(၁၃)ဂဏန်းကြောင့် ကံဆိုးခဲ့ရပြီး အရင်းပြုတ်မတက် ဖြစ်ခဲ့ရတဲ့ မီယာမီဘားတစ်ခု

American Social Bar Offical Site

မီယာမီက ဘားတစ်ခုကတော့ အမေရိကန်အမျိုးသမီးအသင်းရဲ့ ဂိုးအရေအတွက်အတိုင် ဘီယာအလကားတိုက်မယ်ဆိုပြီး ကြေညာခဲ့တာကြောင့် အဲဒီပွဲကစားခဲ့တဲ့ အခိုက်အတန့်အမှာတော့ သူတို့ဆိုင်ဟာ တစ်ခြားဆိုင်ထက် လူစည်နေခဲ့ပါတယ်။

သူတို့ကလည်း အမေရိကန်အဖို့ ထိုင်းဘက်ကို အလွန်ဆုံးသွင်း (၂)ဂိုး၊ (၃)ဂိုးလောက်ပဲ သွင်းနိုင်မယ် ထင်ခဲ့ပုံရပါတယ်။ ဒါပေမယ့် အမေရိက်အမေရိကန်အမျိုးသမီးအသင်းက ပွဲချိန်(၁၂)မိနစ်ကစပြီး ထိုင်းဘက်ကို ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းခဲ့ရာ၊ ပွဲချိန် (90+2)အထိတောင် သွင်းတုန်းပါဘဲ။

American Social Bar Offical Site

ပွဲပြီးရလဒ်ကတော့ အမေရိကန်အမျိုးသမီးအသင်းက (၁၃)ဂိုး၊ ထိုင်းမလေးတွေက (၀)ရလဒ်နဲ့ အမေရိကန်တို့အတွက် အားရစရာ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ စောစောက အမေရိကန်တစ်ဂိုးသွင်းတိုင်း တစ်ခွက်အလကားကစ်ရမယ်ဆိုတဲ့ ဆိုင်ပါဘဲ။

ဘားရဲ့နာမည်ကတော့ The American Social Bar & Kitchen ဖြစ်ပြီး မီယာမီမှာတော့ လူသိများတဲ့ ဘားတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ လူမှုကွန်ရက်မှာ ကန်မလေးတွေ တစ်ဂိုးသွင်းတိုင် Free တစ်ခွက်ဆိုပြီး တရားဝင်ကြေညာခဲ့တာပါ။

 

 

View this post on Instagram

 

And the shots have started…. Happy Bday @glc4life!!!! #rumplemint

A post shared by Turo (@isan747) on

မန်နေဂျာခများ ပွဲရလဒ်ကြောင့် ကြောင်စီစီးဖြစ်နေခဲ့ပြီး ဒေသခံသတင်းမီဒီယာတွေက ဆက်သွယ်တာတောင်မှ အသံနေအသံထားမှန်မှန်နဲ့ မဖြေဆိုနိုင်ခဲ့ဘူးလို့တောင် ဆိုနေကြပါတယ်။ ဒါပေမယ့် မန်နေဂျာဖြစ်သူ  Danny Rodriguez ကို ဒေသခံရုပ်သံ၊ WPLG Local 10 က ဆက်သွယ်စဉ်မှာတော့ သူက “ ဆိုင်ကို လာရောက်အားပေးတာ လူ အယောက် ၄၀-၅၀ လောက် ရှိတယ် … ပြောရရင် တစ်ဂိုးသွင်းလိုက် ချီးယားစ်ဆိုပြီး အောင်ပွဲခံလိုက်နဲ့မို့ အတော်လေးကို အတွေ့အကြုံအသစ်တွေ ပေးခဲ့တဲ့ပွဲပါ … ”လို့သာ ပြေခဲ့ပါတယ်။ သေချာတာကတော့ လူ (၅၀)လောက် အားပေးတယ်ဆိုရင်တောင် သူတို့ဆိုင်အနေနဲ့ ဘီယာခွက် (၆၅၀) ဝန်ဆောင်မှု ပေးလိုက်ရတဲ့ သဘောပါ။

လင်းသုတ (Shwemom)

SHARE