမီတာ (၂၄,၉၀၁ မိုင်) ရှိတဲ့ ကမ္ဘာ့စက်ဝန်းထက် သုံးဆပိုရှည်တာပါ။

(၅) ကမ္ဘာပေါ်က စုစုပေါင်း ဝက်အကောင်ရေရဲ့ တစ်ဝက်ကျော်ဟာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း တရုတ်တွေ အကြိုက်ဆုံးအသားက ဝက်သားပါ။ တရုတ်နိုင်ငံသားတစ်ယောက်က ပျှမ်းမျှ တစ်နှစ်ကို ဝက်သား ၈၆ ပေါင် စားကြပါတယ်တဲ့။ အမေရိကန်နိုင်ငံမှာ ရှိတဲ့ လူဦးရေထက် တရုတ်မှာရှိတဲ့ ဝက်ဦးရေက ၂ ဆပိုများပါတယ်။

READ
အင်တာနက်ပေါ်မှာ Hot နေတဲ့ ဘရာဇီးလ်က ရေအောက်သစ်တောဥယျာဉ်
theculturetrip

(၆) တရုတ်နိုင်ငံက အရမ်းကြီးပေမယ့် အချိန်ဇုန် တစ်ခုသာ ရှိပါတယ်။ နိုင်ငံက အရမ်းကြီးလွန်းရင် တည်နေရာတွေ ကွာသွားလွန်းတာကြောင့် အချိန်ဇုန် မတူတတ်ပါဘူး။ ဒါပေမယ့် ၁၉၄၉ ခုနှစ်က တရုတ်နိုင်ငံကို ကွန်မြူနစ်တို့ စတင်အုပ်ချုပ်တဲ့အခါ ဥက္ကဌ မော်စီတုန်းက နိုင်ငံစည်းလုံးမှုရှိအောင်ဆိုပြီး ဘေကျင်းရဲ့ စံတော်ချိန်ကိုသာ တစ်နိုင်ငံလုံးကို သုံးစေခဲ့လို့ပါ။

(၇) တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သွင်းကုန် ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ “Made in China” ဆိုတဲ့ စာတမ်းကြောင့် တရုတ်ကပဲ တစ်ကမ္ဘာလုံးကို ပတ်ပို့နေတယ် မထင်လိုက်ပါနဲ့။ သူတို့လည်း နိုင်ငံခြားသွင်းကုန် အများအပြား သွင်းပြီး တစ်နှစ်ကို ဒေါ်လာ ၁ ထရီလီယံတန်ဖိုးအထိ သွင်းကုန်ရှိပါတယ်။

(၈) တရုတ်နိုင်ငံက နည်းပညာကုမ္ပဏီ Tencent က Facebook ထက် ကြီးမားပါတယ်။ Tencent က တရုတ်နိုင်ငံရဲ့ အဓိကဆိုရှယ်မီဒီယာဖြစ်တဲ့ WeChat ကို ဖန်တီးထားတာပါ။ Tencent ဟာ League of Legends နဲ့ Call of Duty ဂိမ်းတွေကို ပိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

theculturetrip

(၉) တရုတ်နိုင်ငံသား ၃၀ ရာခိုင်နှုန်းက မန်ဒရင်စကား မပြောတတ်ကြပါဘူး။ မန်ဒရင်ဆိုတာ တရုတ်နိုင်ငံရဲ့ တရားဝင် နိုင်ငံသုံး ဘာသာစကားဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က တရုတ်ပညာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ လူဦးရေ သန်း ၄၀၀ က မန်ဒရင်ကို မပြောတတ်ကြပါဘူးတဲ့။

READ
ဘောလုံးတစ်ပွဲမှ မကစားဖူးပဲ ကမ္ဘာကျော်ဘောလုံးသမားဖြစ်ခဲ့တဲ့ လူလိမ်လူညာကြီး

(၁၀) တရုတ်က ပြန်လည်အသုံးပြုလို့ရတဲ့ စွမ်းအင်တွေကို ကမ္ဘာပေါ်မှာ အများဆုံး ထုတ်လုပ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ရေနဲ့ လေထုညစ်ညမ်းမှု အလွန်များတဲ့ နိုင်ငံဖြစ်ပေမယ့်လည်း နေရောင်သုံး စွမ်းအင်ကဲ့သို့ လျှပ်စစ်စွမ်းအင်တွေကို အများဆုံး ထုတ်နိုင်တဲ့ နိုင်ငံပါ။

(၁၁) တရုတ်နိုင်ငံဟာ ဝိုင်နီသောက်သုံးမှု အမြင့်ဆုံးနိုင်ငံဖြစ်ပါတယ်။ ဘီယာကို ပြည်တွင်းမှာ တွင်ကျယ်စွာ ထုတ်ပေမယ့် ပြည်သူတွေ (အထူးသဖြင့် လူချမ်းသာ)တွေကတော့ ဝိုင်နီသာ သောက်သုံးကြပါတယ်တဲ့။ ၂၀၁၄ ခုနှစ် စစ်တမ်းအရ ဝိုင်နီသောက်သုံးမှု အများဆုံးနိုင်ငံမှာ တရုတ်က ပြင်သစ်ကို ကျော်တက်သွားခဲ့ပါတယ်။

theculturetrip

(၁၂) တရုတ်အမျိုးသမီးတွေရဲ့ ၂ ရာခိုင်နှုန်းသာ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကို သုံးစွဲကြပါတယ်။ ဓမ္မတာလာတာဟာ တရုတ်နိုင်ငံမှာ ယနေ့အထိ မပြောအပ်တဲ့အရာလို့ သတ်မှတ်ထားကြပါတယ်တဲ့။ ပြီးတော့ တရုတ်အမျိုးသမီးတွေမှာ လစဉ်သုံးပစ္စည်းတွေက အပျိုရည်ကို ပျက်စေနိုင်တယ်ဆိုတဲ့ အယူအဆမှားမျိုးလည်း ရှိတာကြောင့် တော်တော်များများက tampon တို့ pad တို့ကို မသုံးကြပါဘူး။

(၁၃) တရုတ်မှာ ငါးရက်တစ်ခါလောက် ဘီလျံနာတစ်ဦး ပေါ်ထွက်နေပါတယ်။ ပုံမှန်လူတွေကတော့ မနက် ၉ နာရီကနေ ညနေ ၅နာရီအထိ ဝန်ထမ်းအလုပ်ကို မနည်းလုပ်နေကြရပေမယ့် တရုတ်မှာတော့ ဘီလျံနာဖြစ်လာတဲ့သူတွေ အရမ်းများပါတယ်တဲ့။ ဒီအချက်ကြောင့်ပဲ သူတို့ဆီမှာ ဆင်းရဲ ချမ်းသာမမျှကြတာလည်း ဖြစ်ပါတယ်။

Ref: Culture Trip

SHARE