အသက် (၁၃) နှစ်နဲ့ ကောလိပ်ကနေ ဘွဲ့(၄)ခု ရအောင်ယူနိုင်ခဲ့တဲ့ လူရည်ချွန်ကောင်လေး

[email protected]

ဘွဲ့တစ်ခုရဖို့ဆိုတာ လူတိုင်းအတွက် မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူရဲ့စိတ်ကိုက စာလုပ်ရမှာ ပျင်းလို့ပါပဲ။ အဲဒါကြောင့် ဘွဲ့တစ်ခုခုရဖို့ဆိုရင် စာကျက်တာတို့၊ Notes ထုတ်တာတို့၊ စာပြန်နွှေးတာတို့ အစရှိတဲ့ ကိစ္စတွေကို မဖြစ်မနေလုပ်ရမှာပါ။ ဒီလိုအလုပ်မျိုးတွေကို အသက် ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက်က လုပ်ပြိး ဘွဲ့ရသွားရင် ဖြစ်နိုင်ပါ့မလား။ ဘွဲ့ကလည်း တစ်ခုတောင် မဟုတ်ဘူးနော်။ ကောလိပ်တစ်ခုတည်းကပဲ ဘွဲ့(၄)ခုကို ရခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီကောင်လေးရဲ့ နာမည်ကတော့ Jack Rico ပဲ ဖြစ်ပါတယ်။ အသက် ၁၃ နှစ်သာရှိသေးတဲ့ Rico ဟာ ၂ နှစ်အတွင်းမှာ ဘွဲ့လေးခုရအောင် ယူနိုင်ခဲ့ပါတယ်။  အဲဒီဘွဲ့တွေကတော့ History, Human Expression, Social Behavior, Social Science အစရှိတဲ့ ဘာသာရပ်တွေပဲ ဖြစ်ပါတယ်။ သူတက်ရောက်ခဲ့တဲ့ ကောလိပ်ကတော့ Californi ပြည်နယ်ရှိ Fullerton ကောလိပ်ပဲ ဖြစ်ပါတယ်။

အဆိုပါကောလိပ်ရဲ့ ပြောကြားချက်အရဆိုရင်တော့ Rico ဟာ ကောလိပ်ဖွင့်လာတဲ့ သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော်မှာ ပထမဦးဆုံးနဲ့ အသက်အငယ်ဆုံး ဘွဲ့ရကျောင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်လို့ CNN သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Jack ဟာ သူများကလေးတွေလို အရုပ်ဝယ်ပေးဖို့တွေ၊ Disney Land သွားဖို့တွေကို ပူဆာခြင်းမရှိပဲ အိမ်ဖြူတော်သို့ သူ့ကို အလည်လိုက်ပို့ပေးရန် မကြာခဏ သူ့အမေကို ပူဆာတတ်ပါတယ်။

READ
FA တွေ (၇) ရက်အတွင်း ချစ်သူရစေမယ့် အထိရောက်ဆုံး နည်းလမ်း(၇)မျိုး

“ သူ့အသက်အရွယ်နဲ့ အိမ်ဖြူတော်သွားဖို့ ပူဆာတာ ဒီတစ်ခါပဲ ကြားဖူးသေးပါတယ်။ ငယ်ငယ်လေးကတည်းက တစ်ခြားကလေးတွေနဲ့ ဆော့ကစားတာတွေလည်း သိပ်မရှိဘူး။ အချိန်ပြည့် သူ့အဖေစာအုပ်စင်က စာအုပ်တွေ ယူဖတ်တယ်၊ သင်္ချာတွေတွက်တယ်၊ အဲဒါတွေနဲ့ပဲ အချိန်ကုန်နေတယ်။ သူ့ကို မကြာခဏပြောတယ်။ စာချည်းပဲ လုပ်မနေနဲ့၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ကစားဖို့။ ဒါပေမယ့် သူကိုယ်တိုင်က စာဖတ်တာကို ဝါသနာပါနေတော့ ကျွန်မတို့ မိဘတွေလည်း မတားတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မသားအတွက် ကျွန်မ ဂုဏ်ယူပါတယ်” လို့ Rico ရဲ့ မိခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE