လက်ရာမြောက်လွန်းတဲ့ ပုံတွေကို မြေဖြူနဲ့ဆွဲပြခဲ့တဲ့ (၁၄) နှစ်အရွယ် ကောင်မလေး

[email protected] macairesmuse

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ အချိန်ဟာ လူတိုင်းလူတိုင်းအတွက် အင်မတန် ပျင်းစရာကောင်းတဲ့အချိန်ပါပဲ။ လူကြီးတွေတောင် အိမ်မှာနေ၇တာ ဒီလောက်ပျင်းနေမယ်ဆိုရင် ကလေးလေးတွေ၊ ဆယ်ကျော်သက်အရွယ်တွေဆို ဘယ်တောင်များပျင်းဖို့ကောင်းနေမလဲဆိုတာ စဉ်းစားကြည့်ပါ။ သူတို့ရဲ့ သဘာဝကိုက ကျောင်းသွားမယ်၊ အပြင်လျှောက်သွားမယ်၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားကြမယ်၊ ဒီလို သဘာဝပါ။ ဒါပေမယ့် မောင်နှမနှစ်ယောက်ကတော့ အိမ်မှာနေလည်း မပျင်းခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အသက် ၁၄ နှစ်အရွယ် အစ်မဖြစ်သူဟာ သူ့မောင်လေးအတွက် မြေဖြူနဲ့ ပန်းချီကားတွေရေးဆွဲပြီး ပျော်ရွှင်အောင် လုပ်ပေးခဲ့လို့ဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Macarie Everett လို့ အမည်ရတဲ့ အသက် ၁၄ နှစ်အရွယ် အမဖြစ်သူနဲ့ အသက် ၉ နှစ်အရွယ်သာ ရှိသေးတဲ့ သူ့မောင်ဖြစ်သူ Camden တို့ဟာ COVID 19 ကာလမှာ ကျောင်းတွေ အကုန်ပိတ်လို့ အိမ်မှာပဲ နေနေရခဲ့ပါတယ်။ ဒီလို အိမ်မှာချည်းပဲ နေရတာကြာလာတော့ မောင်နှစ်မနှစ်ယောက်စလုံး ပျင်းလာပါတော့တယ်။ နောက်ဆုံးမှာတော့ Macarie ဟာ သူရဲ့ ပန်းချီဝါသနာကို အသုံးချပြီး သူ့မောင်လည်းပျော်ပြီး သူကိုယ်တိုင်လည်း မပျင်းရမယ့် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း Macarie ဟာ မြေဖြူရောင်စုံတွေနဲ့ ခြံထဲမှာရှိတဲ့ ကျောက်ပြားခင်းလမ်းတွေမှာ ပန်းချီတွေ စတင်ရေးဆွဲပါတော့တယ်။ Macarie ဆွဲတဲ့ ပန်းချီကားတွေဟာ ရုတ်တရက်ကြည့်လိုက်ရင် လွယ်ကူတယ်လို့ ထင်ကောင်းထင်ရပေမယ့် တစ်ကယ့်လက်တွေ့မှာ အင်မတန်ခက်ခဲတဲ့ 3D ပပပံုံစံလေးတွေပါပဲ။ Macarie ဆွဲပြီးသားပန်းချီကားတိုင်းမှာလည်း သူ့မောင်ဖြစ်သူ Camden ဟာ ဓာတ်ပုံရိုက်ပြီး ဆော့ကစားနေပါတော့တယ်။

“အဓိကကတော့ ကျွန်မမောင်လေးကို ပျော်စေချင်လို့ပါ။ သူ့အရွယ်က ဆော့ကစားနေရမယ့်အချိန်လေ။ ဒီလို အိမ်မှာနေရတာကြာလာတော့ သူ့ခမျာတော်တော်ပျင်းနေရှာမှာပါပဲ။ အခုဆိုရင် နေ့တိုင်းဆွဲတဲ့ ပန်းချီကားတွေနဲ့ ဓာတ်ပုံကို ပုံစံမျိုးစုံရိုက်နေတော့ သူလည်း မပျင်းတော့ပါဘူး။ တော်တော်ပျော်နေရှာပါတယ်” လို့ Macarie က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE