ကျွမ်းကျင်စားဖိုမှူးတစ်ယောက်လိုမျိုး အံ့မခမ်းအစွမ်းပြ ဟင်းချက်နေတဲ့ ၁၄ နှစ်သမီးလေး

Facebook-Wong Yen Chi

ကျွန်တော်ဆို ၁၄ နှစ်သားတုန်းက ပုဆိုးကွင်းသိုင်းပြီး ဘောလုံးကန်ကောင်းနေတုန်းအရွယ်။ စားဖိုမှူးတစ်ယောက်လို ဟင်းချက်ဖို့နေနေသာသာ တစ်ခါတစ်လေ ထမင်းတောင် အမေခွံ့ကျွေးတာစားတုန်း။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Facebook ဗီဒီယိုတစ်ခုမှာ ကြည့်လိုက်ရတဲ့ ကလေးမလေးကတော့ မိသားစုစီးပွားရေးမှာ စားဖိုမှူးနေရာကနေပြီးတောင် ဦးဆောင်ဦးရွက်ပြုနေခဲ့ပါပြီ။

ကောင်မလေးဟာ မိသားစုစီးပွားရေးလေးမှာ ကျောင်းတက်ချိန်နဲ့ စာကျက်ချိန်ကလွဲလို့ စိတ်ပါလက်ပါနဲ့ ပါဝင်ကူညီနေခဲ့တာပါတဲ့။ အိမ်က ညဈေးတန်းတွေမှာလိုက်ပြီး အစားအစာရောင်းတဲ့ဆိုင်လေးတွေ ဖွင့်လေ့ရှိပါတယ်။ ဖခင်ကိုယ်တိုင် ဦးစီးပြီး ချက်ပြုတ်ကာ မိခင်နဲ့ သားဖြစ်သူကတော့ စီမံခန့်ခွဲရေးနဲ့ ငွေကိုင်ခဲ့ကြပြီး ဖခင်နဲ့ ဒီကောင်မလေးနဲ့ကတော့ အချက်အပြုတ်အတွက် တာဝန်ယူထားတယ်လို့ ဗီဒီယိုအရ ခန့်မှန်းမိခဲ့ပါတယ်။

Facebook-Wong Yen Chi
Facebook-Wong Yen Chi

အလယ်တန်းကျောင်းသူအရွယ်သူရှိသေးတဲ့ ၁၄ နှစ်သမီးလေးတစ်ယောက်က ဒယ်အိုးကိုင်တာတွေ၊ ဟင်းမွှေတာ၊ အကြော်အလှော်စတာတွေကို တကယ့်ကျွမ်းကျင်ပညာရှင်တစ်ဦးသဖွယ် ကိုင်တွယ်သွားတာ လုံးဝကို ကြည့်ကောင်းနေရောပဲ။

ဆိုင်မှာရောင်းတဲ့အစားအစာတွေကတော့ ဘဲဥဆားငံအကြော်လေးတွေပါတဲ့။ ကြက်သား၊ အီကြာကွေး၊ တို့ဟူး၊ ငါးအရေခွံစတာတွေကို ဘဲဥဆားဆံအနှစ်နဲ့ရောကြော်ထားတဲ့ မုန့်လေးတွေပဲဖြစ်ပါတယ်။ ကောင်မလေးရဲ့ အကွက်ဆန်းတွေနဲ့ ကြော်လှော်ပုံတွေကို ဗီဒီယိုမှာ ခံစားလိုက်ပါဦး။

READ
သြစတေးလျမှာ ညစ်ညမ်းရုပ်ရှင်ကြည့်ဖို့ မျက်နှာကို အရင်ဆုံး scan ဖတ်ရတော့မည်

ဒယ်အိုးကိုင်ရလွန်းလို့ ထွက်လာတဲ့ဗလကိုလည်းရှိုးဦး။ ဖခင်ဆီက ဟင်းချက်တဲ့ပုံစံကို အမွေဆက်ခံလာခဲ့တာဖြစ်ပြီး အသက် ၁၀ နှစ်ကတည်းက ဟင်းချက်လာခဲ့တဲ့ ပါရမီရှင်လေးဖြစ်ပါတယ်တဲ့။

Facebook-Wong Yen Chi

Penny

SHARE