တစ်ချို့တက်တူးတွေရဲ့ နောက်ကွယ်က အန္တရာယ်ရှိတဲ့ အဓိပ္ပာယ်များ

လူတော်တော်များပါပဲ… တက်တူးဆိုတာကို အလှရသ ခံစားမှုက ပေါက်ဖွားလာတဲ့ ခန္ဓာကိုယ် ပြုပြင် မွမ်းမံခြင်း တစ်ခုလို သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် တစ်ချို့အတွက်တော့ ခန္ဓာကိုယ် အနုပညာဆိုတာထက် အများကြီး ပိုတယ်။

တစ်ချို့ တက်တူးတွေက အဓိပ္ပာယ်တွေနဲ့ပါ။ လိပ်ပြာတွေ၊ ပန်းတွေ၊ နောက်ဆုံး ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတလေးတွေမှာတောင် သက်ဆိုင်ရာ အဓိပ္ပာယ်ရှိပါတယ်။ ဒီလို အထူးသီးသန့် အဓိပ္ပာယ်တွေနောက်ကွယ်မှာရှိတဲ့အပြင် အန္တရာယ်တွေတောင်မှ ရှိပါတယ်။

တော်တော်များများအနေနဲ့ အဓိပ္ပာယ်မသိဘဲ အန္တရာယ်ရှိတဲ့ တက်တူးတွေအကြောင်း လေ့လာကြည့်ရအောင်…

မျက်ရည်တက်တူး

မျက်လုံးအောက်မှာ မျက်ရည်ပုံ တက်တူးထိုးတဲ့သူတွေဟာ လူသတ်မှု ကျူးလွန်းဖူးသူု (သို့) ကြိုးပမ်းကြံစည်ဖူးသူ ဆိုပြီး အဓိပ္ပာယ်ရပါတယ်။ အချစ်ရဆုံး တစ်စုံတစ်ယောက် ထောင်ကျတာမျိုး၊ ကြေကွဲဖွယ် ဆုံးပါသွားတာမျိုးနဲ့ ပတ်သက်ပြီး လူတော်တော်များများ ထိုးကြပါတယ်။ အပျော်၊ အလှ ထိုးမယ်ဆိုရင်တော့ ဒုက္ခများပါတယ်။ အကြောင်းကတော့ ဒုစရိုက်များတဲ့ လောကကြီးမှာ လူတွေက သင့် တက်တူးတိုင်းနဲ့ ထိုက်တန်တာကို ခံစားရမယ်လို့ လက်ခံယုံကြည်ထားကြတယ်လေ…။

ရာကူဇာ

ဂျပန်နိုင်ငံမှာ ရာကူဇာဂိုဏ်းနဲ့ ပတ်သက် ဆက်နွှယ်တဲ့ သူတွေပဲ အခုလို တက်တူးတွေ ကိုယ်ပေါ်တင်နိုင်တာဖြစ်တယ်။ ရာကူဇာဆိုတာ ဂျပန်နိုင်ငံရဲ့ ပါဝါအကြီးဆုံးနဲ့ သွေးအဆာဆုံး ဒုစရိုက် ဂိုဏ်ဆိုတာ အားလုံးသိပါတယ်။  ဒါကြောင့် ရာကူဇာပုံတွေထိုးပြီး ရာကူဇာ မဟုတ်တဲ့သူတွေဟာ အလွန် ဒုက္ခတွေ့နိုင်ပါတယ်။

Shamrock

လူတစ်ချို့က ဒီ သစ်ရွက်ပုံ တက်တူးကို ကံကောင်းခြင်းရဲ့ သင်္ကေတအဖြစ်မှတ်ယူပြီး ထိုးကြတယ်။ ဒါပေမယ့် ရွက်လွှာ သုံးရွက်နေရာမှာ လေးရွက်ထိုးမိရင်တော့ ဒါ Aryan Brotherhood ဆိုတဲ့ လူဖြူ လူမျိုးကြီးဝါဒစွဲကိုင်ထားတဲ့ ထောင်တွင်း ဂိုဏ်းရဲ့ ဂိုဏ်သားအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဂိုဏ်းသားတစ်ယောက်ယောက်က တွေ့သွားပြီး ဂိုဏ်းထဲကမဟုတ်မှန် သိသွားရင် ထိုးထားတဲ့သူမှာ မလိုလားအပ်တဲ့ ပြဿနာတွေ၊ ဒုက္ခတွေကို ကြုံတွေ့ရတတ်ပါတယ်။

READ
စူပါစွမ်းအားတွေပိုင်ဆိုင်ထားတဲ့ ထူးထူးခြားခြား အံ့ဖွယ်အပင်များ
သံစူးကြိုး

သံစူးကြိုး တက်တူးဟာ ထောင်ကျဖူးတဲ့ဆိုတာရဲ့ အဓိပ္ပာယ်ဖြစ်တယ်။ အထုံးတစ်ခုစီတိုင်းက ထောင်သက် တစ်နှစ်ကို ကိုယ်စားပြုတယ်။ သာမန်လူတစ်ယောက် ဒီလို တက်တူးထိုးတာက ထောင်ကျဖူးသူကို သရော်သလို၊ တိုက်ခိုက်သလို ဖြစ်စေတယ်။ နောက်ပြီး ဒီလို တက်တူးထိုးထားတဲ့သူရဲ့ ဘ၀က ပိုပြီး အခက်အခဲတွေ ကြုံရတတ်တယ်။

မာန်ဖီနေတဲ့ သားရဲ

လူတွေက မာန်ဖီနေတဲ့ သားရဲပုံကို ရဲရင်မှု၊ သတ္တိရှိမှုနဲ့ ပါဝါအာဏာရှိသူဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ တင်ကြတယ်။ ဒါပေမယ့် ဒုစရိုက်လောကမှာတော့ အဲ့ဒီလို ပုံထိုးထားတဲ့သူတွေဟာ အကြမ်းမှုတွေကို အားပေးတဲ့သူ၊ အကြမ်းဖက် ဆူပူမှုကို လုပ်ဖို့ အသင့်ရှိနေသူ၊ အဲ့ဒီ့အတွက်လည်း ၀မ်းမနည်တဲ့သူဆိုတဲ့ သတ်မှတ်ချက်တွေရှိနေပါတယ်။

လက်ချောင်းပေါ်က လက်စွပ်တွေ

လက်ချောင်းတွေပေါ်မှာ အရုပ်တွေ ပွနေအောင်ထိုးရင် သေချာတယ် အဲ့ဒီလူဟာ ထောင်နန်းစံခဲ့ဖူးပြီး အထဲမှာ လေးစားခံရတဲ့ သူတစ်ယောက်ဆိုတာကို တန်းသိရပါမယ်။ ပုံတိုင်းက သူတို့ရဲ့ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ အတွေ့အကြုံတွေကို ဖော်ပြနေတာဖြစ်ပါတယ်။ ဒီလို တက်တူးတွေကို ဟာသလုပ်နေတာကို မြင်ရရင် သူတို့အနေနဲ့ စည်းကမ်းတွေကို ဆန့်ကျင်နေတဲ့အလား လုံးဝကို မနှစ်သက်ကြပါဘူး။

လက်ဝါးကပ်တိုင်၊ ခရောစ့်တွေထိုးခြင်း

ရုရှားနိုင်ငံမှာ ကြတ်ခြေခေတ်၊ လက်ဝါးကပ်တိုင် စတာတွေကို အကြီးကြီးထိုးမိရင် အင်မတန် အန္တရာယ်ရှိပါတယ်။ အကြောင်းကတော့ ဒီလို တက်တူးရှိတဲ့ သူတွေဟာ လိမ်ညာမှုနဲ့ ဆက်နွှယ်တဲ့ တရားခံဆိုပြီး သတ်မှတ်ထားကြလို့ပါပဲ။

ပင့်ကူအိမ်

ထောင်ကျဖူးတဲ့ လူတွေထဲမှာ ပင့်ကူအိမ် ထိုးထားတဲ့သူတွေလည်း အများကြီးတွေ့ရတတ်တယ်။ အဲ့ဒီ့ တက်တူးရဲ့ အဓိပ္ပာယ်က ထောင်ထဲမှာ အကြာကြီးနေခဲ့ရပြီး မူးယစ်ဆေး စွဲလမ်းမှုနဲ့ ရုန်းကန်းနေရတဲ့သူအဖြစ် ဒုစရိုက် လောကထဲမှာ သတ်မှတ်ထားပါတယ်။

 ၅ ပွိုင့် သရဖူ

ထိပ် အချွန် ၅ ခုနဲ့ သရဖူဟာ အမေရိကန်နိုင်ငံမှာဆို Latin Kings ဂိုဏ်းရဲ့ အမှတ်အသားဖြစ်တယ်။ ၄င်း ဂိုဏ်းက ထောင်တွင်း ထောင်ပြင်ရှိပြီး စပိန်စကားပြောတဲ့ ဂိုဏ်းကြီးတစ်ခုဖြစ်တယ်။ အဲဒီ့လို ဒုစရိုက်လောကသားတွေရှိတဲ့နေရာမျာ ဒီ တက်တူးကို အပျော်သဘောနဲ့ ထိုးတာ သိပ်အန္တရာယ်များတယ်။

READ
ပေါ့ပေါ့ဆဆ မပြုသင့်တဲ့ အရေပြားကင်ဆာဝေဒနာ ရှေ့ပြေးလက္ခဏာများ
အစက် သုံးစက်

ဒီ အစက်ကလေး သုံးစက်မှာ သိပ်ကို ကြီးကျယ်တဲ့ အဓိပ္ပာယ်တွေရှိနေပါတယ်။ ဒီလို ထိုးထားတဲ့သူဟာ ဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ခဲ့တာ၊ ဒုစရိုက်လောကနဲ့ အဆက်အသွယ်ရှိနေတာ စတဲ့ သတ်မှတ်ချက်တွေရှိတယ်။ သင့်အနေနဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ပြဿနာမတက်ချင်ရင် ဒီ တက်တူးကို မထိုးတာအကောင်းဆုံးပါပဲ။

ကြယ်

ထောင်ထဲကလူတွေအတွက် ကြယ်တက်တူးက ပုံသေတက်တူးဖြစ်ပါတယ်။ တက်တူးရှိရာ နေရာလိုက်ပြီး အဓိပ္ပာယ်ကလည်း ကွဲပြားသွားပါတယ်။ ဒူးခေါင်းပေါ်မှာ ရှိနေရင် အဲ့ဒီလူဟာ တစ်ပါးသူရဲ့ ဆန္ဒကို ဘယ်တော့မှ မဖြည့်ဆည်းပေးတဲ့သူဖြစ်ပြီး ပုခုံးပေါ်က ကြယ်ကတော့ ပါဝါနဲ့ လေးစားမှုကို ကိုယ်စားပြုပါတယ်။

ဖဲချပ်

ဒုစရိုက်လောကထဲမှာ ဖဲချပ်တိုင်းက အဓိပ္ပာယ်ရှိတယ်။ များစွာသော ကတ်တွေထိုးထားတာရဲ့ အဓိပ္ပာယ်က ၄င်း ထိုးထားသူဟာ ရောက်ခဲ့တဲ့ထောင်ထဲမှာ ဘယ်လောက် ဆရာကျခဲ့တဲ့သူလဲဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။

နှင်းဆီး ဓားဖောက်

ရိုမန်တစ်ဆန်တဲ့ ပုံပေါက်တဲ့ ဒီတက်တူးဟာ အရွယ်မရောက်ခင် ထောင်ကျတဲ့ သူတွေအတွက် ဖြစ်ပါတယ်။ ဓားမြှောင်မပါတဲ့ နှင်းဆီပန်းချည်း အဓိပ္ပာယ်က ထောင်ကျပြီးမှ အရွယ်ရောက်လာတာ အသက်ပြည့်လာတာကို ဆိုလိုခြင်ဖြစ်တယ်။ အတွေ့အကြုံရှိတဲ့ ထောင်သားအဖြစ် ဒီလို တက်တူးရှိတဲ့ သူတွေကို သတ်မှတ်ကြတယ်။ ထောင်မကျဖူးဘဲ အလှထိုးတဲ့ သူတွေဟာ ပရိပက္ခတွေနဲ့ ရင်ဆိုင်ရတတ်တယ်။

ဆပ်ကပ် လူပြက်

ဘရာဇီးလ် နိုင်ငံမှာ ဒီပုံ ထိုးထားတဲ့ သူတွေကို ဥပဒေအမိန့်တွေကို အလွန်ရိုင်းစိုင်စွာ ဆန့်ကျင်တဲ့ သူတွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဘရာဇီးလ်မှာ ရဲကို သတ်တဲ့သူဆို ဒီလို တက်တူးရှိနေတာ တွေ့ရတတ်တယ်။

Ref: Elite Reader

Matthew (ShweMOM)

 

SHARE