
ဓာတ်ပုံရိုက်တယ်ဆိုတာကလည်း အနုပညာတစ်ုပါပဲ။ DSLR ကင်မရာလေးတစ်လုံးကိုင်၊ Shutter ခလုတ်လေးနှိပ်၊ နောက်ခံ background ကို မှုန်ဝါးဝါးလေးလုပ်တတ်တာနဲ့ photographer မဖြစ်ပါဘူး။ ဓာတ်ပုံတစ်ပုံ ရိုက်တယ်ဆိုတာ ကိုယ်ပြချင်တဲ့ အနုပညာတစ်ခုကို အချိန်နေရာအကိုက် မှတ်တမ်းတင်လိုက်နိုင်တာပါ။ အခုပြောပြချင်တဲ့ Photographer လေးကတော့ ဓာတ်ပုံပညာမှာ တော်တော်လေး ပါရမီပါလာတဲ့ photographer တစ်ယောက်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ Photographer ကောင်လေးဟာ မကြာသေးခင်အချိန်ကပဲ ကမ္ဘာ့အတော်ဆုံး Macro photographer ဆုကို ပူပူနွေးနွေးရရှိထားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ကြောင်း Dailynewshungary သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါကောင်လေးကတော့ Tamás Koncz-Bisztricz လို့ အမည်ရတဲ့ အသက် ၁၆ နှစ်အရွယ် Hungary နိုင်ငံသား ဓာတ်ပုံဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်။ Tamás ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း Best young bird photographer ဆုကို ရရှိခဲ့ပြီး ဒီ ၂၀၂၀ ခုနှစ်မှာဆိုရင်လည်း The World’s Best Macro Photographer ဆုကို ထပ်မံရရှိခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ Macro photography ဆိုတာ တော်တော်လေးကို ရိုက်ရခက်တဲ့ ဓာတ်ပုံပညာရပ်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဘာကြေင့်လဲဆိုတော့ ပုံတစ်ပုံကို လုံးဝအနုစိတ်ရိုက်ရတဲ့ ဓာတ်ပုံပညာတစ်ခုပါပဲ။ ဥပမာ- ကြိုးကြာငှက်တစ်ကေင် ရေထဲကနေ ပျံတက်သွားတဲ့ အချိန်မျိုးဆိုရင် တောင်ပံ တဖျတ်ဖျတ်ရိုက်နေပြီး ရေစက်ရေမှုန်လေးတွေ လွင့်သွားတဲ့ပုံမျိုးတွေ၊ အင်းဆက်သတ္တဝါတစ်ကောင်ကောင်ကို အနီးကပ် သေသေချာချာ အသေးစိတ်ရိုက်ရတဲ့ ပုံမျိုးတွေကို ပြောတာပဲ ဖြစ်ပါတယ်။
အမှန်တစ်ကယ်တော့ Tamás တစ်ယောက် ဆုရသွားတာ တော်တော်လေးကို ကံကောင်းတာလည်း ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပြိုင်ပွဲဝင် ဒိုင်တွေဟာ Final မှာ ဓာတ်ပုံဆရာတော်တော်များများရဲ့ ပုံတိုင်းက တော်တော်လေးကို ကောင်းလွန်းနေတာကြောင့် ရွေးချယ်ရခက်နေပြီး နောက်ဆုံးမှာမှ Tamás ရဲ့ ဓာတ်ပုံကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော့်အတွက်တော့ တော်တော်လေးကို စိတ်ဓာတ်ခွန်အား ဖြစ်စေမိပါတယ်။ နောက်ကျရင်လည်း ဒီထက်ကောင်းတဲ့ လက်ရာတွေကို ချပြနိုင်အောင် သေသေချာချာ ကြိုးစားပါမယ်”လို့ Tamás က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw