Asia Model Festival ပြိုင်ပွဲဝင်ခွင့်ရခဲ့တဲ့ အသက်(၁၃)နှစ်အရွယ် မွန်ဂိုလီယားမော်ဒယ်လေး

AMFOC/Facebook

ပြီးခဲ့တဲ့သြဂုတ်လ (၁၈)ရက်နေ့က မွန်ဂိုလီယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ‘2020 Asia Model Festival FACE of Mongolia’ ပြိုင်ပွဲမှာ အသက် (၁၃)နှစ်ပဲရှိသေးတဲ့ မွန်ဂိုလီယားမော်ဒယ်လေး  A. Indra က Grand Prize ဆုကြီးကိုဆွတ်ခူးသွားခဲ့ပြီး (၁၅)ကြိမ်မြောက် Asia Model Festival ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

AMFOC/Facebook

အရပ်အမြင့် (၁၇၈) စင်တီမီတာ ( ၅ ပေ၊ ၈ လက်မကျော်) ရှိတဲ့ A. Indra ဟာ ဝင်ရောက်ယှဉ်ပြိုင်သူ (၃၂)ဦးထဲမှာ ပထမဆုကို ဆွတ်ခူးခဲ့ တာပါ။ သူမနဲ့အတူ ပြိုင်ပွဲမှာ ထိပ်ဆုံး(၅)နေရာရခဲ့တဲ့ မွန်ဂိုလီယားမော်ဒယ် (၅)ဦးဟာလည်း Asia Model Festival ရဲ့ Face of Asia ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

(၁၅)ကြိမ်မြောက် Asia Model Festival ကို လာမဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပြီး တရုတ်၊ ဂျပန်၊ မွန်ဂိုလီယား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ မြန်မာ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မက္ကာအို၊ သီရိလင်္ကာ၊ စင်ကာပူ၊ ဆော်ဒီ၊ ဘင်္ဂလားဒေ့ရှ် နဲ့ ထိုင်ဝမ်က မော်ဒယ်တွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

KYM

SHARE