အငြင်းပွားစရာဖြစ်လာနေတဲ့ (၁၆) နှစ်အရွယ် အီသိုယိုပီးယားအပြေးမယ်လေးရဲ့ ရုပ်ရည်

အီသီယိုးပီးယားက အပြေးမယ်လေးတစ်ဦးဟာ သူမပြိုင်ပွဲဝင်နေတုန်း ရိုက်ကူးထားတဲ့ လျှပ်တပြက်ဓာတ်ပုံရိုက်ချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ အင်တာနက်အသုံးပြုသူတွေရဲ့  လှောင်ပြောင်ရယ်မောဖို့အတွက် သားကောင်တစ်ယောက် ဖြစ်ခဲ့ရပါတယ်။ လူတွေဟာ သူမရဲ့ရုပ်ဆင်းသွင်ပြင်ကို ကြည့်ပြီး (၁၆) နှစ်သမီးဆိုတာကို ဘယ်သူမှယုံမှာမဟုတ်ဘူးလို့ ဆိုနေကြပါတယ်။

archive.4plebs.org

 

(၁၆) နှစ်အရွယ် Girmawit Gabrzihair ဟာ အီသီယိုးပီးယားကို ကိုယ်စားပြုကာ Finland နိုင်ငံ၊ Tampere မှာ ပြုလုပ်တဲ့ အသက်(၂၀)အောက် မီတာ (၅၀၀၀) အပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအပြီးမှာတော့ သူ့နိုင်ငံအတွက် အကျိုးပြု တာဝန်ကျေပြွန်ခဲ့တဲ့ အပြေးမယ်လေးတစ်ဦးပါ။

Erik van Leeuwen

Girmawit ဟာ မီတာ (၅,၀၀၀) အပြေးပြိုင်ပွဲမှာ တတိယဆုအနေနဲ့ ကြေးတံဆိပ် ဆွတ်ခူးရရှိခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ ဒုတိယဆုကို အီသီယိုးပီးယားက နောက်ထပ်အပြေးသမားတစ်ဦးဖြစ်တဲ့ Ejgayehu Taye ဟာ ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုကိုတော့ ကင်ညာနိုင်ငံက Beatrice Chebet က ရရှိသွားခဲ့ပါတယ်။

READ
ဆေးရုံတက်ရတဲ့အထိ အမှုကြီးခဲ့တဲ့ ရတနာဆိုင်က အိုင်းရစ်လူမျိုး စိန်လက်စွပ်သူခိုး
NDLYSS

Girmawit ရဲ့မွေးသက္ကရာဇ်ဟာ နိုဝင်ဘာ (၂၁)၊ ၂၀၀၁ လို့ စာရင်းသွင်းထားပေမယ့် အင်တာနက်အသုံးပြုသူတွေကတော့ သူမပုံတွေကို ကြည့်ရတာ (၁၆) နှစ်သမီးရဲ့ ရုပ်ရည်ထက် ပိုပြီး အိုမင်းနေတာကြောင့် အခုလိုစာရင်းသွင်းထားတာဟာ မှန်ကန်ကြောင်း သက်သေရှိသလားဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။

 

ပိုဆိုးတာက Girmawit တို့ အပြေးသမားလောကထဲက လူကတောင် သူမကို တိုက်ခိုက်နေတာပါ။ စပိန်အပြေးသမားတစ်ယောက်ဖြစ်တဲ့ အသက် (၂၄) နှစ်အရွယ် Oscar Husillos က “World U20 Championships မှာ သူဝင်ပြိုင်နေတုန်း သူ့ကလေးနဲ့ မြေးလေးတွေက စင်ပေါ်ကနေ အားပေးနေလေရဲ့” ဆိုပြီး လှောင်ပြောင်ကာ Twitter မှာ တင်ထားပါတယ်။

READ
လူမြင်ကွင်းမှာ ပြန်လည်ပေါ်ထွက်လာတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဇနီး

 

သူ့ရဲ့  လူသားချင်း စာနာမှုမရှိတဲ့ စကားလုံးတွေက အစပြုလို့ အွန်လိုင်းပေါ်က လူတွေကြားမှာ Girmawit ဟာ ပြောစရာဖြစ်လာတာပါ။ ဒီထဲမှာတင် Girmawit ကို လှောင်ပြောင်သူနဲ့ လှောင်ပြောင်သူတွေကို ရှုံ့ချသူ ဆိုပြီး နှစ်ပိုင်းထပ်ကွဲသွားခဲ့ပါသေးတယ်။ တချို့လှောင်ပြောင်သူတွေဆိုရင် အရင်ကထက်ပိုဆိုးလာပါတယ်။ Girmawit ရဲ့ ပုံကို သူမနဲ့ရွယ်တူ အခြား(၁၆) နှစ်သမီးလေးတွေရဲ့ ငယ်ရွယ်နုဖတ်လှပနေတဲ့ ဓာတ်ပုံတွေနဲ့ပါ ယှဉ်တွဲပြီး ရှုံ့ချလာတဲ့အထိပါပဲ။

Source: The Daily Net

Penny

 

SHARE