ဖင်လန်နိုင်ငံမှာ (၁)ရက်ကြာ ဝန်ကြီးချုပ်ဖြစ်ခွင့်ရခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး

instagram/sannamarin twitter/FinGovernment

ဖင်လန်နိုင်ငံဝန်ကြီးချုပ် ဆန်နာမာရင်းဟာ ဗုဒ္ဓဟူးနေ့တုန်းက သူမရဲ့ဝန်ကြီးချုပ်နေရာကို အသက်၁၆နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဆီ ခေတ္တလွှဲပြောင်းပေးခဲ့တယ်လို့ dw အွန်လိုင်းစာမျက်နှာအရသိရပါတယ်။ အမျိုးသမီးငယ်များရဲ့အခွင့်အရေးကို လှုံ့ဆော်ဖို့အတွက် ဆယ်ကျော်သက်ကောင်မလေး အာဗာမူတိုကို ဝန်ကြီးက တစ်ရက်တာ ဝန်ကြီးနေရာပေးခဲ့တာဖြစ်ပါတယ်။

အာဗာမူဟာ အွန်လိုင်းအကြမ်းဖက်မှု၊ ကျားမခွဲခြားဆက်ဆံမှုနဲ့နည်းပညာအကြောင်းတွေကို Girls TalkOver အမည်ရတဲ့ အပြည်ပြည်ဆိုင်ရာကမ်ပိန်းတစ်ခုမှာ ဝေဖန်သွားခဲ့တာပါ။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မိန်းကလေးတွေဟာ အိုင်တီနဲ့နည်းပညာကဏ္ဍမှာ ချန်ထားခံရမှာ၊ ခွဲခြားဆက်ဆံခံရတာတွေကြောက်နေတယ်လို့ သူမက ပြောပါတယ်။

အစိုးရဝက်ဆိုက်ဒ်မှာတင်ထားတဲ့ သူမပြောသွားတဲ့မိန့်ခွန်းထဲမှာတော့ “မိန်းကလေးတစ်ယောက် ဂိမ်းဆော့ရင် ထူးဆန်းတယ်ဆိုပြီး သတ်မှတ်ခံတယ်။ ပြီးတော့ ယောက်ျားလေးတစ်ယောက်က ဂိမ်းမဆော့ရင်၊ သူ့မှာ ဂိမ်းစက်မရှိရင်လည်း ထူးခြားတယ်လို့သတ်မှတ်ခံရပြန်တယ်။” လို့ပါရှိပါတယ်။

ဒါ့အပြင် အာဗာမူဟာ အွန်လိုင်းအကြမ်းဖက်မှုအကြောင်းကိုလည်း သတိပေးသွားခဲ့ပါတယ်။ သူမဟာ သူမနဲ့ရွယ်တူသူငယ်ချင်းတွေကို အွန်လိုင်းအကြမ်းဖက်မှုအကြောင်း ပြောခဲ့ကြောင်း၊ အားလုံးလိုလိုပဲ သူတို့ဆန္ဒမပါဘဲ ဝတ်လစ်စလစ်ပုံတွေပို့ပေးဖို့တောင်းဆိုတာ ခံရဖူးကြောင်းနဲ့ အမျိုးသမီးတွေဟာ ဒီဂျစ်တယ်နည်းပညာတွေကို လေ့လာလိုက်စားသင့်တယ်လို့ ပြောသွားခဲ့တာပါ။

READ
လမ်းခွဲကြေးအဖြစ် ကန်ဒေါ်လာ ၅၂ သန်းအပေးခံခဲ့ရတဲ့ မကာအိုမော်ဒယ် Mandy Lieu

ဖင်လန်နိုင်ငံဟာ အခြားသော စကင်ဒီနေးဗီးယားနိုင်ငံတွေလိုပဲ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်လာရင်ဦးစားပေးတဲ့ထိပ်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံပါ ၁၉၀၆ ခုနှစ် ရုရှားနိုင်ငံကနေ လွတ်လပ်ရေးမရခင်မှာတောင် ဖင်လန်ဟာ အမျိုးသမီးတွေအားလုံးကို မဲပေးခွင့်၊ ရွေးကောက်ပွဲကိုကျင်းပခွင့်ပေးတဲ့ ကမ္ဘာမှာပထမဆုံးသော နယ်မြေတစ်ခုဖြစ်လာခဲ့တာပါ။  လက်ရှိ ဖင်လန်နိုင်ငံရဲ့ဝန်ကြီးချုပ်ကလည်း အသက်၃၄နှစ်သာရှိသေးတဲ့ ဆန်နာမာရင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အစိုးရအဖွဲ့ထဲမှာ အသက်အငယ်ဆုံးခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ အမျိုးသမီးအခွင့်အရေးကို ဦးစားပေးလွန်းတဲ့ ဖင်လန်နိုင်ငံမှာတောင် လက်ရှိ နည်းပညာကုမ္ပဏီတွေနဲ့ ထိပ်သီးဘုတ်အစည်းအဝေးတွေမှာ အမျိုးသမီးဦးရေနည်းနေတုန်းပဲလို့လည်း သိရှိရပါတယ်။

လင်းလင်း (ShweMom)

SHARE