ဥရောပဒိုင်ဗင်ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံးချန်ပီယံဖြစ်သွားတဲ့ (၁၃)နှစ်အရွယ်လူငယ်လေး

Twitter "The Week"

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့မှာကျင်းပခဲ့တဲ့ (၂၀၁၉) ဥရောပချန်ပီယံရှစ် ဒိုင်ဗင် ပြိုင်ပွဲမှာတော့ ယူကရိန်းဒိုင်ဗင်သမားလေး အိုလက်ဆီ က အံ့အားသင့်ဖွယ်အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ အိုလက်ဆီ က (၁၀)မီတာအမြင့် ဒိုင်ဗင်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အသက် (၁၃)နှစ်အရွယ် ဒိုင်ဗင်သမားလေးဟာ သူ့ထက် ၀ါရင့်တဲ့ နာမည်ကျော် ဒိုင်ဗင်သမားတွေကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

အိုလက်ဆီက ဒီပြိုင်ပွဲရဲ့သမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံးချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါသေးတယ်။ သူက ဗြိတိန်ဒိုင်ဗင်သမား တွန်ဒါလေး ရဲ့ (၁၃)နှစ်နဲ့(၁၀)လ ဆိုတဲ့ အသက်အငယ်ဆုံးစံချိန်ကို ရိုက်ချိုးလိုက်ပြီး (၁၃)နှစ်နဲ့ (၇)လ သာရှိသေးတဲ့ အိုလက်ဆီက ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးချန်ပီယံဖြစ်လာခဲ့တယ်။

 

“ပထမနေရာနဲ့အဆုံးသတ်နိုင်ခဲ့လို့ ကျွန်တော်ပျော်ပါတယ်။ ကျွန်တော့်ရဲ့တတိယမြောက် ဒိုင်ဗင်က သိပ်မကောင်းဘူးလို့ ခံစားရပေမယ့်လည်း ကြည့်ရှုသူတွေကတော့ ကျေနပ်ကြပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့တော့ စီနီယာကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကြီးမှာ ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တာပါပဲ။ ကျွန်တော်က အကောင်းဆုံးကြိုးစားဖို့ဆိုတာကိုပဲ စိတ်ထဲမှာတွေးထားပြီး ဘယ်လိုရလဒ်မျိုးပဲဖြစ်ဖြစ် လက်ခံနိုင်ဖို့ ပြင်ဆင်ထားခဲ့တာပါ” လို့ အိုလက်ဆီ က ဆိုပါတယ်။

READ
ထရမ့် ယူကေသွားမည့်နေ့မှာ အများထိတ်လန့်ကြတဲ့ (၁၃)ရက် သောကြာနေ့ ဖြစ်နေ

 

ဒီပြိုင်ပွဲမှာ (၂၀၁၇)ခုနှစ် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ အသက် (၂၄)နှစ်အရွယ် ဘင်ဂျမင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အိုလက်ဆီ ရဲ့စွမ်းရည်ပြမှုကိုတော့ ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။

ရုပ်သံမြင်ကွင်းတွေမှာတော့ လေထဲမှာ ခန္ဓာကိုယ်ကို နှစ်ပတ်လောက် လှည့်လိုက်ပြီးမှ တစ်ပတ်ကျွမ်းနဲ့ ဒိုင်ဗင်ထိုးသွားခဲ့တဲ့ အိုလက်ဆီရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေ အားပေးခဲ့ကြပြီး အဲဒီ အကြိမ်မှာ အိုလက်ဆီ တစ်ယောက် ရမှတ် (၉၁.၂၀)အထိ စုဆောင်းနိုင်ခဲ့ပါတယ်။

ယူကရိန်းဒိုင်ဗင်အဖွဲ့ချုပ်ရဲ့မန်နေဂျာဖြစ်တဲ့ တိုမာချော့ဗ် က အဖွဲ့ချုပ်အနေနဲ့ လာမယ့် (၂၀၂၀) တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ အိုလက်ဆီ ကို ၀င်ရောက်ယှဉ်ပြိုင်ခိုင်းဖို့ စီစဉ်သွားမှာဖြစ်ပြီး နိုင်ငံရဲ့ ကြယ်ပွင့်တစ်ယောက် လျှင်လျှင်မြန်မြန်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားကြောင်းကိုလည်း ပြောဆိုသွားခဲ့ပါတယ်။

READ
မဒီးရားကျွန်းမှာ ကျင်းပခဲ့တဲ့ ဘာသာရေးပွဲတွင် သစ်ပင်လဲကျပြီး လူ၁၂ယောက်သေဆုံး

Linn

Source : www.news.com.au

SHARE