လေယာဉ်ပျက်ကျတဲ့ထဲ ပါသွားတဲ့ ဖခင်အတွက် (၁၃) နှစ်သားလေးရဲ့ ရင်နင့်ဖွယ်မိန့်ခွန်း

Wikimedia Commons,twitter/AJEnglish, twitter/cathmckenna

ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဆုံးရှုံးရတာဟာ ဘ၀ကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသလိုပါပဲ။ အဲ့ဒီအချိန်က ၀မ်းနည်းစရာအကောင်းဆုံး အချိန်ဖြစ်တဲ့အတွက် ၀မ်းနည်းနာကျင်မှုကို ဖော်ပြစရာ စကားလုံးတောင် မရှိလောက်အောင်ပါပဲ။ အသက် (၁၃) နှစ်သားလေး ရွိုင်ယန်ပူဂျမ်ဟာလည်း ငယ်ငယ်လေးနဲ့ ဖခင်ဖြစ်သူကို  ဆုံးရှုံးခဲ့တာပါ။

 

ပူဂျမ်ရဲ့ ဖခင်ဟာ မကြာခင်တုန်းကမှ  အီရန်အစိုးရက ပစ်ချလို့ ပျက်ကျသွားတဲ့  ယူကရိန်းဘိုးအင်းလေယာဉ် (၇၃၇) ပျက်ကျမှုထဲ စိတ်မကောင်းဖွယ် ပါသွားခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်ဆိုးထဲမှာ လေယာဉ်စီးခရီးသည် (၁၇၆) ဦးပါသွားခဲ့ပါတယ်။ ပူဂျမ်ရဲ့ ဖခင်ဟာ Carlton တက္ကသိုလ်မှာ ပညာဆည်းပူးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်က အမှတ်ရ လွမ်းဆွတ်ကြောင်း အထိမ်းအမှတ်အဖြစ် Carlton ရဲ့ကျောင်းသားဟောင်း ပူဂျမ်ရဲ့ ဖခင်နေရာမှာ ပူဂျမ်ကို မိန့်ခွန်းပြောစေခဲ့တာ ဖြစ်ပါတယ်။

READ
အငိုမတိတ်တဲ့ 5 လသမီးကို အသက်ရှူရပ်သည်အထိ စောင်နဲ့အုပ်သတ်ခဲ့သည့် မိခင်

 

ပူဂျမ်က သူ့ရဲ့ဖခင်ဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး အကောင်းမြင်စိတ်ရှိသူဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်တော် မကောင်းတာတွေ မပြောချင်ဘူးဗျာ။ ကျွန်တော်အဖေသာ ရှိနေခဲ့ရင် အခုဆို ဒီနေရာမှာ မိန့်ခွန်းပြောရတဲ့သူဟာ အဖေပဲ ဖြစ်နေလိမ့်မယ်။ အဖေရှိနေလည်း သူက သူများမကောင်းကြောင်း ပြောမှာမဟုတ်ဘူး။ ကျွန်တော်လည်း မပြောဘူး…” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ပူဂျမ်ရဲ့ ဖခင်ဖြစ်သူ မွန်ဆိုးပူဂျမ်ဟာ အိုတာဝါမှာ သွားဆရာဝန်တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ ဘ၀ရဲ့ ကြမ်းတမ်းခက်ခဲတဲ့ အချိန်တွေမှာ အရမ်းကြိုးစားခဲ့ရတာကို ပြောပြရင်း ဖခင်ကို သတိရလွမ်းဆွတ်နေခဲ့တဲ့ ပူဂျမ်ရဲ့မိန့်ခွန်းကိုတော့ storypick ကနေတဆင့် အခုလို ဖော်ပြပေးလိုက်ပါတယ်။

READ
ဇနီးသည်ကိုသတ်ပစ်ဖို့ ကြေးစားလူသတ်သမားဆီ ပို့ရမယ့်စာကို လူမှားပြီးပို့မိတဲ့ အမျိုးသား

 

လင်းလင်း (ShweMom)

SHARE