အမှိုက်ကောက်တဲ့အကျင့်ကြောင့် အနိုင်ကျင့်ခံခဲ့ရပေမယ့် စံပြလူသားဖြစ်လာခဲ့တဲ့ ကလေးမလေး

အသက်(၁၃) နှစ်အရွယ် ကလေးမလေး နာဒီယာစပါ့ခ်ဟာ အင်္ဂလန်နိုင်ငံ နောဝင့်ခ်ျမြို့က ဖြစ်ပါတယ်။ သူမဟာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတစ်ယောက်ပီပီ နေ့စဉ် နေ့တိုင်း ကျောင်းသွားရာလမ်းမှာတွေ့တဲ့ အမှိုက်တွေကို ကောက်ယူစွန့်ပစ်လေ့ရှိပါတယ်။ သူမဟာ ဒီပရောဂျက်ကို စလုပ်ကတည်းက အမှိုက်လီတာပေါင်း (၁၁၀၀) ကို ကောက်ယူခဲ့ပြီးဖြစ်သလို တခြားလူတွေကိုလည်း သူမလိုပဲ recycle ပြန်လုပ်နိုင်တဲ့ စွန့်ပစ်အမှိုက်တွေ ကောက်ယူဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

Image credits: teamtrashgirl

နာဒီယာဟာ ကမ္ဘာကြီးကို ဂရုပြုစောင့်ရှောက်တတ်သူဖြစ်ပြီး သူမလိုလူမျိုးက ကမ္ဘာကြီးမှာ ခပ်များများလိုအပ်နေတာပါ။ ဒါပေမယ့်လည်း သူမကျောင်းက အတန်းဖော်အချို့က သူမရဲ့ အမှိုက်ကောက်အကျင့်ကို သဘောမကျပါဘူး။ အမှိုက်သရိုက်ကောင်မလေး ဆိုပြီးစနောက်ကြပါတယ်။ အနိုင်ကျင့်နှိပ်စက်တတ်တဲ့ အတန်းဖော်တွေက သူမမျက်နှာကို ဖျော်ရည်တွေနဲ့ ပက်တာ၊ ထိုးကြိတ်တာနဲ့ ဓားနဲ့ခြိမ်းခြောက်တာတွေပါ ပြုလုပ်ခဲ့ပါတယ်။

Image credits: teamtrashgirl

ဒီလိုအခြင်းအရာမျိုးတွေ ကြုံခဲ့ပေမယ့်လည်း နာဒီယာဟာ အမှိုက်သရိုက်ကောင်မလေးဆိုတဲ့ အမည်ကို လိုလိုလားလား ခံယူခဲ့ပါတယ်။ သူမဟာ “Team Trash Girl” အမည်ရတဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျတစ်ခု ဖွင့်ပြီး လူတိုင်းကို သူတို့ရဲ့ အမှိုက်ကောက်ပုံတွေနဲ့၊ အမှိုက်တွေ သန့်ရှင်းအောင် ဘယ်လိုပြုလုပ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို သူတစ်ပါးတွေ နည်းနာယူစေဖို့ အလို့ငှာ ပို့စ်တင်ရေးသားခွင့် ပေးထားပါသေးတယ်။

READ
ကလေးပေါင်း (၂.၄)သန်းကျော်ရဲ့ အသက်တွေ ကယ်တင်ခဲ့တဲ့ သြစတြေးလျနိုင်ငံက အဘိုးအို
Image credits: teamtrashgirl

“ကျွန်မက လူတွေအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးစေချင်ပါတယ်။ ကမ္ဘာကြီးဟာ လုံးဝပြုပြင်လို့မရတော့မယ့် အခြေအနေ မဖြစ်မီ ကြိုတင်ပြီး ပြုပြင်ကြရအောင်ပါ။ ဒါကြောင့် ဒီနေ့အတွက် အမှိုက်(၃) ခုကောက်လိုက်ပါဦး။ ဘယ်လို အမှိုက်တွေ ကောက်ခဲ့တယ်။ ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြခဲ့ပါဦး။ ကျွန်မတို့တွေ စုပေါင်းပြီး ကမ္ဘာကြီးကို ကယ်တင်ကြရအောင်…” လို့ နာဒီယာက ကိုယ်တိုင်ပို့စ်ရေးသားခဲ့ပါတယ်။

Image credits: creativenation

အသက်ငယ်ပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ နာဒီယာဟာ (၂၀၁၈) ခုနှစ်မှာတော့ တောရိုင်းတိရစ္ဆာန်ကာကွယ်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WWF ရဲ့ သံတမန်ဖြစ်လာခဲ့ပါတယ်။ အခုလို တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးရဲ့ သံတမန်ဖြစ်လာခဲ့ပေမယ့် ကျောင်းမှာ သူမကို အနိုင်ကျင့်နှိပ်စက်တာတွေဟာ ရပ်တန့်မသွားခဲ့ပါဘူး။ သူမကို အနိုင်ကျင့်တဲ့သူတွေကို ကျောင်းကလည်း ထိထိရောက်ရောက် အရေးယူပေးတာမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် သူမဟာ Hellesdon High ကျောင်းကနေ Reepham High ကျောင်းသစ်ဆီ ပြောင်းရွှေ့တက်ရောက်ပြီး ဆက်လက်ပညာသင်ကြားနေတယ်လို့ သိရပါတယ်။ ထိုကျောင်းမှာတော့ သူမရဲ့ စွမ်းရည်ကို အသိအမှတ်ပြုတဲ့ ဆရာတွေအပြင် သူမကို ချစ်ခင်ကြတဲ့ အတန်းဖော်များစွာ ရှိနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

READ
မေတ္တာမှန်ရင် ဆုံစည်ရတယ်ဆိုတာကို သက်သေပြခဲ့တဲ့ စုံတွဲ

လင်းလင်း (ShweMom)

Ref: boredpanda

SHARE