မြောက်ကိုရီးယားမှာ တားမြစ်ခံထားရတဲ့အရာ (၁၆)မျိုး

shutterstock/By Oleg Znamenskiy & brightside

မြောက်ကိုရီးယားနိုင်ငံရဲ့ လူနေမှု Lifestyle ကတော့ တခြားနိုင်ငံတွေနဲ့ လုံးဝကို ကွဲပြား ခြား နားပါတယ်။ဆံပင် စတိုင်၊အ၀တ်အစားကစလို့ သူများနဲ့ လုံးဝမတူတဲ့ ဒီဇိုင်းပုံစံမျိုးတွေပါ။မြောက်ကိုရီးယားမှာမရနိုင်တဲ့ တားမြစ်ခံထားရတဲ့ အရာ (၁၆)မျိုးကတော့….

(16)အနောက်တိုင်းဖက်ရှင်

brightside

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ကတော့ အနောက်တိုင်းယဉ်ကျေးမှုကို ပြင်းပြင်းထန်ထန်ဆန့် ကျင်ကန့်ကွက်ထားသူပါ။ဒါကြောင့် သူ့နိုင်ငံထဲကို အနောက်တိုင်းယဉ်ကျေးမှုတွေ ၀င် မလာနိုင် အောင် တားမြစ် တဲ့ အနေနဲ့ မြောက်ကိုရီးယားမှာ ဂျင်းဖက်ရှင်နဲ့ တခြားအနောက်တိုင်း ဖက်ရှင်တွေ ၀တ်စားတာကို ကန့်ကွက် တား မြစ် ထားပါတယ်။ဒီတားမြစ်ချက်ကိုတော့ North Hamgyong  နဲ့ Yanggang  ပြည်နယ်တို့မှာ တားမြစ်ထားပါတယ်။

15. Coca-Cola

brightside

နောက်ထပ် တားမြစ်ထားတဲ့ အရာကတော့  Coca-Cola ပါ။ဒါပေမယ့် ပြုံယမ်းမှာရှိတဲ့ တစ်ချို့ဈေးဆိုင်ကြီးေ တွမှာဆိုရင်တရုတ်က ထုတ်တဲ့ Coke ကို ရောင်းချပေးပါတယ်။

14. Hairstyles

brightside

Kim Jong-un က မြောက်ကိုရီးယားမှာဆံပင်ကို ညှပ်ချင်တိုင်း ညှပ်လို့ မရအောင် တားမြစ် ကန့်တ် ထားပါတယ်။ မိန်းကလေးဆိုရ် ပုံစံ (၁၈)မျိုးနဲ့ ယောက်ျားလေးဆိုရင် ပုံစံ (၁၅) မျိုး ထုတ်ပေးထားပြီး အဲ့ဒီအထဲကနေမှ ကိုယ်ကြိုက် တဲ့ ပုံစံကို ရွေးပြီး ညှပ်ရမှာပါ။ဆံပင်ကို ကာလာပြောင်းလလို့ မရပါဘူး။ဆံပင်ဆိုးဆေးဝယ်ဖို့ဆိုတာဟာ မြောက်ကို ရီးယား မှာတော့ တကယ့်ကို စိန်ခေါ်မှုကြီးပါ။

13.အမျိုးသမီး လစဉ်သုံး Pad ထုပ်၊Tampon

brightside

မြောက်ကိုရီးယားမှာ အမျိုးသမီးလစဉ်သုံး Pad ထုပ်နဲ့ Tampon ကို လိုက်ရှာရင်တော့ ရှာလို့ တွေ့ မှာ မဟုတ် ပါဘူး။အဲ့ဒီလို အရာတွေကို မြောက်ကိုရီးယားမှာမရနိုင်ပါတယ်။မြောက်ကိုရီးယားမှာ ရှိတဲ့ အမျိုးသမီးတွေဟာ ပြန် လည် အသုံးပြုလို့ရတဲ့ အ၀တ်အစနဲ့လုပ်ထားတဲ့ Pad လို အရာမျိုးကိုသာ သုံးကြပါတယ်။

READ
ထောင်သားတွေ တူးဖော်ခဲ့ကြတဲ့ အကျဉ်းထောင်မြေအောက်က တရားမ၀င်စိန်တွင်း

12. Condoms

brightside

မြောက်ကိုရီးယားမှာ ကလေးမရအောင် တားတဲ့ အရာအားလုံးကို တားမြစ် ထားပါတယ်။Condom ဆိုတာကလည်း တားမြစ်ပစ္စည်းမို့ ရှာရတာခက်ပါတယ်။ဒါကြောင့် condoms  ကိုများ လက်ဆောင်ရရင် အရမ်းကို ပျော် ကြတယ်လို့ သိရပါတယ်။

11. မြေရာ၊အိမ်ရာအဆောက်အအုံ

brightside

မြောက်ကိုရီးယားအစိုးရက မြေယာနဲ့ ပစ္စည်းဥစ္စာတွေကို ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။မြောက်ကိုရီးယား မှာ မြေရာ၊အိမ်ရာ အဆောက်အအုံတွေကို ၀ယ်တာ၊ရောင်းချတာတွေ လုပ်လို့ မရနိုင်ခဲ့ပါဘူး။ဒါပေမယ့် နောက်ပိုင်းမှာတော့ ဥပဒေတွေကို ဖြေလျှော့ပေးခဲ့ပါတယ်။

10. Designer တွေရဲ့ လက်ရာဖိနပ်

brightside

ကမ္ဘာကျော်ဒီဇိုင်နာတွေရဲ့ လက်ရာ ဖိနပ် အမိုက်စားတွေကို မြောက်ကိုရီးယားမှာ သွားရှာလို့  မရပါဘူး။ဒီဇိုင်နာတွေရဲ့ နာမည်ကြီး ဖိနပ်တွေကို တားမြစ်ထားပါတယ်။တရုတ်နဲ့ နယ်စပ် ဒေသတွေက လွဲလို့ တခြား နေရာ တွေမှာ တော့ မရနိုင်ပါဘူး။တရုတ်နယ်စပ်မှာတော့ တရုတ် Made ဒေါက်ဖိနပ်တွေကို ရကောင်းရနိုင်ပါတယ်။

9. Christmas trees

brightside

မြောက်ကိုရီးယားဟာဘုရားမဲ့ဝါဒ တိုင်းပြည်ပါ။ဘာသာရေးဆိုင်ရာကိစ္စတွေကို  အစိုးရကိုယ်တိုင်ကကို တားမြစ် ထားတာပါ။ဒါကြောင့် ခရစ်စမတ်ကာလရောက်ရင်အလှဆင်ဖို့ Christmas trees တွေကို အဲ့ဒီမှာ ၀ယ်လို့ မရနိုင်ပါဘူး။

8. Starbucks

brightside

ပုံကိုကြည့်ရင် သင်အနေနဲ့ စိတ်ရှုပ်ကောင်းရှုပ်သွားပါလိမ့်မယ်။ပုံက အတုပါ။တမင်ဟာသလုပ်ဖန်တီးရိုက်ထားတာပါ။ ပြုံ ယမ်းမှာ ကော်ဖီသောက်ချင်ရင်တော့ Ryongwang Coffee Shop ဆိုတဲ့ နာမည်ကြီး ကော်ဖီ ဆိုင်ပဲ ရှိပါတယ်။ Starbucks ကိုတော့ ရှာလို့ ရမှာမဟုတ်ပါဘူး။

7. Cable TV

brightside

မြောက်ကိုရီးယားမှာ တရားဝင် TV Channel (4) ခုပဲ ရှိပါတယ်။ရုပ်သံတွေရဲ့ ဆင်ဆာကို အစိုးရက ကိုင်ထား ပါတယ်။

6. Western magazines

brightside

ဝါဒဖြန့်တာမျိုးကို လုံးဝတားမြစ်ထားပါတယ်။ဒါကြောင့် မြောက်ကိုရီးယားကို ပြည်ပမီဒီယာတွေ ၀င်ရောက်ပြီး ၀ါဒါ ဖြန့် တာမျိုး လုပ်လို့မရပါဘူး။အစိုးရနဲ့ တခြားအထူးအေဂျင်စီတွေက စောင့်ကြည့်နေကြတာပါ။ဒါကြောင့် အနောက် နိုင်ငံ တွေက lifestyle magazines တွေကို လုံးဝ အ၀င်မခံပဲ တားမြစ်ထားပါတယ်။

READ
တရားသူကြီးဖြစ်ချင်လို့ Judge လို့ အမည်ပြောင်းခဲ့သူ၊ Judge ရွေးကောက်ပွဲမှာ ရှုံးနိမ့်

5. Wi-Fi နဲ့ international calls

brightside

လူဦးရေ (၁၅)သန်းရှိပေမယ့် တစ်သန်း လောက်ကပဲ Cell Phone ကိုင်နိုင်ပါတယ်။အဲ့ဒီ ဖုန်း တွေဟာ နိုင်ငံတကာကို ဆက်လို့ မရ(international calls သုံးမရ)ပါဘူး။3G network ကိုလည်း တားမြစ်ထားပါတယ်။နိုင်ငံခြား သား တွေ ဟာ မြောက်ကိုရီးယားကို ရောက်ရင်တော့ ပြည်ပသီးသန့်ခေါ်နိုင်တဲ့ pre-paid SIM card တွေကို ၀ယ်လို့  ရကောင်းရနိုင်ပါတယ်။

4. ဂီတဖျော်ဖြေပွဲလက်မှတ်

brightside

မြောက်ကိုရီးယားမှာ လာရောက် ဖျော်ဖြေဖို့ ခွင့်ပြုချက်ရထားတဲ့ နိုင်ငံခြားသား ဖျော်ဖြေရေးသမားဆိုတာ နည်းန ည်းလေးပဲ ရှိပါတယ်။ဖျော်ဖြေဖို့ ခွင့်ပြုခံထားရတဲ့ Band က တစ်ခုတည်းပါ။Laibach ဆိုတဲ့ Slovenian band ပါ။ သူတို့ဟာ (၂၀၁၅)တုန်းက ပြုံယမ်းမှာ ဖျော်ဖြေခဲ့ဖူးပါတယ်။

3. အဆင့်မြင့်နည်းပညာသုံးပစ္စည်းတွေ

brightside

နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာသုံးပစ္စည်းတွေ့ ဖြစ်တဲ့ Apple iPad  တို့ကိုတော့ အဲ့ဒီမှာ မရနိုင်ပါဘူး။ မြောက်ကိုရီးယားမှာ ကိုယ်ပိုင်ထုတ်ထားတဲ့ Tablet PC ရှိပါတယ်။ဘယ်ပြည်ပ နည်းပညာပစ္စည်းကိုမှ သူ့တို့ နိုင်ငံ မှာ မရနိုင်ပါဘူး။

2. Sports cars

brightside

ဇိမ်ခံကား မရနိုင်ပါတယ်။ဈေးကြီးတဲ့ ကားတွေကို သွားဝယ်လို့ ကတော့ ဘယ်လို မှ မရနိုင်၊မဖြစ် နိုင်ပါဘူး။အ မေ ရိကန်နဲ့ EU နိုင်ငံတွေက ကားတင်သွင်းမှုတွေကို တားမြစ်ထားပါတယ်။

1. ပြည်ပကို အပန်းဖြေခရီးသွားမရ

brightside

မြောက်ကိုရီးယားပြည်သူတွေက ပြည်ပ အပန်းဖြေခရီးထွက် လို့ မရပါဘူး။ဒါဟာ နို်င်ငံတကာရှုထောင့်က ကြည့်ရင် တော့ လူအခွင့်အရေးချိုးဖောက်မှုဆိုပေမယ့် မြောက်ကိုရီးယားပြည်သူတွေကတော့ ဒီတားမြစ်ချက်ကို လိုက်နာ ကျင့်သုံးနေကြပါတယ်။

Source brightside

SHARE