လူမမာ ဖခင်ကြီးကို စက်ဘီးပေါ်တင်ပြီး မိုင်(၇၀၀)ကျော် စက်ဘီးနင်းခဲ့တဲ့ ကောင်မလေး

Pixabay-zhivko

လောကမှ မိဘဆိုတာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပါပဲ။ သက်ရှိထင်ရှားရှိနေတုန်း ဂရုစိုက်မှ အချိန်လွန်သွားရင် နောင်တမရမှာပါ။ အခုလည်း ခရီးထွက်ချင်နေတဲ့ ဖခင်ဖြစ်သူကို သူ့ရဲ့သမီးက စက်ဘီးပေါ်တင်ပြီး မိုင် ၇၀၀ ကျော် စက်ဘီးနင်းပြီး လိုက်ပို့ခဲ့ကြောင်း India Today သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အိန္ဒိယနိုင်ငံ၊ Gurugram ပြည်နယ်ရှိ အသက် (၁၅) နှစ်အရွယ် Jyoti Kumari လို့ အမည်ရတဲ့ ကောင်မလေးဟာ သူ့ရဲ့ဖခင်ကို စက်ဘီးပေါ်တင်ပြီး Gurugram ပြည်နယ်မှ မိုင် ၇၀၀ ကျော်ကွာဝေးတဲ့ Darbhanga ပြည်နယ်သို့ လိုက်ပို့ပေးခဲ့ပါတယ်။ ဒီလိုပို့ပေးရတယ်ဆိုတာကလည်း ခြေထောက်ဒဏ်ရာရပြီး ခွဲစိတ်ကုသမှုခံထားရတဲ့ ဖခင်ဖြစ်သူဟာ Lockdown ကျနေစဉ်အချိန်အတွင်း အပြင်ထွက်ကာ ခရီးသွားချင်နေကြောင်း၊ ဒါပေမယ့်လည်း သယ်ယူပို့ဆောင်ရေးကားတော်တော်များများဟာ လက်တလောမှာ ပိတ်ထားတာကြောင့် Jyoti ဟာ သူမကိုယ်တိုင် စက်ဘီးနင်းပြီး လိုက်ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Jyoti ဟာ သူမဖခင်ကြီးနဲ့ သားအဖနှစ်ယောက်တည်း စက်ဘီးနင်းပြီး Gurugram ပြည်နယ်မှ Darbhanga ပြည်နယ်သို့ ထွက်လာခဲ့တာ ၈ ရက်တိတိကြာခဲ့ပါတယ်။ Jyoti တို့သားအဖနှစ်ယောက် Darbhanga ပြည်နယ်ကို ရောက်တဲ့အချိန်မှာတော့ အိန္ဒိယစက်ဘီးအသင်းကြီးဖြစ်တဲ့ CFI (Cycling Federation of India) အဖွဲ့က Jyoti ကို သူတို့အသင်းထဲဝင်ပြီး စက်ဘီးစီးချန်ပီယံဖြစ်အောင် လေ့ကျင့်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

READ
ကမ္ဘာ့ကံအဆိုးဆုံး Friday 13 နဲ့ပတ်သတ်ပြီး သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ်အချက်များ

“လက်ရှိမှာတော့ ကျွန်မ CFI အဖွဲ့ထဲ မဝင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မကျောင်းမပြီးသေးပါဘူး။ ကျောင်းပြီးရင်တော့ CFI အဖွဲ့ထဲ ဝင်ဖြစ်မှာပါ။ စက်ဘီးစီးတာက ကျွန်မရဲ့ အိမ်မက်တစ်ခုပဲလေ။ အရင်တုန်းက ဆင်းရဲလို့ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရတာပါ။ အခုအဆင်ပြေခါစအချိန်လေးမှာ ကျွန်မမိဘတွေက ကျွန်မကို ကျောင်းပြန်ထားပေးခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိမှာတော့ ကျောင်းပြီးအောင် အရင် ဆက်တက်ပါဦးမယ်” လို့ Jyoti က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE