Tiktok ကနေ သိပ္ပံနဲ့သင်္ချာဘာသာရပ်တွေ ပို့ချနေတဲ့ အသက်(၁၆)နှစ်အရွယ် ကောင်လေး

[email protected] Loveraz

အသက် ၁၆ နှစ်ပဲရှိသေးတဲ့ ၁၀ ကျော်သက်တစ်ယောက်ဟာ သိပ္ပံပညာနဲ့ သင်္ချာဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေကို ပြန်လည်ပို့ချပေးတယ်ဆိုတာ ရုတ်တရက်စဉ်းစားကြည့်ရင် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ လူတစ်ယောက်က အခြားသူတစ်ယောကို ပညာရပ်တွေ သင်ကြားပို့ချဖို့ဆိုတာ အဲဒီလူကိုယ်တိုင်က ကိုယ်သင်ပေးမယ့်စာတွေကို ထုံးလိုမွှေရေလိုနှောက်နေမှ ရတာပါ။

Alexis Loveraz

ဒါကို အခက်အခဲမရှိပဲ လုပ်ပြသွားနိုင်တဲ့သူကတော့ အသက် ၁၆ နှစ်ပဲရှိသေးတဲ့ Alexis Loveraz ဆိုတဲ့ ကောင်လေးပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ New York မြို့မှာ နေထိုင်တဲ့ Alexis ဟာ Tiktok ကနေပြီးတော့ သိပ္ပံနဲ့ သင်္ချာဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေကို ပို့ချနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

@alexis_loverazGoing over GEOMETRY PROOFS!!! This is my 4th proof video, comment for any topics! ##geometry ##proofs ##democracyprep ##onlineschool ##edutok ##corona ##math♬ original sound – alexis_loveraz

Alexis တစ်ယောက် ဒီလို သင်ခန်းစာတွေကို စတင်ပို့ချပေးနေတာကတော့ ၂၀၂၀ ဖေဖော်ဝါရီလလယ်လောက်ကတည်းက ဖြစ်ပါတယ်။ လက်ရှိမှာတော့ Alexis ဟာ Tiktok ကနေပြီးတော့ သင်ခန်းစာတွေကို ပို့ချနေပေမယ့် နောက်ပိုင်းကျရင် Youtube, Google Class, Facebook အစရှိတဲ့ ဆိုရှယ်မီဒီယာတွေကနေပါ စာတွေသင်ကြားပို့ချတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

READ
မီးဖွားချိန်မမှီတာကြောင့် သမီးကလေးမွေးလာတာကို ဖုန်းထဲကနေသာ ကြည့်ရှုခဲ့ရတဲ့အမျိုးသား
Alexis Loveraz

ဒါ့အပြင် Alexis ဟာ Harlem Prep High School ကနေ သင်္ချာအမှတ်ကို 4.0 grade point နဲ့ ရယူနိုင်ခဲ့တဲ့ သင်္ချာဥာဏ်ကြီးရှင်တစ်ယောက်လည်းဖြစ်ပါသေးတယ်။ Tiktok မှာတော့ လက်ရှိအချိန်ထိ Follower 600k ရှိနေပြီး လူတော်တော်များများကတော့ သူသင်ပေးတဲ့ သင်ခန်းစာတွေဟာ မှတ်ရလွယ်ပြီး တကယ်အသုံးဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ Alexis ရဲ့ Follower အများစုကတော့ US, Canada, Austrilla, Phillippines နိုင်ငံတွေက ကျောင်းသားတွေပဲ ဖြစ်ပါတယ်။

 

@alexis_loverazDoing SAT Math Problems, will be doing basic to complex problems! Stay tuned for more! ##sat ##college ##1600 ##democracyprep ##algebra2 ##fyp♬ original sound – alexis_loveraz

 

@alexis_loverazGoing over a Geometry NYS REGENTS Problems! ##geometry ##algebra2 ##algebra1 ##democarcyprep ##sat ##regents♬ original sound – alexis_loveraz

 

READ
မိဘတွေကို ကျေးဇူးဆပ်ချင်တဲ့ သားလိမ္မာ​ ဆန္ဒပြည့်တဲ့နေ့

Pyi Hein Kyaw

SHARE