ယာဉ်မောင်းတွေ ကြုံတွေ့ရရှိတဲ့ Blind Spot ပြဿနာကို ဖြေရှင်းခဲ့တဲ့ (၁၄) နှစ်သမီးလေး

youtube/SocietyforScience

ကားမောင်းတဲ့သူ မည်သူမဆို blind spot ပြဿနာကို ကြုံတွေ့ဖူးမှာပါ။ Blind Spot က ကားသမားတွေအတွက်တော့ စိတ်ရှုပ်စရာကောင်းပါတယ်။ ဒီ blind spot ကြောင့် နှစ်စဉ် ယာဉ်တိုက်မှုပေါင်း (၈၄၀,၀၀၀) ဖြစ်ပွားလျက် ရှိပါတယ်။ ၄င်းနေရာဟာ ကားသမားရဲ့ အမြင်အာရုံကွယ်နေတဲ့ နေရာဖြစ်တဲ့အတွက် အချို့ကားတိုက်မှုတွေမှာ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးမှုတွေ ဖြစ်သလို အချို့မှာတော့ သေဆုံးတဲ့အထိတောင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

ယာဉ်မောင်းသူတွေ အနေနဲ့ ယာဉ်မောင်းခုံကို ချိန်ညှိုခြင်း၊ ဘေးဘက်မှန်တွေကို သင့်တော်စွာနေရာချခြင်း၊ နောက်ကြည့်ကင်မရာတွေကို တပ်ဆင်ခြင်းနဲ့ ယာဉ်တိုက်မှုတွေ အလွယ်တကူမဖြစ်ပွားအောင် ရှောင်ကြဉ်နိုင်ပါတယ်။ ဒါပေမယ့် blind spot နေရာကတော့ ကားသမားတွေအတွက် အမြင်ကွယ်တဲ့နေရာဖြစ်တဲ့အတွက် မောင်းသူအနေနဲ့ သတိသာ သေချာမထားမိရင် ယာဉ်တိုက်မှုကြီးကြီးမားမားထိ ဖြစ်နိုင်ပါတယ်။

READ
ရုပ်ရှင် review တွေကို (၂) မိနစ်အတွင်း အူတက်အောင်ပြောပြလေ့ရှိတဲ့ Epic Asian အကြောင်း
youtube/SocietyforScience

အခုအခါမှာတော့ ကားတွေထဲက blind spot ပြဿနာကို (၁၄) နှစ်အရွယ် ကောင်မလေးတစ်ဦးက ဖြေရှင်းလိုက်ပြီ ဖြစ်ပါတယ်။ သူမနာမည်ကတော့ အယ်လီနာဂက်စ်လာဆိုသူပါ။ အယ်လီနာဟာ ကားတွေထဲက blind spot ပြဿနာကို ဖြေရှင်းခဲ့ပေမယ့် ကိုယ်တိုင်ကတော့ ယာဉ်မောင်းလိုင်စင်တောင် မရှိသေးတဲ့ ကောင်မလေးတစ်ယောက်ပါ။

အခု ရက်သတ္တပတ်အစောပိုင်းတုန်းက အယ်လီနာဟာ အလယ်တန်းကျောင်းသားကျောင်းသူတွေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ နည်းပညာပြိုင်ပွဲတစ်ခုမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး သူမရဲ့ တီထွင်မှုကို ပြသခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ပရောဂျက်ကို “Improving Automobile Safety by Removing Blind Spots” ဆိုပြီး နာမည်ပေးထားပါတယ်။

သူမရဲ့ တီထွင်မှုကတော့ ရိုးရိုးရှင်းရှင်းပဲဖြစ်တယ်လို့ အယ်လီနာက ရှင်းပြပါတယ်။ အယ်လီနာဟာ ကားတစ်စီးရဲ့ a-pillar နေရာလို့ခေါ်တဲ့ ကားရှေ့ဘက် ထောင့်နေရာမှာ ကင်မရာထားလိုက်ပါတယ်။ အဲ့ဒီကင်မရာကနေ ပြင်ပမြင်ကွင်းကို ဗီဒီယိုရိုက်ယူပြီး ပရောဂျက်ဆီ တဆင့်ပို့ဆောင်လိုက်ပါတယ်။ ပြီးတဲ့အခါ ပရောဂျက်တာဟာ ဗီဒီယိုရိုက်ထားတဲ့ မြင်ကွင်းကို ကားရဲ့ a-pillar နေရာပေါ်မှာ ယာဉ်မောင်းသူ မြင်ရအောင် ပြန်လည်ပြသတာပဲ ဖြစ်ပါတယ်။ အယ်လီနာဟာ အခုလို blind spot မှာရှိတဲ့နေရာကို ဖမ်းဖို့အတွက် webcam ၊ ပရိုဂျက်တာနဲ့ 3D ပုံနှိပ်ပစ္စည်းတွေကိုသာ အသုံးပြုခဲ့ပါတယ်။ ၄င်းပြိုင်ပွဲမှာတော့ သူမရဲ့ blind spot ဖမ်းတဲ့နည်းပညာက ကောင်းမွန်လွန်းတဲ့အတွက် ပြိုင်ပွဲက ချီးမြှင့်တဲ့ ဒေါ်လာ(၂၅,၀၀၀) ကို ရရှိခဲ့ကြောင်းလည်း  boredpanda သတင်းအရ သိရပါတယ်။

READ
လက်(၂)ဖက်မရှိပေမယ့် ရိုးရိုးသားသား ၀မ်းစာရှာဖွေနေတဲ့ အတုယူဖွယ်အမျိုးသား

လင်းလင်း (ShweMom)

SHARE